
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစတင်ကာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ မြို့နယ်များအလိုက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာမှုများအား စုစည်းဖော်ပြအပ်ပါသည်။
တာမွေ
ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ၌ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၆၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ၁၅၇ဦး၊ ကျောင်းသူ ၂၃၅ ဦး စုစုပေါင်း ၃၉၂ ဦး အောင်မြင် ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၆၂ ရာခိုင်နှုန်းရှိကာ ခြောက်ဘာသာ ဂုဏ်ထူးရှင်နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ လေးဘာသာ ဂုဏ်ထူး ရှင် ၁၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၇၈ဦး စုစုပေါင်းဂုဏ်ထူးရှင် ၁၅၆ ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)
လွိုင်ကော်
ကယားပြည်နယ်အတွင်း မြို့နယ်များရှိ စာစစ်ဌာနလေးခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သူ ၉၂၁ ဦးရှိရာ ၆၃၇ ဦး အောင်မြင်ကြ သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၆၉ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ပြည်နယ်အတွင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ များအနက် မြန်မာစာဂုဏ်ထူးရှင် ၂၅ ဦး၊ အင်္ဂလိပ်စာဂုဏ်ထူးရှင် ခုနစ်ဦး၊ သင်္ချာဂုဏ်ထူးရှင် ၂၀ ၊ ဓာတုဗေဒဂုဏ်ထူးရှင် ၃၅ ဦး၊ ရူပဗေဒ ဂုဏ်ထူးရှင် ၆၈ ဦး၊ ဇီဝဗေဒဂုဏ်ထူးရှင် ၇၇ ဦး၊ ပထဝီဝင်ဘာသာရပ် ဂုဏ်ထူးရှင် ၇၈ ဦး၊ သမိုင်းဂုဏ်ထူးရှင် ၄၃ ဦး ၊ ဘောဂဗေဒ ဂုဏ်ထူးရှင် ၁၂၁ ဦး စုစုပေါင်း ဘာသာရပ်အလိုက် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၇၄ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရ သည်။
ကိုဇင်(လွိုင်ကော်)
နတ်မောက်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့ နှင့် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ထုတ်ပြန်ခဲ့ရာ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၇၇ ဒသမ ၈၆ ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ၅၆၉ ဦးအနက် ၄၄၃ ဦး အောင်မြင်ခဲ့ပြီး ငါးဘာသာဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာဂုဏ်ထူး ရှင် ကိုးဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၄၀ ၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၄၀ နှင့် ရိုးရိုးဖြင့်အောင်မြင်သူ ၃၀၃ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှဝင်း(နတ်မောက်)
ရသေ့တောင်
ရသေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်အောင်စာရင်းအား ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက် ရှိသည်။ ရသေ့တောင်မြို့နယ်ရှိ စာစစ်ဌာနနှစ်ခုတွင် ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃၃၃ ဦးအနက် အောင်မြင်သူ ၇၅၀ ရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၆ ဒသမ ၂၆ ရာခိုင်နှုန်းရှိသည်။ အောင်မြင်သူများ အနက် သုံးဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၅၅ ဦး နှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၅၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရသေ့တောင်(ပြန်/ဆက်)
ကျောက်ဖြူ
ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၈၂ ဦးရှိကာ အောင်မြင်သူ ၆၄၉ ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၉၁ ရှိကြောင်း သိရသည်။
အလားတူ မာန်အောင်မြို့နယ်ရှိ စာစစ်ဌာနများတွင် ဝင်ရောက် ဖြေဆိုသူ စုစုပေါင်း ၃၆၁ ဦးတွင် အောင်မြင်သူ ၂၁၅ ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၅၉ ဒသမ ၅၆ ဖြင့်လည်းကောင်း၊ ရမ်းဗြဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၈ ဦးအနက် အောင်မြင်သူ ၄၇၆ ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၁၉ ဖြင့် လည်းကောင်း၊ အမ်းမြို့နယ်စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၈၂၀ အနက် အောင်မြင်သူ ၄၈၉ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၉ ဒသမ ၆၃ ဖြင့်လည်းကောင်း အောင်မြင် ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
မလှိုင်
မလှိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာ လိုက်ပြီဖြစ်ရာ အောင်ချက်ရာခိုင်နှုန်း ၈၅ ဒသမ ၅၇ ရှိကြောင်းသိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန လေးခုတွင် ဝင်ရောက်ဖြေဆိုသူ ၉၉၁ ဦးအနက် ၈၄၈ ဦး အောင်မြင်ခဲ့သည်။ အဆိုပါ စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၅၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၇၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄၉ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၈၁ ဦး ၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၀၅ ဦး ရှိပြီး ဂုဏ်ထူးရရှိသူ စုစုပေါင်း ၅၁၃ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၃၅ ဦးရှိကြောင်း သိရသည်။ အောင်ဌေး(မလှိုင်)
ကံမ
ကံမမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်း(ကံမ)တွင် ကပ်ထားကြေညာထားသည်။
ကံမမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀၄ ဦး ဝင်ရောက်ဖြေဆိုရာ ၁၆၂ ဦး အောင်မြင်၍ အောင်မြင်မှုရာခိုင်နှုန်း ၇၉ ဒသမ ၄၁ရှိပြီး လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး နှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၅ ဦး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၆၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)
မိုင်းရယ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေဆိုသူ ၂၉ ဦးအနက် ၂၃ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက် ရာခိုင်နှုန်း ၇၉ ဒသမ ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အဆိုပါ ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများတွင် သုံးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးထွက်ရှင် နှစ်ဦး၊ တစ်ဘာ ဂုဏ်ထူးရှင် လေးဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၆ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ မိုင်းရယ် (ပြန်/ဆက်)
မိုးကောင်း
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပညာရေးမှူးရုံးနှင့် အထက(၁)စာစစ်ဌာန၌လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၇၉၆ ဦး အနက် ၆၃၃ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၇၉ ဒသမ ၅၂ ရှိကြောင်း၊ အောင်မြင်သူများအနက် ခြောက်ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅၈ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇၀ ၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၆၉ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၃၁၂ ဦးရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)
ပျဉ်းမနား
ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ကို စာစစ်ဌာနလေးခုတွင် ကျောင်းသား ကျောင်းသူ ၁၁၆၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂၀ ၊ သုံးဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅၁ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၈၀ စုစုပေါင်း ၂၉၉ ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ ၅၂၇ ဦး၊ စုစုပေါင်းအောင်မြင်သူ ၈၂၆ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၈၄ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ မျိုးသီဟ(ပြန်/ဆက်)
အုတ်တွင်း
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၆၅ ရှိကြောင်း သိရသည်။ အုတ်တွင်း မြို့နယ်ရှိ အုတ်တွင်း၊ ကျွဲပွဲ၊ တပ်နယ်၊ ထန်းကုန်း စာစစ်ဌာနလေးခုမှ ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၄၀၂ ဦးရှိပြီး အောင်မြင်သူ ၂၈၄ ဦးရှိသည်။
အဆိုပါ အောင်မြင်သူများတွင် လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၈၅ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၁၀၇ ဦး ပေါ်ထွက် ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)