နိုင်ငံရေးရည်ရွယ်ချက်နဲ့ ကျေးဇူးတရားကို ချေဖျက်တဲ့ ဩဇာခံနိုင်ငံ

Type
5

 

ကိုရင်မောင်

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ Antara သတင်းဌာနက  “ Jakarta (ANTARA) - Deputy head of the Inter-Parliamentary Cooperation Agency (BKSAP) of the House of Representatives (DPR), Achmad Hafisz Thohir, stated the world, especially ASEAN countries, must take concrete action for the Myanmar and Rohingya issues.” ဆိုပြီး သတင်းထုတ်ပြန်လိုက်တာကို တွေ့ရ ပါတယ်။ အင်ဒိုနီးရှားအောက်လွှတ်တော်ရဲ့ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Chairman of the Inter- Parliamentary Cooperation Agency – BKSAP) ဒုတိယဥက္ကဋ္ဌ အာမတ် ဟာဖစ် တိုဟီက ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ပြတ်ပြတ်သားသား အရေးယူရမှာဖြစ်တယ်လို့ ပြောကြားလိုက်တာ ကြားသိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀  ရက်နေ့  သတင်း မီဒီယာတွေနဲ့      တွေ့ဆုံပွဲတစ်ခုမှာ    အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့        ပါလီမန်များပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဋ္ဌက ကမ္ဘာ့နိုင်ငံ တွေ အထူးသဖြင့် အာဆီယံဒေသရှိ နိုင်ငံတွေဟာ ဘင်္ဂါလီလူမျိုးစု     (၎င်းတို့အဆို     ရိုဟင်ဂျာ)    နဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ခိုင်မာစွာ အရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရှုတ်ချရုံနဲ့ မလုံလောက်ကြောင်း၊ မြန်မာနိုင်ငံကို  ကမ္ဘာ့ဖိုရမ် အမျိုးမျိုးမှ    ဖယ်ထုတ်ပြီး    လက်နက်နဲ့စီးပွားရေး ပိတ်ဆို့တာ၊   ၎င်းတို့ရဲ့  နိုင်ငံကူးလက်မှတ်နဲ့  ဗီဇာ တွေကို ရပ်ဆိုင်းပစ်တာနဲ့  လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးကို ဆွဲတင်ပြီး    အရေးယူဆောင်ရွက်တာတွေ   လုပ်ဖို့ လှုံ့ဆော်ပေးခဲ့တာကို တွေ့ရပါတယ်။
ထိပါးစော်ကား
ဒါ့အပြင် လက်ရှိအာဏာရနေတဲ့  မြန်မာအစိုးရ ဟာ  ဘင်္ဂါလီတွေကို ဂရုမစိုက်တော့ဘဲ အစုလိုက် အပြုံလိုက်    သတ်ဖြတ်မှုတွေ    လုပ်ဆောင်ဖို့ တွန့်ဆုတ်နေခြင်းမရှိတာကို တွေ့မြင်နေရကြောင်း၊ လက်ရှိမြန်မာအစိုးရရဲ့      တာဝန်ဝတ္တရားကင်းမဲ့မှု တွေအပါအဝင် အခြေခံလူ့အခွင့်အရေးတွေ မရနိုင် တဲ့အတွက်ကြောင့် ဘင်္ဂါလီတွေရဲ့ ဘဝကံကြမ္မာဟာ ပိုမိုပြီး   ဝေဝါးလာပါကြောင်း၊    ထိုသို့သော  အခြေ အနေမျိုးမှာ  အာဆီယံနိုင်ငံသားတွေ အားလုံးဟာ မြန်မာနိုင်ငံအစိုးရကို       ဘင်္ဂါလီလူမျိုးစုအပေါ် အကြမ်းဖက်မှုနဲ့     လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့    ထပ်တိုးအရေးယူမှုတွေ   ပြုလုပ်ရမှာ ဖြစ်ပြီး    မြန်မာနိုင်ငံကို   အမှန်တကယ်အရေးယူဖို့ အာဆီယံနိုင်ငံတွေကို  ဖိတ်ခေါ်ပါကြောင်း  အရှက် သိက္ခာမရှိ  ပြောကြားလိုက်တာကို ကြားသိခဲ့ရပါ တယ်။
