နိုင်ငံသားစိစစ်ရေးကတ်များ e-ID စနစ်ဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

ဆင်ပေါင်ဝဲ    မေ    ၂၆


မကွေးတိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး   ဦးစိုးပိုင်မြင့်သည်   မေ ၂၆ ရက် မွန်းလွဲပိုင်းက ဆင်ပေါင်ဝဲမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌   နိုင်ငံသားစိစစ်ရေးကတ်  ထုတ်ပေးမှုမှတ်တမ်းကို e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက်  မြို့နယ်ဌာနဆိုင်ရာများအား  တွေ့ဆုံရာ လူမှုရေးရာ  ဝန်ကြီးက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန လုပ်ငန်းများဆောင်  ရွက်ရာတွင်   ပြည်သူကို တိုက်ရိုက်ထိရောက်မှုရှိရန် လိုအပ်ကြောင်း၊      ယခုအခါ  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေကြပြီဖြစ် သည့်အတွက်   ရာနှုန်းပြည့်  ကျောင်းအပ်နှံနိုင်ရေး   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊   ကျောင်းသား  ကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံပေးရန်၊  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး   လုပ်ငန်းများ   ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ရွေးကောက်ပွဲဆိုင်ရာမဲစာရင်းများ ပြုစုရေးသွင်းရာတွင် အချက်အလက် များ ပြည့်စုံမှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ Excel Format  ရေးသွင်းနေမှုနှင့် e-ID စနစ် Software ရေးသွင်းမှု ပြီးစီးရေး အလေး ထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားသည်။


နိုင်လင်း(ပြန်/ဆက်)