နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်  ဖေဖော်ဝါရီ   ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ခရီးစဉ်တွင်  လိုက်ပါလာသည့်  အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊      အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊     တာဝန်ရှိသူများနှင့်အတူ  ကယားပြည်နယ်ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်း တွင်  လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌  တွေ့ဆုံအမှာ စကားပြောကြားသည်။

 


အထင်အမြင်လွဲမှား


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းက  အမှာစကားပြောကြားရာတွင်   ၂၀၂၀    ပြည့်နှစ်      အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု  ၁၀ ဒသမ ၄ သန်းကျော်ဖြစ်ပေါ်ခဲ့မှုအပေါ် ရှင်းလင်းဆောင်ရွက် ပေးရန်   အကြိမ်ကြိမ်   တင်ပြတောင်းဆိုခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်၊ ကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီတို့မှ  တုံ့ပြန်ဖြေရှင်းချက်   တစ်စုံတစ်ရာမရှိသည့်အပြင် ဖေဖော်ဝါရီ ၁ ရက်တွင် မဲမသမာမှု ၁၀ ဒသမ ၄ သန်း ကျော်ဖြင့် အနိုင်ရ NLD ပါတီက လွှတ်တော်အသစ် စတင်ရန်    ဆောင်ရွက်လာခြင်းမှာ   ရိုးသားမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင်   အစိုးရအဖွဲ့များ ဖွဲ့စည်းရန် ဆောင်ရွက်လာခဲ့သည်မှာ တစ်နည်းအား ဖြင့်    နိုင်ငံတော်အာဏာကို   မတရားရယူရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊  ထို့ကြောင့်လည်း ရိုးသားမှန်ကန်ပြီး      ပွင့်လင်းမြင်သာမှုရှိသည့် လွှတ်တော်၊  အစိုးရဖြစ်စေရန်နှင့်  မရိုးမဖြောင့်မှုကို ဖြေရှင်းရန်အတွက်  တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၇ ၊ ၄၁၈ နှင့် ၄၁၉ တို့အရ      နိုင်ငံတော်တာဝန်ကို    မဖြစ်မနေ ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊  ဥပဒေအရ အာဏာ ထိန်းသိမ်းမှုအပေါ်   နိုင်ငံရေးကို   ကိုယ်ကျိုးအဖြစ် အသုံးချလိုသူများနှင့် ပြည်တွင်းရေးအပေါ် အနိုင် ကျင့်စွက်ဖက်လိုသော   နိုင်ငံကြီးအချို့၏   သွေးထိုး မြှောက်ပင့်မှုများကြောင့်     အာဏာသိမ်းမှုအဖြစ် နားလည်မှုလွဲမှားကာ ပြည်တွင်း ပြည်ပ  နိုင်ငံသား အများစုတို့က အထင်အမြင်လွဲမှားခဲ့ရကြောင်း။

 


