
ဝေါ ဇူလိုင် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၇/၂၀၂၁ အရ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုပိတ်သိမ်းခြင်းကို ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ရဲစခန်းဓမ္မာရုံ၌ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီက ပြုလုပ်ကြောင်း သိရသည်။
ဝေါမြို့နယ် ရဲစခန်းအချုပ်ထောင်မှ အမှုပိတ်သိမ်း ၍ လွတ်ငြိမ်းချမ်းသာခွင့်ရ အမျိုးသားသုံးဦးအား ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ဌေးတို့က ဩဝါဒ စကားနှင့် အမှုပိတ်သိမ်း၍ လွှတ်ပေးရခြင်းအကြောင်း ကို ရှင်းလင်းပြောကြားပြီး ပြစ်မှုဆိုင်ရာအမှုများ အား ပိတ်သိမ်းခြင်းကြောင့် လွတ်မြောက်သွားသော အချုပ်သားသုံးဦးအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)