နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

 

၁။    ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင် ကို    ပြန်လည်ဖွဲ့စည်းပြီး  မဲစာရင်းများ  စစ်ဆေးခြင်းများအပါအဝင်  လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို   ဥပဒေနှင့်အညီ      ဆက်လက်လုပ်ဆောင်သွားမည်။

 

၂။    လတ်တလော   ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

 

၃။    COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။

 

၄။    တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက်   တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး   သဘောတူစာချုပ်  (NCA)  ပါ  သဘောတူညီချက်များအတိုင်း   ဖြစ်နိုင်သမျှ      အလေးထား   လုပ်ဆောင်သွားမည်။

 

၅။    အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ  ဆောင်ရွက်ပြီးစီးပါက  ဖွဲ့စည်းပုံ အခြေခံဥပဒေ    (၂၀၀၈  ခုနှစ်)နှင့်အညီ  လွတ်လပ်ပြီး    တရားမျှတသော     ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား   ပြန်လည်ကျင်းပ၍     အနိုင်ရသည့်  ပါတီအား  ဒီမိုကရေစီစံနှုန်းများနှင့်အညီ    နိုင်ငံတော် တာဝန်အား    လွှဲအပ်နိုင်ရေး  ဆက်လက် ဆောင်ရွက်သွားမည်။