နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့ ဒေသသုတေသနဗဟိုဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

မြောင်းမြ   ဒီဇင်ဘာ   ၂၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  မန်းငြိမ်းမောင်သည်  ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့ရှိ ဒေသသုတေသနဗဟိုဌာနသို့ ယနေ့နံနက် ၉ နာရီခွဲတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ ကောင်စီအဖွဲ့ဝင်အား သုတေသနဌာနတာဝန်ခံ ဒေါ်ဖြူပြာလွင်က ဒေသမျိုးစပါး သုတေသန ပြုလုပ်နေမှု၊ ပေါ်ဆန်းမွှေး အရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာထိန်းသိမ်း ခြင်း၊ ပေါ်ဆန်းမွှေး စိုက်ပျိုးသုတေသနပြုလုပ်နေမှု၊  ဒေသနှင့် သင့်တော်မည့် မျိုးရွေးချယ် နေမှု၊  စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်  ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ၂၀၂၂- ၂၀၂၃  ခုနှစ်  မိုးရာသီတွင် တွေ့ရှိသည့် အလားအလာကောင်းသည့် ရေမြုပ်ခံစပါး      မျိုးသစ်၊ မိုးရေသောက် လယ်စပါးမျိုးသစ်၊ ဆည်ရေသောက် လယ်စပါး မျိုးသစ်၊  နိုင်ငံတော်     မျိုးစေ့ကော်မတီသို့ မှတ်ပုံတင်ထားသော ဆားငန်ခံစပါးမျိုးသစ်များ အခြေအနေ၊ နည်းပညာ  ဖြန့်ဖြူးပေးနိုင်မှုများကို ရှင်းလင်းတင်ပြရာ ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ ဆွေးနွေး မှာကြားသည်။ 

 


ထို့နောက် ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် သုတေသနစပါးစိုက်ကွင်းနှင့် မျိုးစပါး ထုတ်လုပ်စမ်းသပ်နေမှု၊ သဘာဝမြေသြဇာပြုလုပ်နေမှု၊ ဒေသအလိုက် သင့်တော် သည့် မျိုးစပါးများ ပြသထားမှု၊ သီးထပ်ရင် မျိုးသန့်စပါး  ရိတ်သိမ်းနေမှုကို ကြည့်ရှု          အားပေးခဲ့ကြောင်း သိရသည်။                                                                

သတင်းစဉ်