ဖေဖော်ဝါရီလ ပထမပတ်အတွင်း  ငြိမ်းချမ်းစွာ ဆန္ဒပြမှု Peaceful Protect အဖြစ်  ဆန္ဒပြခဲ့သော် လည်း နောက်ပိုင်းတွင် ဆူပူမှုအသွင် Riot အဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း၊    လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်     ဥပဒေနှင့်အညီ     အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အားတို့ဖြင့်    ထိန်းသိမ်းခဲ့သည်ကို အခွင့်ကောင်းယူ၍ မင်းမဲ့စရိုက်ဆန်သည့် Anorchy mob၊ ၎င်းမှ ပုန်ကန်သောင်းကျန်းမှု Insurrection၊ ယင်းမှ အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက် တိုက်ခိုက်ခြင်း(Terrorism) အသွင်သို့ ကူးပြောင်းလာ ခဲ့ကြောင်း၊ ဝန်ထမ်းအချို့သည်လည်း  ယုံမှားသံသယ စိတ်နှင့်  ခြိမ်းခြောက်ဖိအားပေးမှုများကြောင့် CDM လှုပ်ရှားမှုတွင်  ပါဝင်ခဲ့ကြောင်း၊   အလားတူ  ပြည်ပ နိုင်ငံကြီးအချို့ကလည်း  နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေး  ပိတ်ဆို့မှုများ   ဆောင်ရွက်ခဲ့ကြောင်း၊ ဘက်ပေါင်းစုံမှ အခက်အခဲများဖြင့် ၁ နှစ်တာကာလ ကို    ဝန်ထမ်းကောင်းများ၏    စုပေါင်းညီညာ အောင်ကြောင်းဖြာစိတ်ဓာတ်ဖြင့်    ကြံ့ကြံ့ခံကာ   ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံချစ် စိတ်အား  အရင်းတည်ကာ  ဝန်ထမ်းဂုဏ်သိက္ခာဖြင့်   ရဲဝံ့စွာ ဆောင်ရွက်ခဲ့မှုအပေါ်အသိအမှတ်ပြု   ချီးကျူး ပါကြောင်း၊ CDM ဝင်ရောက်သူများ၏  လစ်ဟာသွား သည့် လုပ်ငန်းတာဝန်များအပေါ်   အားဖြည့်တာဝန် ထမ်းဆောင်ခဲ့မှုကိုလည်း မှတ်တမ်းတင်ပါကြောင်း။

 


 ရိုးသားမှုမရှိသောရွေးကောက်ပွဲ


တပ်မတော်မှ နိုင်ငံတော်အာဏာ  ထိန်းသိမ်းခဲ့ရ မှုနှင့် ပတ်သက်၍ အချို့သည်  ယနေ့တိုင်   အယူအဆ လွဲမှားမှုများ  ရှိနေဆဲဖြစ်ကြောင်း၊  ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ရသည့်  ဒီမိုကရေစီစနစ်တွင် အထွေထွေ ရွေးကောက်ပွဲသည်    အသက်တမျှအရေးကြီးပြီး