
း ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ ငါး၊ ပုစွန် (တန် ၁၀၀၀) အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှု၊ ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးအား ဖူးမြော်ကြည်ညို
နေပြည်တော် မေ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ ငါး၊ ပုစွန် (တန် ၁၀၀၀) အအေးခန်းစက်ရုံကို သွားရောက် ကြည့်ရှုသည်။
ထုပ်ပိုးထားမှုအဆင့်ဆင့်ကို ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် စက်ရုံသို့ရောက်ရှိကြပြီး ခင်းကျင်း ပြသထားသည့် GAqP (Good Aquaculture Practices) လုပ်ငန်းစဉ်အတိုင်း ထုတ်လုပ်ထားသည့် ငါး၊ ပုစွန်များထုပ်ပိုးထားမှုအဆင့်ဆင့်ကို ကြည့်ရှု ကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စက်ရုံဧည့်ခန်းမဆောင်၌ စက်ရုံ အုပ်ချုပ်မှုဒါရိုက်တာ ဦးလှသန်းက ကုမ္ပဏီမှ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ခေတ်မီရေငန် ပုစွန်များ မွေးမြူထားရှိမှု၊ အအေးခန်းစက်ရုံ ကုန်ပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်များကိုလည်း ကောင်း၊ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ဦးစိုးဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် နှင့်အညီ မြိတ်မြို့ နိုင်ငံတကာအဆင့်မီ ပထမဆုံး သော အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှု ဇုန်စီမံကိန်းကိုလည်းကောင်း ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး လုပ်ငန်းလိုအပ်ချက်များ နှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
လိုက်လံကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကိုယ်ထူကိုယ်ထ သင်္ဘောလွန်းကျင်းလုပ်ငန်းခွင်၊ ငါး၊ ပုစွန်များ မွေးမြူထားရှိသည့် ကန်များကို မော်တော်ယာဉ် များဖြင့် လိုက်လံကြည့်ရှုကြသည်။
နိုင်ငံခြားဝင်ငွေရရှိ
အဆိုပါ (တန် ၁၀၀၀) အအေးခန်းစက်ရုံသည် မြိတ်မြို့အနီး ပထော်-ပထက်ကျွန်း၌ ရေထွက်ပစ္စည်း များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချရန်၊ ရရှိလာသည့် ရေထွက် ကုန်ကြမ်းပစ္စည်းများ လေလွင့်ဆုံးရှုံးမှု နည်းပါးစေ ရန်၊ နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေရရှိမှု ပိုမိုတိုးတက် လာစေရန်၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ လူသားအရင်းအမြစ် များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်သို့ အခွန်ငွေများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပေးသွင်း ထမ်းဆောင်နိုင်စေရန်၊ ဒေသခံတိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ပိုမို တိုးတက်ကောင်းမွန်လာစေပြီး လုံခြုံစိတ်ချသော လူမှုဘဝကို ပိုင်ဆိုင်နိုင်စေရန် စသည့် ရည်ရွယ်ချက် များနှင့်အညီ ၁၉၉၈ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ရေထွက်ပစ္စည်းများကို အရည်အသွေး၊ အရွယ်အစား ရွေးချယ်စစ်ဆေးခြင်း၊ ဝယ်ယူပြီး ဆေးကြောသန့်စင် ခြင်း၊ စနစ်တကျထုပ်ပိုးခြင်း၊ အေးခဲတုံးများပြုလုပ် ခြင်း၊ အအေးခန်းများအတွင်းသို့ သိုလှောင်ခြင်းများ ကို အဆင့်ဆင့် ပြုလုပ်ရောင်းချလျက်ရှိသည့်အပြင် မြိတ်ဒေသတစ်ခုလုံးရှိ ငါးဖမ်းစက်လှေ ၁၈၀၀ နီးပါး တို့၏ ဖမ်းဆီးရမိ ငါး/ ပုစွန်များကိုလည်း ဝယ်ယူပေး လျက်ရှိကြောင်း၊ ဂျပန်၊ အမေရိကန်၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသော ပြည်ပ နိုင်ငံများသို့လည်း အမှာစာများအတိုင်း GAqP လုပ်ငန်းစဉ်နှင့်အညီ သတ်မှတ်စံချိန်စံညွှန်းအတိုင်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နှစ်စဉ် ရေငန် ငါးမျိုးစုံ တန် ၁၀၀၀ ခန့်၊ ပုစွန်တန် ၆၀၀ ခန့်၊ ကဏန်းပျော့တန် ၂၉၀ ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံတော်အတွက်လည်း တာဝန်ကျေပွန်စွာ သတ်မှတ်အခွန်နှုန်းထားများ အတိုင်း ပေးသွင်းလျက်ရှိသည့် နိုင်ငံ့အခွန်ထမ်း ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။
ဖူးမြော်ကြည်ညို
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ပထက်တောင် အတုလရံသီရွှေသာလျောင်း ဘုရားကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ပူဇော်ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ် လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင်များက လက်ခံ ရယူကြပြီး ဘုရားကြီး၏ပုံတော်အား ဓမ္မလက်ဆောင် အဖြစ် ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် ဘုရားကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်