နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု  ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများအား

 

 

နေပြည်တော်  မေ  ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းသည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်   ဦးမောင်းဟာ၊   စောဒန်နီယယ်၊   ဒေါက်တာ ဗညားအောင်မိုး၊ တနင်္သာရီတိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး   မိုးအောင်၊   ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး  အောင်စိုး၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများ၊   ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်   တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊  တာဝန်ရှိသူများ   လိုက်ပါ၍   ယနေ့မွန်းလွဲပိုင်းတွင်  ဘုတ်ပြင်းမြို့နယ်အတွင်းရှိ တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုသည်။ 
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်  အဖွဲ့ဝင် များသည်  တောင်ဒဂုံ   ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း သို့ရောက်ရှိကြပြီး ခင်းကျင်းပြသထားသည့် ဆီအုန်း များ  ကြိတ်ခွဲထားရှိမှု  အဆင့်ဆင့်အား  ကြည့်ရှုကြ သည်။
ဆီဖူလုံမှုရှိနိုင်မည်
ထို့နောက်   ရိပ်သာဧည့်ခန်းမဆောင်၌   စက်ရုံ စီမံကိန်းဒါရိုက်တာ  ဦးမောင်မောင်လတ်က  စက်ရုံ စီမံကိန်း  လျာထားချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊  ဆီအုန်းစိုက်ပျိုးထုတ်လုပ်နေမှု စသည်တို့အား    ရှင်းလင်းတင်ပြရာ     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး ဆီအုန်းစိုက်ပျိုးရာတွင် မျိုးရွေးချယ်မှု၌ မျိုးကွဲများစွာ အသုံးပြုခြင်းထက်   အရည်အသွေးမြင့်မားသော မျိုးသန့်ကိုသာ ရွေးချယ်ဆောင်ရွက်သင့်သည့် အခြေ အနေများ၊ မျိုးရွေးချယ်မှုတွင် ဒေသ ရေ၊  မြေနှင့် ကိုက်ညီမှုတို့ကို ဦးစားပေးရွေးချယ်သင့်သည့် အခြေ အနေများ၊ စိုက်ပျိုးမှုမြင့်မားလာသည်နှင့်အမျှ SME အဆင့်    တစ်နိုင်တစ်ပိုင်    ဆီအုန်းစက်ရုံငယ်များ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသ   ဖွံ့ဖြိုးမှုတိုးတက်လာမည့်   အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီးကို ဆီအုန်းစိုက်ပျိုး၍ နိုင်ငံတော်၏ ဆီအိုးကြီးဖြစ်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊  ဒေသတွင်း   ဆီချောထုတ်လုပ်နိုင်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း     ဆီဖူလုံမှုရှိနိုင်မည်ဖြစ်၍ လိုအပ်သော အခြေခံအဆောက်အဦများ ဆောင်ရွက် နိုင်မည့်အခြေအနေများအား  ဆွေးနွေးပြောကြား သည်။
ရှင်းလင်းပြသ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည်  တောင်ဒဂုံ  ဆီအုန်းဆီကြမ်းစက်ရုံအတွင်း  ဆီသီးအလေးချိန် ချိန်တွယ်ခြင်း၊ ဆီသီးအရည်အသွေး စစ်ဆေးခြင်း၊ ဆီသီးပေါင်းခံခြင်း၊ ဆီသီးကြိတ်ခွဲခြင်း၊ ဆီကြမ်း(C.P.O)  ထုတ်လုပ်ခြင်း    စသည့်ဆီကြမ်း ထုတ်လုပ်ပုံ အဆင့်ဆင့်တို့အား   လိုက်လံကြည့်ရှုရာ စက်ရုံစီမံကိန်းဒါရိုက်တာ က လိုက်လံရှင်းလင်းပြသ သည်။
အဆိုပါ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်း သည် ၁၉၉၅ ခုနှစ် မေလ ၁၅  ရက်နေ့မှစ၍ စတင် အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်  ပြည်ပမှ  စားသုံးဆီ တင်သွင်းမှုလျှော့ချနိုင်ရေး၊  ဒေသတွင်း၌  အလုပ် အကိုင်အခွင့်အလမ်းများ   ဖန်တီးပေးနိုင်ပြီး    ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊  သဘာဝပတ်ဝန်းကျင် မထိခိုက် စေဘဲ   ရေရှည်တည်တံ့ခိုင်မြဲသော  စိုက်ပျိုးရေးစနစ် ထူထောင်ရေးစသည့်       ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
ရပ်မိရပ်ဖများ၊  ဌာနဆိုင်ရာများအား တွေ့ဆုံ
ထို့ပြင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်   အဖွဲ့ဝင် များသည် ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊  ဌာန ဆိုင်ရာများအား တပ်နယ်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ လိုအပ်သည်များ  မှာကြားပြီး တင်ပြချက်များအပေါ်    လိုအပ်သည်များ    ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ   ယနေ့နံနက်ပိုင်းက    ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ်လိုက်ပါလာကြသည့်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည်  ဘုတ်ပြင်းနှင့် ကျွန်းစု မြို့နယ်တို့ရှိ ဌာနဆိုင်ရာများနှင့်  တွေ့ဆုံ၍  ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ နှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖြည့်ဆည်းမှုများ ဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီးများအနေဖြင့်လည်း ၎င်းတို့ဝန်ကြီးဌာနအောက်ရှိ   သက်ဆိုင်ရာ   ဌာန အသီးသီးသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ    လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍    လိုအပ်သည်များ   ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်