
နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။
ထားဝယ်
ထနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေသော ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာန ၂၈ ခု၌ မြန်မာစာ ဘာသာရပ်ဖြေဆို သူ ကျောင်းသား ၁၅၈၂ ဦး၊ ကျောင်းသူ ၂၇၇၇ ဦး စုစုပေါင်း ၄၃၅၉ ဦး၊ (၉၁ ဒသမ ၄၈ ရာခိုင်နှုန်း) ဝင်ရောက်ဖြေဆိုကြောင်းသိရပြီး ပျက်ကွက် သူဦးရေမှာ ကျောင်းသား ၁၇၃ ဦး၊ ကျောင်းသူ ၂၃၃ ဦး စုစုပေါင်း ၄၀၆ ဦး၊ (၈ ဒသမ ၅၂ ရာခိုင်နှုန်း)ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
ညောင်ရွှေ
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မတ် ၃၁ ရက် နံနက် ၉ နာရီတွင် စတင်ဖြေဆိုရာ ညောင်ရွှေမြို့နယ် အတွင်းရှိ စာစစ်ဌာန ၁၁ ခုမှ ကျောင်းသား ကျောင်းသူ ၁၆၁၈ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက-သပြေကုန်း၊ အထက-ခေါင်တိုင်၊ အထက-စံကား၊ အထက-ဘုရားတောင်ရေဆိပ်၊ အထက-အင်းပေါခုံ၊ အထက-မင်းချောင်း၊ အထက-မိုင်းသောက်၊ အထက-ဟဲယာရွာမနှင့် အထက-အင်းယားစာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၀ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။ နေမျိုးသူရိန်
တန့်ယန်း
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအဖြစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား ကျောင်းသူများ မတ် ၃၁ ရက် နံနက် ၉ နာရီမှ စတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုလျက်ရှိသည်။
တန့်ယန်းစာဖြေဌာန၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၁၄ ဦး စာရင်းပေးသွင်းထားရာ အတွဲ(၁)တွင် ကျောင်းသား ကျောင်းသူ ၁၆၂ ဦး၊ အတွဲ(၂)တွင် ကျောင်းသူ တစ်ဦး၊ အတွဲ(၇)တွင် ကျောင်းသား ကျောင်းသူ ၁၂၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၈၇ ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုသူ ၉၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။ မင်းလွင်ဦး(ပြန်/ဆက်)
အမ်း
အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင်ဖြေဆို လျက်ရှိရာ စာစစ်ဌာနစုစုပေါင်း ရှစ်ခု၌ ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား ကျောင်းသူ ၁၂၅၂ ဦးနှင့် ကျောင်းပြင်ပမှ ဝင်ရောက်ဖြေဆို ခွင့်လျှောက်ထားသူ ကျောင်းသား ကျောင်းသူ ၉၆၆ ဦး စုစုပေါင်း ၂၂၁၈ ဦး ဝင်ရောက်ဖြေရန် စာရင်းပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ စိုးမင်းထွန်း
မိုင်းယန်း
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား ကျောင်းသူ ၂၆ ဦးနှင့် အပြင်ဖြေ ကျောင်းသား ကျောင်းသူ ၁၆ ဦး စုစု ပေါင်း ၄၂ ဦး လာရောက်ဖြေဆိုပြီး တစ်ဦးပျက်ကွက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းထူး
ကမမောင်း
ကရင်ပြည်နယ် ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ကမမောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ စတင် ဖြေဆိုရာ ကျောင်းသား ကျောင်းသူ ၁၇၆ ဦး ဝင်ရောက်ဖြေဆိုလျက် ရှိသည်။
ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် ကမမောင်းမြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ယဉ်ယဉ်အေး(ပြန်/ဆက်)
ဟိုပန်
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ် အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ အထက(ဟိုပန်)စာစစ်ဌာနတွင် ကျောင်းသား ၃၀ ၊ ကျောင်းသူ ၆၈ ဦး စုစုပေါင်း ၉၈ ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း ဟိုပန်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် ဘေးကင်း လုံခြုံမှုရှိစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု၍ လိုအပ် သည်များ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)
ကော့သောင်း
၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကော့သောင်းမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် စတင်ဖြေဆိုကြရာ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း များနှင့် အထက်တန်းကျောင်းခွဲမှ ဝင်ရောက်ဖြေဆိုသူနှင့် အလွတ် ဖြေဆိုစာရင်းရှိ ၃၈၉ ဦးအနက် ယနေ့လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၅၂ ဦး၊ ပျက်ကွက်သူ စုစုပေါင်း ၃၇ ဦးဖြစ်၍ ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဖြေဆိုရာတွင် စာစစ်ဌာန အသီးသီး၌ ဆရာ ဆရာမများအပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း များမှ တာဝန်ရှိသူများ ၊ ရဲတပ်ဖွဲ့လုံခြုံရေးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ က စနစ်တကျ စောင့်ကြည့်တာဝန်ယူကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)
လဲချား
လဲချားမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က (လဲချား) စာဖြေဌာနတွင် မြန်မာစာ ဘာသာရပ်အား ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ၂၃၁ ဦးအနက် ကျောင်းတွင်း ဖြေဆိုသူ ၁၀၄ ဦးနှင့် ပြင်ပဖြေဆိုသူ ၁၁၁ ဦး စုစုပေါင်း ၂၁၅ ဦးရှိသဖြင့် ဖြေဆိုသူ ၉၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
လွှမ်းသူနောင်(လဲချား)
ဖလမ်း
ချင်းပြည်နယ် ဖလမ်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အဖြစ် မတ် ၃၁ ရက် နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အေးချမ်း စွာ စတင်ဖြေဆိုလျက်ရှိရာ စာရင်းရှိ ကျောင်းသား ၁၁၈ ဦး၊ ကျောင်းသူ ၁၉၁ ဦး စုစုပေါင်း ၃၀၉ ဦးအနက် လာရောက်ဖြေဆိုသူ ကျောင်းသား ၅၉ ဦး၊ ကျောင်းသူ ၁၀၆ ဦးရှိကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင် ရေးအတွက် စနစ်တကျစောင့်ကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ၊ ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)
ဘောလခဲ
ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စတင်ကျင်းပရာ ကျောင်းသား ကျောင်းသူ ၁၂၃ ဦး ဖြေဆို လျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူ များ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို စစ်ဗျူဟာ မှူး ဒုတိယဗိုလ်မှူးကြီး ဟန်ဇော်ဦး၊ ခရိုင်/မြို့နယ် ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်နှင့် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ကူညီ ပံ့ပိုးပေးသည်။
ဘောလခဲစာစစ်ဌာနတွင် စာရင်းရှိ ၁၂၉ ဦးအနက် ၁၂၃ ဦး ဝင်ရောက်ဖြေဆိုပြီး ခြောက်ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၅ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)