လွတ်လပ်၍     တရားမျှတမှန်ကန်ရန်     မဖြစ်မနေ၊ မရှိမဖြစ်လိုကြောင်း၊ ၂၀၂၀  ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ  နိုင်ငံရေးပါတီများစွာမှ  မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုမှုများရှိခဲ့ကြောင်း၊ အာဏာရပါတီ အနေဖြင့် နိုင်ငံတော်အကြီးအကဲများကို ခန့်အပ် တာဝန်ပေးခဲ့သော်လည်း  ၂၀၁၇ ခုနှစ်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၆၄ ကို ချိုးဖောက် ကာ  နိုင်ငံတော်အဆင့်   အခွင့်အာဏာဖြင့်   ပါတီ ကိစ္စရပ်များလည်း   သိသိသာရော   မသိမသာသည် များပါ  ဆောင်ရွက်ခဲ့သည်ကို   တွေ့ရပါကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလများအတွင်း အခြားပါတီ များကို ကန့်သတ်ချက်များဖြင့်   မဲဆွယ်စေခြင်း၊  ရုပ်သံမှ ပါတီအသီးသီး၏   မူဝါဒများ   ရှင်းလင်းမှု အပေါ်တွင်လည်း   ယခင်   ၂၀၁၀  ပြည့်နှစ်၊    ၂၀၁၅ ခုနှစ်    ရွေးကောက်ပွဲများတွင်   မပြုလုပ်ခဲ့သည့် ဆင်ဆာဖြတ်တောက်မှုများ   ဆောင်ရွက်ခြင်းများ ရှိခဲ့ကြောင်း၊    မဲပေးရာတွင်   အငြင်းပွားဖွယ်ရာ ကြိုတင်မဲကိစ္စရပ်များအပြင် အချိန်ကျော်လွန်မဲပေး မှုများ ရှိခဲ့ကြောင်း၊ အချို့သော    ကိုယ်စားလှယ်အဖြစ်   ဝင်ရောက်ရွေးချယ်ခဲ့သည့်  ကိုယ်စားလှယ်များ အနေ ဖြင့် မိမိနှင့် မိမိ မိသားစုမှပေးသည့် ထောက်ခံမဲကိုပင် မရရှိသည်အထိ  မဲမသမာမှုများ   ရှုပ်ထွေးခဲ့ကြောင်း၊    အဆိုပါ မသင်္ကာဖွယ်ရာ  မဲရလဒ်များနှင့်    ပတ်သက် ၍  ရှင်းလင်းပေးရန်  တပ်မတော်နှင့် နိုင်ငံရေးပါတီ များက   တောင်းဆိုခဲ့သော်လည်း မရှင်းလင်းပေး ခဲ့ကြောင်း၊  ရိုးသားမှုမရှိသော   ရွေးကောက်ပွဲ၏ ရွေးချယ်မှုသည်   ရိုးသားဖြောင့်မတ်မှန်ကန်သည့် ကိုယ်စားလှယ်အား ရွေးချယ်နိုင်မည် မဟုတ်ကြောင်း၊ အဆိုပါ  ကိုယ်စားလှယ်များမှ နိုင်ငံအကြီးအကဲကို ရွေးချယ်ရမည်ဖြစ်၍ မှန်ကန်သည့်   ခေါင်းဆောင်ကို   ရွေးချယ်နိုင်မည် မဟုတ်ကြောင်း။

