နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား

 

နေပြည်တော်   ဇန်နဝါရီ    ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၂)ကို  ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်   တက်ရောက်ပြီး   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာဆောင်ရွက် ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့်     ဗိုလ်ချုပ်ကြီး မြထွန်းဦး၊     ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊    ဦးသိန်းညွန့်၊   ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊       Jeng  Phang  နော်တောင်၊ ဦးမောင်းဟာ၊     ဦးစိုင်းလုံးဆိုင်၊     စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊     ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်    ဦးရွှေကြိမ်း၊    အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး   အောင်လင်းဒွေးနှင့်    တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက် ကြသည်။


ရှင်းလင်းပြောကြား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   တစ်နှစ်တာ  ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြားရာတွင်    နိုင်ငံရေး ဆိုင်ရာကိစ္စရပ်များ    ပတ်သက်ပြီး    တပ်မတော်က နိုင်ငံတော်တာဝန်ရယူထိန်းသိမ်းခဲ့ရသည့်  အခြေ အနေ၊   နိုင်ငံတော်တာဝန်ကို  ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို     လည်းကောင်း၊    လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်တာဝန်ရယူ    မထိန်းသိမ်းမီအခြေအနေ နှင့်   ရယူထိန်းသိမ်းပြီးနောက်  အခြေအနေများကို လည်းကောင်း၊ စီးပွားရေးဆိုင်ရာများနှင့် ပတ်သက် ပြီး တပ်မတော်က နိုင်ငံတော်တာဝန် မယူမီအခြေ အနေနှင့်    တာဝန်ယူပြီးနောက်   အခြေအနေများ ကိုလည်းကောင်း၊  လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး တပ်မတော်ကတာဝန်မယူမီ ဘာသာ၊ သာသနာ၊    မြန်မာ့ယဉ်ကျေးမှုများ    ဖျက်ဆီးခံရမှု အခြေအနေများ၊ တပ်မတော်မှ တာဝန်ယူပြီးနောက် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ ကို  လည်းကောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို   အကောင်အထည်ဖော်   ဆောင်ရွက်နေမှု များနှင့်ပတ်သက်ပြီး  နိုင်ငံသားအားလုံး  နိုင်ငံသား စိစစ်ရေးကတ်ရရှိရေး   ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ၊   ကိုဗစ် - ၁၉ ကပ်ရောဂါ  ကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နေသည့်အခြေအနေ၊    တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး    ရရှိရေးအတွက်    ကြိုးပမ်း ဆောင်ရွက်နေသည့်အခြေအနေ၊   ပြည်သူများ၏ လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေးနှင့်  နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်     စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား     အရှိန်အဟုန်ဖြင့်    ဆက်လက် ဆောင်ရွက်နေမှုအခြေအနေ၊      တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ များကို   လည်းကောင်း      အသေးစိတ်ရှင်းလင်း ပြောကြားသည်။


အကြံပြုဆွေးနွေး


ထို့နောက်  ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang  နော်တောင်၊  ဒေါ်အေးနုစိန်နှင့်  ဒေါက်တာ ဗညားအောင်မိုးတို့က     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    တစ်နှစ်တာ    ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးကြသည်။ 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က  လက်ရှိ ကာလတွင် နယ်မြေဒေသများ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေ အနေ၊       လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများနှင့်   ပတ်သက်၍   ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်