
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၊ တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့်
အချို့မီဒီယာမှ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် ကောလာဟလသတင်းများကို ရေးသားဖြန့်ချိလျက်ရှိ
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့တွင် လွိုင်ကော်တပ်နယ်နှင့် ဖယ်ခုံတပ်နယ် တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အမှာစကားပြောကြား ရာတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူ ဆောင်ရွက်လျက်ရှိသည်မှာ ၁ နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းကာလ အတွင်း အခက်အခဲ၊ အကျပ်အတည်းများ အား တာဝန်သိ ဝန်ထမ်းကောင်းများဖြင့် အောင်မြင်စွာ ကျော်လွှားဖြတ်သန်းနိုင် ခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက် များနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၄၁၇ အရ သတ်မှတ်ကာလ လွန်မြောက်ချိန်၌ လွတ်လပ်၍ တရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက် ရွေးကောက်ပွဲ မဖြစ် မနေ ကျင်းပပေးရန်ရှိကြောင်း၊ သို့ရာတွင် ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် နယ်မြေ တည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှုများ မရှိရန် အဓိက အရေးကြီးသည်ဖြစ်သော ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးအကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၊ တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အချို့မီဒီ ယာမှ လူမှုကွန်ရက်စာမျက်နှာများပေါ် တွင် မဟုတ်မမှန် ကောလာဟလသတင်း များကို ရေးသားဖြန့်ချိလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သတင်းမှန် များကို နိုင်ငံပိုင်သတင်းမီဒီယာများမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့် ပြသပေးလျက်ရှိကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ် ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟု ပြဋ္ဌာန်း ထားရှိရာ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော်ကို ကာကွယ်မည်ဟူသည့် ခံယူချက်၊ ယုံကြည်ချက်မြင့်မားစွာဖြင့် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ် သည့်အတွက် တုံးတိုက်တိုက် ကျားကိုက် ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်များဖြင့် ပေးအပ်လာသည့် ရည်မှန်းချက်တာဝန် များကို ကျေပွန်စွာထမ်းဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်ကြရမည်ဖြစ်ပြီး စစ်ရေး အသိ၊ စစ်ရေးသတိရှိစွာဖြင့် နေထိုင် သွားလာ လှုပ်ရှားကြရမည်ဖြစ်ကြောင်းနှင့် ဒေသလုံခြုံရေးတာဝန်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူ ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် လွိုင်ကော်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိ သည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင် များနှင့် ဒေသခံပြည်သူများ၏ ကျန်းမာ ရေးအခြေအနေများအား ရင်းရင်းနှီးနှီး သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ မှာကြား ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် ခရီးစဉ်တွင် လိုက်ပါ လာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစောဒန်နီယယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် အဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများအား နယ်မြေခံတပ်ဌာနချုပ် ခန်းမ၌တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်