အာမတ်    ဟာဖစ်   တိုဟီဟာ          အင်ဒိုနီးရှား အောက်လွှတ်တော်ရဲ့    ခေါင်းဆောင်တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံအပေါ် လက်လွတ်စပယ်ပြောဆို လိုက်တာမဟုတ်ဘဲ လူမျိုးရေးအရ လည်းကောင်း၊ သခင်အားရအောင်        ကျွန်ပါးဝတဲ့      အနေနဲ့ လည်းကောင်း၊  အချိန်အခါအရ   နိုင်ငံရေးအမြတ် ထုတ်လို၍လည်းကောင်း       ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာဖြစ်ပါတယ်။    ဘယ်လိုပဲပြောပြော အာမတ်   ဟာဖစ်   တိုဟီဟာ    မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ      ကောင်းမွန်ခဲ့တဲ့     ဆက်ဆံရေးသမိုင်း ကြောင်းနဲ့ မြန်မာနိုင်ငံက  အင်ဒိုနီးရှားနိုင်ငံအပေါ် ကျေးဇူးပြုခဲ့တာတွေကို သတိမူသင့်ပါတယ်။  နိုင်ငံ သမိုင်းကြောင်းကို မလေ့လာဘဲ ဘင်္ဂါလီအရေးကို ဆရာကြီးအကြိုက်ရှေ့တန်းတင်ပြီး    မြန်မာနိုင်ငံ အပေါ် ထိပါးစော်ကားလာတဲ့ နိုင်ငံရေးတိုက်ကွက် ဟာ   စိတ်ပျက်စရာကောင်းလှပါတယ်။    နှစ်နိုင်ငံ ကောင်းမွန်တဲ့       ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်လည်လေ့လာပြီး    ဆင်ဆင်ခြင်ခြင်   ပြောသင့် ပါတယ်။
ခေတ်ဆိုးကာလ
အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလို့ အင်ဒိုနီးရှား နိုင်ငံဟာ  နိုင်ငံတွင်းပုန်ကန်မှု၊ မငြိမ်သက်မှုတွေနဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကြားမှာ     ရုန်းကန် ထိန်းသိမ်းခဲ့ရပါတယ်။ အာချေးနဲ့ ပါပူအာ အပါအဝင် အချို့လှုပ်ရှားမှုတွေဟာ     လက်နက်ကိုင်ပဋိပက္ခ အဖြစ်ကို     ကူးပြောင်းသွားပြီး   နောက်ဆက်တွဲ အနေနဲ့ နှစ်ဖက်စလုံးမှာ လူ့အခွင့်အရေးချိုးဖောက် မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခဲ့ ရပါတယ်။ 
အာချေးပြဿနာကို ၂၀၀၅ ခုနှစ်မှာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း     ပါပူအာပြဿနာဟာ ဆက်လက်ရှိနေခဲ့ပါတယ်။      သမ္မတ     ဆူဆီလို ဘမ်ဘန်း  ယူဒိုယိုနို အာဏာရယူပြီးတဲ့ အချိန်မှစလို့ ပြီးပြည့်စုံမှုမရှိသော်လည်း သိသာထင်ရှားတဲ့ ဒေသ တွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဥပဒေကို