
မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နေပြည်တော် စက်တင်ဘာ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games- 2021 ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော် လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ညပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Shere-metyevo လေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦး၊ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်
ခဲ့ကြပြီး ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ဆက်လက်ထွက်ခွာ ခဲ့ကြသည်။
လှူဖွယ်ပစ္စည်းများ လှူဒါန်း
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များသည် မော်စကို မြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်း၌ သီတင်းသုံးနေသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ က၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရနှင့် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယတို့အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် သီတဂူဆရာတော်ကြီးထံ ဗုဒ္ဓ သာသနာ ထွန်းကားပြန့်ပွားရေး ဆိုင်ရာများ မေးမြန်းလျှောက်ထား ပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
နေ့ဆွမ်းဆက်ကပ်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် သီတဂူဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်