နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်

 

နေပြည်တော်    ဖေဖော်ဝါရီ   ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဗဟိုအကြံပေးအဖွဲ့       အဖွဲ့ ခေါင်းဆောင်       ဦးစောထွန်း အောင်မြင့်သည် ယနေ့မွန်းလွဲပိုင်း တွင်   တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng  Phang နော်တောင် နှင့်   ဝန်ထမ်းများအား    အဆိုပါ ဝန်ကြီးဌာန၌        တွေ့ဆုံပြီး  နှုတ်ဆက်အမှာစကား ပြောကြား သည်။(ဝဲပုံ)
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်က ဝန်ထမ်းများ အနေဖြင့်         ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို      လိုက်နာပြီး ဥပဒေဘောင်နှင့်အညီ   နေထိုင် သွားကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်း ပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားကြရန်၊ ဝန်ထမ်းအချင်းချင်း   သဟဇာတ ဖြစ်အောင် တန်းတူညီမျှ ဆက်ဆံ ဆောင်ရွက်ကြရန်နှင့်   စည်းလုံး ညီညွတ်စွာ       နေထိုင်သွားကြရန် ပြောကြားသည်။
ထို့နောက်       တိုင်းရင်းသား လူမျိုးများရေးရာ     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    Jeng Phang နော်တောင်က ယခုကဲ့သို့ ဆုံတွေ့ခွင့်        ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊   ဝန်ကြီး ဌာန၏          ရည်မှန်းချက်များ ပေါက်မြောက်  အောင်မြင်အောင် ဝန်ထမ်းများအားလုံး    ကြိုးစား ဆောင်ရွက်သွားကြရမည်   ဖြစ် ကြောင်း၊      တက်ညီလက်ညီ ဆောင်ရွက်        ပေးကြစေလိုပါ ကြောင်း၊    နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်ကို မမေ့ကြရန်လိုကြောင်း၊ စည်းလုံးညီညွတ်မှုသည်  အရေး ကြီးကြောင်း၊ ဝန်ထမ်းများအနေ ဖြင့် ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲမထားကြရန်နှင့်   နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် တို့ကို    ဦးထိပ်ပန်ဆင်ကြပြီး နိုင်ငံတော်၏        တာဝန်များကို ဆတက်ထမ်းပိုး ဆောင်ရွက်ကြ ရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က         ကြိုဆို နှုတ်ခွန်းဆက်စကား  ပြောကြား ပြီး   အခမ်းအနားကို   ရုပ်သိမ်း လိုက်သည်။
အခမ်းအနားသို့       တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်၊    ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်  အရာထမ်း၊ အမှုထမ်းများ   တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။   
သတင်းစဉ်