
နေပြည်တော် နိုဝင်ဘာ ၁၇
ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ် များဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် များသို့ နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက် ဝယ်ယူမှုအခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန်အတိုင်း ဖြစ်ပြီး စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စစ်ဆေး ရေးအဖွဲ့များ ဖွဲ့စည်းပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များမှ အများပြည်သူသို့ စက်သုံးဆီရောင်းချနေမှုများ ကို စစ်ဆေးဆောင်ရွက်ခြင်း၊ အများပြည်သူသို့ ရောင်းချပေးသည့်စက်သုံးဆီများ အခြင်အတွယ် မှန်ကန်ကိုက်ညီမှုရှိစေရန်အတွက် လီတာ၂၀ စံခြင် ခွက်များဖြင့် စစ်ဆေးခြင်းများ(အပေါ်ပုံ) ဆောင်ရွက် လျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီလာရောက်ဝယ်ယူသူများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်