နိုင်ငံသားများအနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာစေရေး အသိပညာများရှိရန်အတွက် အတန်းပညာများ တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်

နေပြည်တော်    ဇန်နဝါရီ    ၂၇


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊   တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။                                                                                                                                                                
အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့်  မန်းငြိမ်းမောင်၊  Jeng Phang နော်တောင်၊  ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးကိုကို၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊  ဦးအောင်သန်းဦး၊  ဦးခင်ရီ၊  ဦးမြင့်ကြိုင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဒုတိယဝန်ကြီးများတက်ရောက်ကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က Video Conferencing ဖြင့် တက်ရောက်ကြသည်။


ဆွေးနွေးမှာကြား


ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်  တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို  တာဝန်ရှိသူများအနေဖြင့်        စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန်  အခြေအနေ၊  နိုင်ငံသားများ အနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာစေရေး အသိပညာများရှိရန်အတွက်  အတန်းပညာများ  တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်မှုနှင့် နိုင်ငံအတွင်း အသိပညာရှင်များ၊ အတတ် ပညာရှင်များ ပေါများရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှုအခြေ အနေ၊    ဥပဒေပြုရေးနှင့်ပတ်သက်၍    ဥပဒေများပြဋ္ဌာန်းရာတွင် အားနည်းချက်များမရှိစေရေး အားလုံးဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ရန် နှင့် ဥပဒေပြုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် အလေးအနက် စဉ်းစားဆောင်ရွက်ရန် လိုအပ်မှု အခြေအနေ၊ နိုင်ငံသားများနှင့် နိုင်ငံပိုင်အဆောက်အဦများ လုံခြုံရေး အတွက်ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဆောင်ရွက်လျက်ရှိမှုအခြေ အနေ၊ ဝန်ကြီးဌာနများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အသိ၊ သတိဖြင့် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ပြည်သူများအားလုံး ညီညွတ်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုများ နည်းပါးအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရန်လိုအပ်မှုအခြေအနေများကို အကျယ်တဝင့်ဆွေးနွေးမှာကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက်  အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များ၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ရှေးဟောင်းနယ်မြေများနှင့်  ရှေးဟောင်းအဆောက်အဦများ ရေရှည် တည်တံ့စေရေးအတွက်   စနစ်တကျဖြင့်  ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုနှင့်  ပြည်ပခရီးသွားများအား  ဆွဲဆောင်မှုရှိအောင် ပြုပြင် ထိန်းသိမ်း၍ နိုင်ငံ၏ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေ၊ သစ်တောကြိုးဝိုင်းများထိန်းသိမ်းဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များအား စနစ်တကျဖြင့် ထိန်းသိမ်းရန်လိုအပ်မှုနှင့် စိုက်ပျိုးမြေအဖြစ်ဆောင်ရွက်ရန် ခွင့်ပြုထားသည့် သစ်တောမြေနေရာ များတွင်   စည်းကမ်းချက်များနှင့်အညီ    စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်၍ ထိထိရောက်ရောက်အသုံးချနိုင်ရေး တာဝန် ရှိသူများက ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သည့်အခြေ အနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်