နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဩဂုတ် ၁၅


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်  ကာယပညာနှင့် အားကစား အခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား သင်တန်းသူများနှင့်  တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီး များ၊  ဌာနဆိုင်ရာအကြီးအကဲများ နှင့်   တာဝန်ရှိသူများ၊     အုပ်ချုပ်/ နည်းပြများနှင့်     သင်တန်းသား သင်တန်းသူများ   တက်ရောက်ကြ သည်။
ဦးစွာ    ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက လက်ရှိအချိန်တွင် နိုင်ငံတော်အနေဖြင့်    အားကစား ကဏ္ဍ        ဖွံ့ဖြိုးတိုးတက်စေရေး အဘက်ဘက်မှ     ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး       စိတ်ဓာတ် ကြံ့ခိုင်မှုရှိမှသာ  ပညာရေးသာမက အားကစားတွင် ထူးချွန်ထက်မြက် အောင်မြင်သူများ    ဖြစ်လာနိုင် ကြောင်း၊ ယခင်က အားကစားတွင် “စည်းကမ်းသည်    ပထမ၊    စံချိန် သည် ဒုတိယ” ဟူသည့် ဆောင်ပုဒ် အတိုင်း   လေ့ကျင့်ဆောင်ရွက်ခဲ့ ကြပြီး  မိမိရောက်ရှိ တာဝန်ယူချိန် မှစ၍   ကျန်းမာရေးကောင်းမွန်မှ သာ အရာအားလုံးကို  ပြီးမြောက် အောင်မြင်အောင်  ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက်   “ကျန်းမာ ရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည်  တတိယ” ဟု ပြောင်းလဲပြင်ဆင်    ဆောင်ရွက်ခဲ့ ကြောင်း၊          သင်တန်းသား သင်တန်းသူများ၊  ဆရာ၊ ဆရာမ များအနေဖြင့်  အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်  အားကစား ကွင်း၊       အားကစားရုံများနှင့် အားကစား    အထောက်အကူပြု ပစ္စည်းများအသုံးပြုရန်      လိုအပ် ပါက အားကစားနှင့်  ကာယပညာ ဦးစီးဌာန  တိုင်း/ခရိုင်/ မြို့နယ် များမှ အားကစားမှူးများ၊ တာဝန် ရှိသူများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ် ညှိနှိုင်း၍   အသုံးပြုနိုင်ကြောင်း၊ လိုအပ်သည့်အားကစား အထောက် အကူပြု        ပစ္စည်းများကိုလည်း ဖြည့်ဆည်း  ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက်    ပညာရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး  ဒေါက်တာ ဇော်မြင့်က     ကျေးဇူးတင်စကား ပြောကြားပြီး     အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးသည်  ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ    FRIENDSHIP POWER ကုမ္ပဏီမှ    တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ဘောလုံးအားကစား ကွင်းတွင် မြက်အသစ်စိုက်ပျိုးနိုင် ရေးအတွက်  မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို      ကြည့်ရှု စစ်ဆေးပြီး      သတ်မှတ်ကာလ အတွင်း ပြီးစီးစေရေးနှင့်  အရည် အသွေးပြည့်မီကောင်းမွန်စေရေးအတွက်        တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးသည်  မြားပစ်အားကစား လေ့ကျင့်ရေးကွင်းတွင်      မြန်မာ့ လက်ရွေးစင် မြားပစ်အားကစား သမားများနှင့်      လူငယ်မြားပစ် အားကစားသမားများ၏ လေ့ကျင့် နေမှုကို          ကြည့်ရှုအားပေးပြီး အားကစားသမားများအား ကျန်းမာ ရေး         အထူးဂရုစိုက်ကြရန်၊ အောင်မြင်မှုရရှိစေရန်     မဆုတ် မနစ်သော   ဇွဲ၊   စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်       ကြိုးစားလေ့ကျင့် ကြရန်နှင့်     လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများအား   မှာကြား သည်။                    

သတင်းစဉ်