နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုအား အကြမ်းဖက်အဖွဲ့များက ရက်စက်စွာ သတ်ဖြတ်

နေပြည်တော်  ဒီဇင်ဘာ   ၉


စစ်ကိုင်းတိုင်းဒေသကြီး     မြိုင်မြို့နယ် မြို့စိုး(တောင်)ကျေးရွာနေ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှစတင်ကာ   မြို့စိုး ကျေးရွာအုပ်စု စာရေးအဖြစ် တာဝန်ထမ်း ဆောင်သူ  ဒေါ်အေးအေးပြုံးအပါအဝင် မိသားစုဝင်သုံးဦးကို  ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့ များက  ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း တာဝန်သိပြည်သူများ၏  သတင်းပေးပို့ ချက်အရ သိရှိရသည်။


ပြတ်ရှဒဏ်ရာများဖြင့် သေဆုံး


ထိုသို့သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အခြေခံ ပညာ အလယ်တန်းကျောင်းခွဲ(ဘောတုံ) ကျောင်းအုပ်တာဝန်    ထမ်းဆောင်သူ ဦးမင်းဇော် (ဘ)ဦးထွန်းစိန် အသက် ၅၂ နှစ်၊ ဇနီးဖြစ်သူ မြို့စိုးကျေးရွာအုပ်စုစာရေး ဒေါ်အေးအေးပြုံး(ဘ)ဦးရွှေလှိုင် အသက် ၅၄ နှစ်နှင့်  သမီးဖြစ်သူ  အခြေခံပညာ မူလတန်းကျောင်း      (မကျီးကုန်း) တွင် မူလတန်းပြတာဝန်      ထမ်းဆောင်သူ ဒေါ်အေးသူဇာ (ဘ)  ဦးမင်းဇော်  အသက် ၂၇ နှစ်တို့ကို ပုဆစ်တုပ်အနေအထားဖြင့် လည်ကုပ်များ၌  ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။


ဖြစ်စဉ်အား  အသေးစိတ်စစ်ဆေး ခဲ့ရာ မိသားစုဝင်သုံးဦးသည်  နေအိမ်၌ အိပ်ပျော်နေစဉ် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်သူ ၃၀ ခန့်က သေနတ်နှင့် ဓားများကိုင်ဆောင်၍  ရောက်ရှိလာပြီး CDM ပြုလုပ်ခြင်းမရှိသဖြင့်  ဒလန်ဟု စွပ်စွဲကာ  မိသားစုဝင်သုံးဦးကို  နေအိမ် ရှေ့၌  ဒူးထောက်ထိုင်ခိုင်း၍  ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖခင်၊ သမီး တို့မှာ  ပညာရေးဝန်ထမ်းနှင့်  မိခင်ဖြစ်သူ မှာ ကျေးရွာအုပ်စု စာရေးများဖြစ်ပြီး Non CDM သမားများဖြစ်ကာ နိုင်ငံ့တာဝန်များ အား  အစိုးရအဆက်ဆက် ရိုးသားစွာ၊ တာဝန်ကျေပွန်စွာ      ဆောင်ရွက်ခဲ့ သော်လည်း       CDM မပါခြင်းကြောင့်  “ငါနှင့်မတူ ငါ့ရန်သူ”ဟု သတ်မှတ်၍ လူမဆန်စွာ      ဒူးထောက်လျက် ရက်ရက်စက်စက်လည်ပင်းအား ဓားဖြင့် မသေမချင်းခုတ်ထစ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ 


ဖမ်းဆီးဖော်ထုတ်နိုင်ရေး ကြိုးပမ်း


ထိုသို့        နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုအပေါ် လူမဆန်စွာ သတ်ဖြတ်ခဲ့ ခြင်းအပေါ်  ဆွေမျိုးအသိုင်းအဝိုင်းက လည်း “ကမ္ဘာကြေသော်လည်း  ဥဒါန်း မကျေ” ကြောင်း   ကြွေးကြော်လျက် လူသားစိတ်ကင်းမဲ့ပြီး  ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမား များကို မြေလှန်ရှာဖွေကာ ဖမ်းဆီးဖော် ထုတ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လူမဆန်သည့် အကြမ်းဖက်သမားများ၏ သတင်းရရှိပါကလည်း တိုင်တန်းသတင်း ပေးပို့ရေး ဆွေမျိုးအသိုင်းအဝိုင်းများက ပတ်ဝန်းကျင်ရှိ         ကျေးရွာများသို့ အကူအညီ တောင်းခံထားကြောင်း သိရှိရ သည်။ 

 


နိုင်ငံ့တာဝန်များကို       အစိုးရ အဆက်ဆက် ရိုးသားစွာ တာဝန်ကျေပွန်ခဲ့ ကြသည့်       နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုများကို ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည့်  အကြမ်းဖက်အဖွဲ့ များကို   အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေး ရှာဖွေလျက်ရှိကြောင်း၊   အကြမ်းဖက် သမားများ ပုန်းခိုရာနေရာများ၊  လှုပ်ရှား သွားလာမှု      သတင်းများရရှိပါက  သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး   ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအသိပေး ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိ သည်။                             
  သတင်းစဉ်