နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘောလခဲမြို့ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ

 

 ဌာနဆိုင်ရာများအနေဖြင့်  နိုင်ငံအပေါ်သစ္စာရှိစွာဖြင့်  ဒေသတိုးတက်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး         ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူး ကြီး   စိုးဝင်းသည်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  တာဝန်ရှိသူများလိုက်ပါ ၍  ယနေ့တွင် ဘောလခဲမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့မိမြို့ဖများအား နယ်မြေခံတပ်ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 


 သစ္စာရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်


ထိုသို့      တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ၁ နှစ်ကို  အခက်အခဲများစွာဖြင့် ကျော်လွှားခဲ့ရကြောင်း၊ အချို့သောဝန်ထမ်းများသည် နိုင်ငံ၏မျက်နှာကိုမကြည့်ဘဲ CDM လုပ်ဆောင်ခဲ့၍ ဆူပူအကြမ်းဖက်မှုကို    မလိုလားသည့်   ဝန်ထမ်း ကောင်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ပြည်တွင်း/ ပြည်ပ ဖိအားမျိုးစုံကို ကြုံတွေ့ခဲ့ရသော် လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင် အောင် ဖြတ်သန်းခဲ့ကြောင်း၊ ကြီးမားသော စိန်ခေါ်မှု အဖြစ်    ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊  ထိန်းချုပ်၊ ကုသမှုပင်ဖြစ်ကြောင်း၊ နိုင်ငံအချို့နှင့် INGO အဖွဲ့ အချို့အနေဖြင့်   မိမိတို့နိုင်ငံအား   ကိုဗစ်-၁၉ ရောဂါ အပေါ် လက်မြှောက်အရှုံးပေးရတော့မည်၊ ကျရှုံးသွား ရတော့မည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း၊ နိုင်ငံတော် အနေဖြင့်  နိုင်ငံတော်ကို သစ္စာရှိသည့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာမှ ဌာနဆိုင်ရာ များ၏ သစ္စာရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ များ၏ ပါဝင်မှုတို့ဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အကောင်းဆုံးအချိန်တိုအတွင်း ကျော်ဖြတ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်      တနင်္လာနေ့တိုင်းတွင် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ ဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန် ရေးကော်မတီကလည်း  နေ့စဉ်နီးပါး  ပြည်နယ်နှင့် တိုင်းဒေသကြီး အရေးပေါ်ထိန်းချုပ် တုံ့ပြန်ရေးအဖွဲ့ များဖြင့်  လည်းကောင်း၊  ဆွေးနွေးညှိနှိုင်းအဖြေရှာ ဖော်ထုတ်၍     ကြိုးပမ်းခဲ့ရကြောင်း၊    ပထမလှိုင်း နှင့်  ဒုတိယလှိုင်းတို့တွင်  ကာကွယ်ဆေးထိုးမှုနှင့် ပတ်သက်သည့် စာရင်းဇယားအားနည်းမှုများ ရှိခဲ့ သော်လည်း ယခုအခါ တစ်နိုင်ငံလုံးတွင်  စနစ်တကျ မှတ်တမ်းများထားရှိနိုင်၍ Webportal တွင် VMIS Program   ကိုပင်      တင်ထားနိုင်ပြီဖြစ်ကြောင်း၊ တတိယလှိုင်းကာလအတွင်း အောက်ဆီဂျင်လိုအပ် ချက် ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး မသမာသူစီးပွားရေး သမားအချို့အနေဖြင့် မတော်လောဘဖြင့် အောက်ဆီ ဂျင် လိုအပ်ချက်အပေါ် ကိုယ်ကျိုးစီးပွားရှာခဲ့မှုတို့ကို လည်း     တွေ့ရကြောင်း၊    နိုင်ငံတော်အနေဖြင့် အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆေးပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ကုသဆေးများကို အချိန်မီရရှိအောင်ဆောင်ရွက်ခြင်း တို့ဖြင့်   အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သဖြင့်   နိုင်ငံ တကာနှင့် INGO များကပင် အံ့ဩမှင်တက်ကြရသည် အထိ   ဖြစ်ခဲ့ရကြောင်း၊   ထို့ပြင်  အစိုးရရပ်တည်မှု မရနိုင်ရန်   ပြည်ပဩဇာခံများက ပြည်ပနိုင်ငံကြီး အချို့နှင့် ပူးပေါင်းကာ ဘဏ်စနစ်ပြိုလဲပြီး စီးပွားရေး ယိုင်လဲရန်   ဆောင်ရွက်ခဲ့သော်လည်း  ကြံ့ကြံ့ခံ၍ ဖြတ်ကျော်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းဖြစ်ကို   အားပေးရန်မူဝါဒအရ   ပြည်ပ သွင်းကုန်အချို့အား ကန့်သတ်၍ ပြည်တွင်းထုတ်ကုန် လုပ်ငန်းများကို အားပေးခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ပထမခြောက်လပတ် မီနီဘတ်ဂျက်တွင် ကုန်သွယ် ရေးပိုငွေ  ပြမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံ များနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး   ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ပို့ကုန်များ စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေ ဖြင့်  နိုင်ငံအပေါ်သစ္စာရှိစွာဖြင့်  ဒေသတိုးတက်ရေး အတွက်    ညှိနှိုင်းပူးပေါင်း    ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။ 

 


ပေါင်းစပ်ညှိနှိုင်း


ထို့နောက် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ၏ သက်ဆိုင်ရာကဏ္ဍအလိုက်   တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက    လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်