
နေပြည်တော် ဧပြီ ၈
ပြည်ထောင်စုနယ်မြေ နေပြည် တော်၌ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်း များ စာရင်းရေးသွင်းခြင်း ဆိုင်ရာနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) နှင့် လူတစ်ဦးချင်း ထုတ်ပေးသည့် နိုင်ငံသားစိစစ် ရေးကတ် မှတ်တမ်းတင် စာရင်းပုံစံ နိုင်-၄ ကို အသုံးပြု၍ အပြန်အလှန်စစ်ဆေးနိုင်ရေးကို IT နည်းပညာဖြင့် ပြုလုပ်မည်ဖြစ် ကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ ဆောင်ရွက် မည့် နိုင်-၄ မှတ်တမ်းများ စာရင်း ရေးသွင်းခြင်း အချိန်မီပြီးစီးရေးနှင့် မှန်ကန် မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်း ရေးသွင်းခြင်းဆိုင်ရာနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်း လုပ်ငန်း များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြရာ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖြည့်စွက်ဆွေးနွေး သည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်