နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်ဆက်ကပ်ခြင်း အခမ်းအနားတက်ရောက်

 

ဟိုပုံး   နိုဝင်ဘာ  ၁၈


မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရ သာမဏေ ကျော်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် သံဃာများနှင့်သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပသည်။

နေ့ဆွမ်းဆက်ကပ်


ဆွမ်းဆန်စိမ်း       လောင်းလှူပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ အဖွဲ့ဝင် ခွန်စံလွင်နှင့် ဇနီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန် သိန်းမောင်၊     ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဥက္ကဋ္ဌ    ဦးခွန်ရဲထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊    ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့   အဖွဲ့ဝင်များ၊     ဌာနဆိုင်ရာ တာဝန်ရှိသူများ၊     ဒေသခံပြည်သူများ တက်ရောက်ကြပြီး   နာဂပုရသာသနာ လင်္ကာရ    သာမဏေကျော်အသင်းက ကြီးမှူးကျင်းပသော  တတိယအကြိမ် မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ  နာဂပုရ သာသနာလင်္ကာရ      သာမဏေကျော် စာမေးပွဲ ဖြေဆိုအောင်မြင်သည့် ရဟန်း၊ သာမဏေနှင့်  သီလရှင်များအား   ဆွမ်း ဆန်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ ကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။


ငါးပါးသီလခံယူဆောက်တည်


ထို့နောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ     စာအောင် ဘွဲ့နှင်းသဘင်ဆက်ကပ်ခြင်း     အခမ်း အနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊    ရှမ်း ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်      အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက   နာဂပုရ သာသနာလင်္ကာရ      သာမဏေကျော် စာမေးပွဲအသင်းဥက္ကဋ္ဌ ဆရာတော်၊ ဟိုပုံး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တုံခမ်း ကျောင်းတိုက်ဦးစီးပဓာန    နာယက ဆရာတော်  ဦးအာလောကထံမှ   ငါးပါး သီလခံယူဆောက်တည်ကြသည်။


ကဗျာဖြင့် ပူဇော်


ယင်းနောက်   နာဂပုရ    သာသနာ လင်္ကာရ   သာမဏေကျော်ဘွဲ့ရ   အထူး အောင် သံဃာတော်နှင့် သီလရှင်များအား ပအိုဝ်းဝိဿာခါ    ဓမ္မစကြာအသင်းမှ ရှစ်လုံးဘွဲ့ကဗျာဖြင့် ပူဇော်ကြသည်။ 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊   တပ်မတော် အရာရှိကြီးနှင့် တာဝန်ရှိသူများ၊  နာဂပုရ သာသနာလင်္ကာရ      သာမဏေကျော် အသင်း  တာဝန်ရှိသူများနှင့်   ဒါယကာ၊ ဒါယိကာမများက     နာဂပုရသာသနာ လင်္ကာရ    သာမဏေကျော်ဘွဲ့ရ    အရှင် သူမြတ်များအား   ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားပြီး လှူဒါန်း မှုအစုစုအတွက်    ရေစက်သွန်းလောင်း အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။


နာဂပုရသာသနာလင်္ကာရဘွဲ့ ၉၅ ပါး


ဟိုပုံးမြို့    နောင်တောင်းပရဟိတ တပ်ဦး  ဘုန်းတော်ကြီးသင်    ပညာရေး ကျောင်းတွင်    တန်ဆောင်မုန်းလဆန်း ၁ ရက်မှ  ၃  ရက်အထိ    ကျင်းပခဲ့သည့် နာဂပုရသာသနာလင်္ကာရ  သာမဏေ ကျော်စာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ် မှ  ရဟန်း၊   သာမဏေ၊    သီလရှင်များ လာရောက်ဖြေဆိုခဲ့ရာ မူလတန်းအဆင့် တွင် ၁၂၇ ပါး၊ ပထမအဆင့်တွင် ၅၃၈ ပါး၊ ဒုတိယအဆင့်တွင် ၁၃၅ ပါး၊ တတိယ အဆင့်တွင်   ၉၅  ပါး    အောင်မြင်ခဲ့ပြီး နာဂပုရ   သာသနာလင်္ကာရဘွဲ့ ၉၅ ပါး ရရှိခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်