
နေပြည်တော် ဇန်နဝါရီ ၆
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းသည် ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်ပညာရေး မှူးများ၊ မြို့နယ်ပညာရေးမှူးများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် ဖောင်ကြီး အခြေခံပညာ အထက်တန်း ကျောင်း၊ မင်းကုန်းအခြေခံပညာအထက်တန်းကျောင်းများသို့ သွား ရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယ ဝန်ကြီးက အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို အမှန်တကယ် ပညာ တတ်မြောက်အောင် သင်ကြားပေးကြရမည် ဖြစ်ပါ ကြောင်း၊ ပညာတတ်အောင် သင်ကြားပေးခြင်းနှင့် အတူ ယဉ်ကျေးလိမ္မာအောင်၊ နိုင်ငံ ချစ်စိတ် မျိုးချစ်စိတ်ရှိအောင်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သော ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံ သားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ် ပါကြောင်း၊ ထိုသို့ပြုစုပျိုးထောင် ရာတွင် မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်း၍ လက်တွဲညီညီကြိုးစားဆောင်ရွက်ကြရန် အရေးကြီးပါ ကြောင်း၊ နိုင်ငံသားတိုင်း အခြေခံ ပညာကို KG+ 9 အထိ မဖြစ်မနေ သင်ကြားနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်နှစ်တစ်နှစ် အောင်မြင် ပြီးမြောက်အောင် သင်ယူနိုင်ရေး အတွက် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့် သစ္စာရှိရှိ ကြိုးစား သင်ကြားပေးနေကြသည့် ဆရာ ဆရာများအားလုံးကို အထူး ကျေးဇူးတင် ဂုဏ်ယူပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ဆရာ၊ မိဘများ ကြည်နူးပျော်ရွှင်စွာ လက်တွဲ၍ ပညာရေး စုံညီပွဲတော်များ၊ အားကစားပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ ဆောင်ရွက်နေသည်ကို ဝမ်းမြောက်စွာ တွေ့မြင်ရပါ ကြောင်း၊ ကျောင်းများတွင် စီမံ ရေးရာဆိုင်ရာ၊ ဘဏ္ဍာရေးရာ ဆိုင်ရာနှင့် ပညာရေးဆိုင်ရာ လုပ်ငန်း လိုအပ်ချက်၊ အခက်အခဲ များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြစေလိုပါကြောင်း၊ လိုအပ် ချက်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြောကြားကာ လိုအပ် သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်