 


ထိုသို့  အခြေအနေများကြောင့်   တပ်မတော် အနေဖြင့်  ပုဒ်မ ၄၁၇၊ ၄၁၈ နှင့် ၄၁၉ တို့အရ အာဏာ ၃ ရပ်ကို ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်နည်း အားဖြင့်  စစ်မှန်သည့်  ဒီမိုကရေစီကို ခိုင်မာအောင် ထိန်းသိမ်းပေးခြင်းပင်ဖြစ်ကြောင်း၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို   ဖွဲ့စည်းခဲ့ရာတွင်လည်း စစ်ဘက်နှင့်   အရပ်ဘက်ကို   မျှတစွာ   ဖွဲ့စည်း၍ တိုင်းရင်းသားများလည်း ပါဝင်ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း။ 

 


စည်းလုံး ညီညွတ်စွာ ကြိုးပမ်း


အရေးပေါ်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စီးပွားရေးအကျပ်အတည်း၊ နိုင်ငံတကာဖိအားနှင့်  အကြမ်းဖက်မှုလုပ်ရပ်များကို ပြည်သူလူထုအားကို ရယူ၍  နိုင်ငံ့ဝန်ထမ်းကောင်း များ၊   လုံခြုံရေးတပ်ဖွဲ့များ    ပူးပေါင်းပါဝင်မှုဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း၊  အရေးပေါ်ကာလ ပြီးဆုံးပါက   ရွေးကောက်ပွဲအတွက်  ပြင်ဆင်ဆောင် ရွက်သွားရမည်ဖြစ်ပြီး နယ်မြေအေးချမ်းရန် လိုအပ် ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ   လုပ်ငန်းစဉ် များဖြစ်သည့်     မဲစာရင်းကောက်ခံခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ မဲရုံထောင်ခြင်းများ ကောင်းမွန်မှန်ကန် စွာ    လုပ်ဆောင်နိုင်ရန်   လိုအပ်မည်   ဖြစ်သကဲ့သို့ မဲပေးသည့်သူများသည်လည်း    အကြောက်တရား ကင်းစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ  မိမိဆန္ဒနှင့် အညီ မဲပေးခွင့်ရရန် လိုကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်မှ ၂၀၂၂ ခုနှစ်အား     ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်   ဆောင်ရွက်နေ ကြောင်း၊ တည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှုမရှိမှ သာ   ရွေးကောက်ပွဲလုပ်ငန်းစဉ်များ   အစမှအဆုံး အောင်မြင်နိုင်မည်ဖြစ်ပြီး အောင်မြင်နိုင်အောင်လည်း ပြည်သူတစ်ရပ်လုံးမှ  ယုံမှားသံသယကင်းရှင်းစွာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်     ပူးပေါင်း ဆောင်ရွက်ရန်    လိုအပ်ပါကြောင်း၊   အကြမ်းဖက်မှု ရှိနေပါလျှင်   ရွေးကောက်ပွဲ   ကျင်းပနိုင်ခြင်းရှိမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်း မရှိပါက အနိုင်ရကိုယ်စားလှယ်လောင်းများ၊ ၎င်းမှ နိုင်ငံတော်အကြီးအကဲများ၊      အစိုးရအဖွဲ့များ ပေါ်ထွက်လာနိုင်မည်မဟုတ်သည်ကို  ယနေ့ မတရား အာဏာသိမ်းခြင်းနှင့်  အာဏာဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်နေမှုအပေါ် အယူအဆနှင့် ယုံကြည်မှု လွဲမှားလျက် အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်း နေသူများနှင့်   မြှောက်ပင့်ပေးနေသူများ သတိပြုရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ပေးထားသည့်   ကတိအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ၎င်း အပြင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  မူဝါဒဖြစ်ပြီး အမျိုးသား ရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြော ရေးနှင့် စားရေရိက္ခာပြည့်ဝရေး၊ နိုင်ငံရေးရည်မှန်း ချက်ဖြစ်သည့်    စစ်မှန်စည်းကမ်းပြည့်ဝ   ပါတီစုံ ဒီမိုကရေစီစနစ်    ခိုင်မာစေရေးနဲ့    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးတို့ကို    မျှော်မှန်း၍    တက်ညီလက်ညီ လျှောက်လှမ်းကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ့သား ကောင်းအဖြစ်   တာဝန်ကျေပွန်၍    လိပ်ပြာလုံစွာ ရပ်တည်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊     ကယား ပြည်နယ်မှ      တိုင်းရင်းသားအားလုံးသည်လည်း ပြည်ထောင်စု၏     ညီအစ်ကိုမောင်နှမများဖြစ်၍ အရေးကြီးခဲ့ချိန်တွင်   သွေးစည်းစွာဖြင့်  နယ်ချဲ့ကို တွန်းလှန်ခဲ့သည့်     သမိုင်းအထောက်အထားများ ရှိကြောင်း၊ ပြည်နယ်အတွင်း  ဒေသထွက်ကုန်ကောင်း များစွာရှိ၍ စီးပွားဖြစ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ နိုင်ခြင်းဖြင့်   တစ်ဦးချင်းဝင်ငွေမြင့်မားပြီး   ကယား ပြည်နယ်၏   GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ “စုပေါင်းညီညာအောင်ကြောင်းဖြာ”  ဆိုသည့်အတိုင်း ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး၏ စည်းလုံး ညီညွတ်စွာ ကြိုးပမ်းမှုဖြင့် တည်ငြိမ်၍ မူလ အခြေ အနေထက်  ဖွံ့ဖြိုးတိုးတက်မှု  ပိုမိုကောင်းမွန်သော ပြည်နယ်ကြီးတစ်ခုဖြစ်လာအောင် ကြိုးပမ်းဆောင် ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။

 


ထို့နောက်       ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ရာ    ဝန်ထမ်း မိသားစုများကိုယ်စား       ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး  ဦးကျော်ကျော်အုန်းက   လည်း ကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်   ကုသရေးပစ္စည်းများပေးအပ်ရာ   ပြည်နယ် ကျန်းမာရေးနှင့်  ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင် ကလည်းကောင်း လက်ခံရယူခဲ့ကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များသည်   တက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။              

သတင်းစဉ်