
နေပြည်တော် ဒီဇင်ဘာ ၁၄
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဆောင်ရွက်ချက် မှတ်တမ်း Video Clip ကို ပြသ သည်။
အထူးစစ်ဆင်ရေးဆောင်ရွက်
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးလုပ်ငန်းများကို စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီး ရမိမှုများ နှစ်စဉ်တိုးမြှင့်လာသည် ကို တွေ့ရမည်ဖြစ်ပြီး အထူး စစ်ဆင်ရေးများကို ယနေ့အထိ (၃၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီး ဌာနတို့က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၆၂၇၆ မှုရှိပြီး ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကတ်တမင်း ၂ ဒသမ ၀၄ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ဓာတုပစ္စည်းများအပါအဝင် ဆက်စပ်ပစ္စည်း စုစုပေါင်း ကာလ တန်ဖိုးငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ သည် တားဆီးနှိမ်နင်းရေးကဏ္ဍ တစ်ခုတည်း အောင်မြင်ရုံမျှဖြင့် မူးယစ်ဆေးဝါးပပျောက်သွားမည် ဟု ယူဆ၍မရကြောင်း၊ မူးယစ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အောက်ရှိ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ လုံးနှင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဟန်ချက်ညီညီ အလေးထား ပူးပေါင်းဆောင်ရွက်မှသာ အောင် မြင်မည်ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ်အတွင်း မူးယစ် ဆေးဝါးနှင့်ဆက်နွှယ်၍ ငွေကြေး စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ အမှု ပေါင်း ၂၉ မှုနှင့် ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၂၆ မှု လွှဲပြောင်းပေး ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများ စွမ်းစွမ်းတမံ ဆောင်ရွက်ဖမ်းဆီးမှုများတွင်ပါဝင်သူများကို ရာထူး တိုးမြှင့်ပေးခြင်း၊ အမှုထမ်းကောင်း လက်မှတ်နှင့် ဆုကြေးငွေချီးမြှင့် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ သကဲ့သို့ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မသမာမှုပြုလုပ်ခြင်း များကိုလည်း အရေးယူဆောင် ရွက်ခဲ့ကြောင်း။
ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံ ပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ၁၉၀ ခန့်သည် မူးယစ်ဆေးဝါး ပြဿနာနှင့် ရင်ဆိုင်နေကြရ ကြောင်း၊ ၂၀၂၂ ခုနှစ် UNODC မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့မူးယစ် ဆေးဝါး အစီရင်ခံစာအရ အရှေ့ နှင့် အရှေ့တောင်အာရှဒေသတွင် မက်သ်အဖက်တမင်းသည် အဓိက ပြဿနာအဖြစ် တည်ရှိနေကြောင်း၊ ယခုအခါ ထိန်းချုပ်ဓာတုပစ္စည်း များသည် ရှေ့တန်းရောက်ရှိလာ သဖြင့် ဓာတုပစ္စည်းထိန်းချုပ်ရေးကဏ္ဍသည်လည်း အရေးကြီး ကြောင်း၊ တရားဝင်ခွင့်ပြုချက်နှင့် တင်သွင်းလာသည့် ဓာတုပစ္စည်း များ လမ်းလွဲမရောက်စေရေး အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အထူးကြပ်မတ်သွား ကြရန်လိုကြောင်း။
ပိုမိုတိုးမြှင့်ဆောင်ရွက်
မြန်မာနိုင်ငံ တစ်ဝန်းလုံး ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်ရန် ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည့် မူဝါဒသစ်နှင့်အညီ လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် တက်ကြွစွာ ပါဝင်ပေးကြရန်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ များအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံချက်ပါ လုပ်ငန်းများထက် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် ဗဟိုအဖွဲ့ အတွင်း ရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်း ထက် က မူးယစ်ဆေးဝါးထိန်းချုပ် ရေး ကြိုးပမ်းချက်အပေါ် သုံးသပ် တင်ပြပြီး တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး ကြိုးပမ်းဆောင်ရွက်ချက်များ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာကြသူများက မူးယစ်ဆေးဝါး တားဆီးကာကွယ် ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်ချက်များ နှင့် အကြံပြုချက်များကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ဗဟိုအဖွဲ့ ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ၊ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက် အတွင်းရေးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
သတင်းစဉ်