နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တိုက်ကြီးနှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်   အောက်တိုဘာ  ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ် ရေးဦးစီးချုပ်  (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့တွင် တိုက်ကြီး နှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား     တပ်နယ်ခန်းမများ၌    သီးခြားစီ တွေ့ဆုံ၍  အမှာစကားပြောကြားသည်။ 

 


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်  (ကြည်း)  က အမှာစကားပြောကြားရာတွင်        နိုင်ငံတော်နှင့် ပတ်သက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်  ၅  ရပ်နှင့်  ဦးတည်ချက် ၉  ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသားရည်မှန်းချက် ၂ ရပ်အဖြစ်  တိုင်းပြည်သာယာဝပြောရေး၊  စားရေရိက္ခာဖူလုံရေး  နှင့်  နိုင်ငံရေးလုပ်ငန်းစဉ်   ၂  ရပ်အဖြစ်    စစ်မှန် စည်းကမ်းပြည့်ဝသော       ပါတီစုံဒီမိုကရေစီစနစ်   ခိုင်မာစေရေး၊    ဒီမိုကရေစီနှင့်      ဖက်ဒရယ်စနစ်ကို    အခြေခံသော  ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ချမှတ်အကောင်အထည်ဖော်     ဆောင်ရွက်ရခြင်း      အကြောင်းရင်းနှင့် ဆောင်ရွက်နေမှု   အခြေအနေများ၊    နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး၊  စီးပွားရေး၊ ကာကွယ် ရေး၊ လူမှုရေး၊   နိုင်ငံတကာဆက်ဆံရေး    ဖြစ်ပေါ် တိုးတက်မှု    အခြေအနေများ၊    ထာဝရငြိမ်းချမ်း ရေးအတွက်  ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ။

 


လုံခြုံရေးသတိ မပြတ်ရှိနေရန် လိုအပ်


တပ်မတော်နှင့်     ပတ်သက်၍      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   တာဝန်ယူချိန်မှစပြီး စားရေ ရိက္ခာပြည့်ဝဖူလုံရေးအတွက်   တပ်ပိုင်နှင့်  တစ်ပိုင် တစ်နိုင်  စိုက်ပျိုးမွေးမြူရေးကို  မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်      ဆောင်ရွက်နိုင်ခဲ့သဖြင့် တပ်တွင်းစားဝတ်နေရေးကို  အဆင်ပြေစေပြီး ဖူလုံ ပိုလျှံသော ထွက်ကုန်များကို  ဒေသခံပြည်သူများသို့ သက်သာသောနှုန်းထားများဖြင့်  ရောင်းချနိုင်ခဲ့သည့် အခြေအနေများ၊   စစ်သည်/မိသားစုဝင်များအတွက် စားရေး၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊  ပို့ဆောင် ရေးများတွင် သက်သာချောင်ချိရေးအတွက်  ဆောင် ရွက်ပေးနေမှုအခြေအနေများ၊ နိုင်ငံတော်ကာကွယ် ရေးတာဝန်ကို ၂၄ နာရီ အပြည့်အဝ တာဝန်ထမ်းဆောင် နိုင်ရန်လုံခြုံရေးအသိ၊ လုံခြုံရေးသတိ မပြတ်ရှိနေရန် လိုအပ်သည့် အခြေအနေများ၊  တပ်တည်ဆောက်ရေး လုပ်ငန်းကြီး  ၄  ရပ်နှင့်      တပ်နေပျော်ရေးတို့ကို အဆက်မပြတ်  
အကောင်အထည်ဖော်         ဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ်များကို    အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အနေဖြင့်  အသိမှန်မှ  အလုပ်မှန်မည်ဖြစ်၍ အသိမှန် စေရေး     အသေးစိတ်     ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူ များနှင့်   ပေါင်းစပ်ညှိနှိုင်း   ဖြေရှင်းဆောင်ရွက်ပေး သည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ      ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  သည် တပ်နယ်များအလိုက်  အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက်  စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

 


ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်


တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်  အဖွဲ့ဝင်များသည်  တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်း နှီးနှီး   လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း  သတင်း ရရှိသည်။


သတင်းစဉ်