နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ရေးပစ္စည

နေပြည်တော်   ဖေဖော်ဝါရီ   ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည်  အဖွဲ့ဝင်များ၊   ကယားပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင်  လွိုင်ကော်မြို့ရှိ မြို့နာမ် ရွှေစေတီတော်အား  သွားရောက်ဖူးမြော် ကြည်ညိုသည်။


ဖူးမြော်ကြည်ညို


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စေတီတော် အား ပန်း၊ ရေချမ်း၊  ဆီမီးများ ကပ်လှူ ပူဇော်ကြပြီး စေတီတော်အား လက်ယာရစ်  လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော် ဧည့်သည်တော်မှတ်တမ်း     စာအုပ်တွင် လက်မှတ်ရေးထိုးကာ    အလှူငွေများ ပေးအပ်လှူဒါန်းသည်။


အဆိုပါ  မြို့နာမ်ရွှေစေတီတော်ကို ကုန်းဘောင်ခေတ်၊    မြန်မာသက္ကရာဇ် ၁၂၀၀     ပြည့်နှစ်တွင်     အလောင်းမင်း တရားကြီး ယိုးဒယားပြည် အယုဒ္ဓယမြို့ သို့    စစ်ချီရာလမ်းတစ်လျှောက်၌    သဲပုံ စေတီများ တည်ထားကိုးကွယ်ခဲ့ရာ ယခင် ကန္တရဝတီနယ်၊ ယခုကယားပြည်နယ်၏ မြို့တော် ယခင်သီရိဒေါရွာဦးထိပ်နေရာ ဖြစ်သော  ယခု  စေတီတော်နေရာတွင် အောင်မြေနင်း၍  အောင်မြေစေတီတော် အဖြစ်   တည်ထားကိုးကွယ်ခဲ့ကြောင်း၊ သီရိဒေါရွာတည်စဉ်က ရွာနာမ်စေတီဟု ခေါ်ခဲ့သော်လည်း သီရိဒေါရွာမှ လွိုင်ကော် မြို့အဖြစ်    တိုးတက်ပြောင်းလဲလာခဲ့ရာ အဆိုပါစေတီအား  မြို့နာမ်ရွှေစေတီတော် အဖြစ်   ပြောင်းလဲကိုးကွယ်ခဲ့ကြောင်း သိရသည်။


ဆက်ကပ်လှူဒါန်း


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်   အဖွဲ့ဝင်များ သည်  လွိုင်ကော်မြို့ရှိ  ဥတ္တရာရုံကျောင်း တိုက်သို့  သွားရောက်၍  သီရိမင်္ဂလာပုံ (ဟော်ကြီး)ကျောင်း ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  ပြည်နယ်  ဩဝါဒ ဆရာတော်  ဘဒ္ဒန္တစန္ဒိမာ အမှူးပြုသော    သံဃာတော်များအား   ဖူးမြော်ကြည်ညို ပြီး   ငါးပါးသီလ  ခံယူဆောက်တည်ကြ သည်။


ထို့နောက်  ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး    သာသနာရေးဆိုင်ရာ ကိစ္စရပ်များ    တင်ပြလျှောက်ထားကာ ဆရာတော်များထံမှ    ဆုံးမဩဝါဒများ နာယူခဲ့သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်    အဖွဲ့ဝင်များ သည် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် အကြမ်းဖက်သမားများ ၏   နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ခေတ္တတိမ်းရှောင်ရာမှ နေရပ်သို့ ပြန်လည် ထွက်ခွာကြမည့် ဖရူဆိုမြို့  ငွေတောင်ရွာ သစ်ကျေးရွာ၊ မှုံပြာကျေးရွာနှင့် လွိုင်ကော် မြို့ပေါ်ရပ်ကွက်များမှ     တိုက်ပွဲရှောင် ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ပေးအပ်သည့် အဝတ်အထည်များ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။      

                    
   သတင်းစဉ်