နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်းအခမ်းအနား နေပြည်တော်၌ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၁၉
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည် နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူ သွားကြသည့်      အာဇာနည်ခေါင်းဆောင် ကြီးများအား    ရည်စူး၍    ကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက်  ၁၀  နာရီတွင်    နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့   ပျဉ်းမနားမြို့နယ် မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်  ကျောင်း တိုက် ပဓာနနာယက ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြု သော    ဆရာတော်၊    သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည် တော်ကောင်စီ  ဥက္ကဋ္ဌ      ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊     ဒုတိယဝန်ကြီး များ၊    နေပြည်တော်ကောင်စီ   အဖွဲ့ဝင် များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များ တက်ရောက်ကြသည်။
အခမ်းအနား မစတင်မီ နေပြည်တော် ကောင်စီဥက္ကဋ္ဌက  ခန်းမအတွင်းရှိ   ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို ပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့်  ဆီမီး တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက်    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အမှူးပြုသည့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့နယ်   မင်္ဂလာဇေယျုံ   ပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္စျာယ်တော်မူသည့်      ပရိတ်တရား တော်များကို နာယူကြသည်။ 
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊    တိုင်းမှူး၊   ဒုတိယဝန်ကြီးများ နှင့်     နေပြည်တော်ကောင်စီဝင်များက ပျဉ်းမနားမြို့နယ်  မင်္ဂလာဇေယျုံ  ပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက ဆရာတော် အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြသည်။ 
ထို့နောက် အခမ်းအနားသို့ တက် ရောက်လာကြသည့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့  သုခဝိဟာရ  သရက်ကုန်း ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ ထံမှ  သံဝေဂ ကထာ  တရားနာယူကြပြီး   အာဇာနည် ခေါင်းဆောင်ကြီးများအား    ရည်စူး၍ ရေစက်သွန်းလောင်း      အမျှပေးဝေကြ သည်။
ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ် တွင်     တက်ရောက်လာကြသည့်    ဧည့် ပရိသတ်များက    နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား       ရည်စူး၍ နှစ်မိနစ် ငြိမ်သက်ဂါရဝပြုကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်