
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက် အလက်များကို ထုတ်နုတ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်သို့ ထပ်ဆင့်ညွှန်ကြား ရှင်းလင်းပြောကြား ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် Zoom Meeting ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အခွင့်အလမ်းများရှိ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်း ဝန်များ အစည်းအဝေးပြုလုပ်ခဲ့ပြီး လက်ရှိလုပ်သက် ခွင့်ယူထားသူများကို ဖေဖော်ဝါရီ ၂၄ ရက်အထိသာ ခံစားခွင့်ပြုခဲ့သဖြင့် မီးဖွားခွင့်နှင့် အရေးကြီးသော ကျန်းမာရေးကိစ္စများမှအပ ကျန်ကိစ္စများဖြင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်သက်ခွင့်ယူထား သူများကို ဖေဖော်ဝါရီ ၂၅ ရက်တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ရန်နှင့် တာဝန်ထမ်းဆောင်ခြင်းမရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို ဝန်ထမ်းတစ်ဦးချင်းစီသို့ အကြောင်း ကြားစာပေးပို့ခဲ့ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများမှာ Covid-19 Lockdown ၊ Stay at Home ကြောင့် အခက်အခဲများဖြစ်ခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည် လုပ်ငန်းအားဖြင့် လုံခြုံမှုအပြည့်ရှိပါကြောင်း၊ အခြားအခွင့်အလမ်းများဖြစ်သည့် နေထိုင်ရေး ကိစ္စ များ၊ ပြည်ပသင်တန်းကိစ္စများ၊ ပင်စင်လစာစသည့် အခွင့်အလမ်းများရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ရ ခြင်းကို ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဝန်ထမ်းများနှင့် အာမခံချက်၊ အခွင့်အရေးမတူပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နေသည့်အတွက် ရေရှည်တွင် ဝန်ထမ်းများအတွက် ဘဝအာမခံချက်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် ရုံးတက် ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဝန်ထမ်း များကို ကျေးဇူးတင်ပါကြောင်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်း( ၃ ) မျိုးရှိသည့်အနက် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ဘဝအာမခံချက် အတည်ငြိမ်ဆုံးနှင့် တက်လမ်းများရှိသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများ ဖြစ်သည့်အတွက် အမြဲဂုဏ်ယူရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ စနစ်ကျမှု စသည့် အချက်များနှင့်အညီ ထိထိရောက်ရောက် လည်ပတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အစိုးရအပြောင်းအလဲ မည်သို့ပင်ရှိရှိ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်း မိသားစုဘဝများ ပျော်ရွှင်အေးချမ်းစွာ လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များကို ထုတ်နုတ်၍ Zoom Meeting ဖြင့် တက်ရောက်လာကြသော ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ ရုံးချုပ်၊ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများကို ချပြရှင်းလင်း ပြောကြားသည်။
စုပေါင်းတိုင်ပင် ဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဓိက အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်သူ လူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နားလည်သဘောပေါက်စေ လိုပါကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ တင်ပြချက်များနှင့် အခြားတင်ပြချက်များရှိပါက တင်ပြနိုင်ပါကြောင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် စုပေါင်းတိုင်ပင် ဆွေးနွေးဆုံးဖြတ် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ သတင်းစဉ်