နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုသွားမည်

 

နေပြည်တော်  စက်တင်ဘာ    ၃၀


နိုင်ငံတော်အတွင်း     နိုင်ငံတော်၏တာဝန်ကို    ထမ်းဆောင်လျက်ရှိကြသည့်      နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လငွေကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင့်ပြုသွားမည်ဖြစ်သည်။


 အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခငွေကျပ် ၄၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် ၁၀၀၀ (တစ်ထောင်ကျပ်တိတိ) ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ် ကြောင်း သိရှိရသည်။


အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ  မြန်မာ နိုင်ငံတော်အစိုးရ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း  အမိန့်ကြေညာစာထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။                                                                                      

သတင်းစဉ်