အကောင် အထည်ဖော်ပြီးတဲ့နောက် ကြမ်းကြုတ်ရက်စက်မှု တွေနဲ့ လူ့အခွင့်အရေး  ချိုးဖောက်မှုတွေ ကျဆင်း လာပါတယ်။    အခြား   စစ်တပ်ရဲ့   ပါဝင်ပတ်သက်မှု တွေမှာ    နယ်သာလန်၊    နယူးဂီနီနဲ့     တိုက်ခိုက်ပြီး အင်ဒိုနီးရှားနယ်နိမိတ်အတွင်း      သွတ်သွင်းတာ၊ မလေးရှားနိုင်ငံ    ထူထောင်တာကို     ဆန့်ကျင်တဲ့ အင်ဒိုနီးရှား-မလေးရှား ထိပ်တိုက်ရင်ဆိုင်မှုတွေ၊  ပီကေအိုင်ကို  တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံးစစ်ပွဲ ဖြစ်တဲ့ အရှေ့တီမောကို ကျူးကျော်ဝင်ရောက်တာ တွေ ဖြစ်ခဲ့ပါတယ်။ 
မြန်မာနိုင်ငံနဲ့     ပတ်သက်လို့   အာဆီယံအဖွဲ့ကို မြန်မာနိုင်ငံ  စတင်ဝင်ရောက်ခဲ့စဉ်က အင်ဒိုနီးရှား နိုင်ငံဟာ    လိုလိုလားလားကြိုဆိုခဲ့သလို   နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းကြောင်းမှာလည်း ဆက်ဆံရေး ကောင်းတွေရှိထားပါတယ်။  အင်ဒိုနီးရှားနိုင်ငံအနေ နဲ့     လွတ်လပ်ရေးရခဲ့ပြီး    အဲဒီလွတ်လပ်ရေးကို ခက်ခဲစွာထိန်းသိမ်းနေရတဲ့     အချိန်ကာလမှာ မြန်မာပြည်သူတွေဟာ   အဖိုးမဖြတ်နိုင်တဲ့   အကူ အညီတွေ       ပေးခဲ့ကြပါတယ်၊       အဲဒီအချိန်မှာ သက်တမ်းအင်မတန်နုနယ်သေးတဲ့     အင်ဒိုနီးရှား နိုင်ငံဟာ နိုင်ငံရဲ့ရပ်တည်ဖြစ်ပေါ်မှုကို ခြိမ်းခြောက် လျက်ရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလို အရေးကြီးတဲ့ နှစ်ကာလတွေမှာ မြန်မာခေါင်းဆောင် တွေက အင်ဒိုနီးရှားနိုင်ငံနဲ့ ပတ်သက်တဲ့ ညီလာခံ တစ်ရပ်ကို  နယူးဒေလီမြို့မှာ ကျင်းပဖို့ အိန္ဒိယနိုင်ငံ ကို    တိုက်တွန်းခဲ့ပါတယ်။       ဒီညီလာခံဟာ   အင်ဒိုနီးရှားနိုင်ငံရဲ့    လွတ်လပ်မှုကို   နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုလာဖို့ အခြေအနေ ဖြစ်စေခဲ့ပါတယ်။
မမေ့အပ်တဲ့ သမိုင်း 
အဲဒီအချိန်က    အင်ဒိုနီးရှားနိုင်ငံရဲ့    ကြိုးပမ်း လှုပ်ရှားမှုတွေကို   ကမ္ဘာတစ်ဝန်းမှ   သိရှိနိုင်ရေး အတွက် အသံထုတ်လွှင့်နိုင်ဖို့ ဆက်သွယ်ရေးစနစ် တစ်ရပ်ကိုလည်း     မြန်မာနိုင်ငံမှာ      တပ်ဆင်ခွင့် ပေးခဲ့ပါတယ်။     ဒါ့အပြင်    အင်ဒိုနီးရှားနိုင်ငံရေး အတွက်    ရန်ပုံငွေတွေရှာဖွေဖို့နဲ့      အင်ဒိုနီးရှား လွတ်မြောက်ရေး           တိုက်ပွဲဝင်သူတွေအတွက်   လက်နက်တွေပံ့ပိုးဖို့၊ ဂါရုဒါအင်ဒိုနီးရှားလေကြောင်း လိုင်းကို  ပျံသန်းပြေးဆွဲဖို့ကိုလည်း မြန်မာနိုင်ငံက ခွင့်ပြုပေးခဲ့ပါတယ်။     အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အဆိုပါဖြစ်ရပ်တွေကို     ဘယ်တော့မှ   မေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်နိုင်ငံ သမိုင်းမှတ်တမ်းတွေကို ယခင်က အင်ဒိုနီးရှားနိုင်ငံရဲ့  ခေါင်းဆောင်သမ္မတ ဆူဟာတို ကိုယ်တိုင်  ပြောကြားခဲ့တာ  ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇွန်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို ထိုစဉ်က    မြန်မာနိုင်ငံအကြီးအကဲ  ရောက်ရှိစဉ် အင်ဒိုနီးရှားသမ္မတ   ဆူဟာတို      ပြောကြားခဲ့တဲ့ ကျေးဇူးတင်စကားဟာ ယနေ့ထက်တိုင်  မမေ့အပ် တဲ့ နှစ်နိုင်ငံသမိုင်းမှတ်တမ်း ဖြစ်ပါတယ်။ 
ဒါ့ပြင်  အင်ဒိုနီးရှားနိုင်ငံဟာ   ၁၉၉၇  ခုနှစ်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကိုလည်း  ကန့်ကွက်ခဲ့ပါသေး တယ်။ မြန်မာအရေးကိစ္စမျိုးမှာ ပိတ်ပင်မှုတွေဟာ ဆီလျော်လိမ့်မယ်၊       အလုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့    အာဆီယံက    မယုံကြည်ပါဘူးလို့ ထိုစဉ်က             အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အလာတပ်စ်က          ပြောကြားပေးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ    အာဆီယံအဖွဲ့အတွင်း ထိုက်သင့်တဲ့     ခေါင်းဆောင်မှုမျိုး   ပေးနိုင်ခဲ့သလို အာဆီယံအဖွဲ့ကို ပြင်ပသွေးထိုးမှုရန်တွေကလည်း ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံ နဲ့      အပြန်အလှန်ကျေးဇူးတရားတွေ        ရှိခဲ့တဲ့ အင်ဒိုနီးရှားအနေနဲ့       ယနေ့အချိန်မှာတော့ အင်အားကြီးနိုင်ငံကြီးရဲ့       ဩဇာလွှမ်းမိုးခံဘဝနဲ့ စွက်ဖက်သွေးခွဲမှုတွေကြောင့်     အင်ဒိုနီးရှားနိုင်ငံ အပေါ် မြန်မာနိုင်ငံထားရှိခဲ့တဲ့   ကျေးဇူးတရားကို ချေဖျက်တာဟာ   စိတ်မကောင်းစရာဖြစ်ပါတယ်။ ကျေးဇူးတရားဆိုတာ   ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မချေဖျက်သင့်ပါဘူးဆိုတာ ဘာသာတရား တိုင်းမှာ ရှိပါတယ်။
ရည်ရွယ်ချက်ရှိရှိ
တကယ်တော့ ယခုအောက်လွှတ်တော် ဒုဥက္ကဋ္ဌ က      ပြောကြားခဲ့တဲ့စကားဟာ   ၂၀၂၃    ခုနှစ် နိုဝင်ဘာလလယ်လောက်ကစပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ထဲကို ခိုးဝင်လာတဲ့ ဘင်္ဂါလီအရေး ကိစ္စကို အကြောင်းခံပြီး မြန်မာနိုင်ငံအပေါ် ရမယ် ရှာလာတာ ဖြစ်ပါတယ်။ ဘင်္ဂါလီတွေ  အင်ဒိုနီးရှား နိုင်ငံထဲကို     ခိုးဝင်လာကြတာဟာ   မြန်မာနိုင်ငံနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ သိသာထင်ရှားနေပါ တယ်။      ဘင်္ဂလားဒေ့ရှ်နိုင်ငံ    ဒုက္ခသည်စခန်းက ဘင်္ဂါလီ     တစ်ရာကျော်ဟာ     အင်ဒိုနီးရှားနိုင်ငံ စူမာတြာကျွန်းမကြီးရဲ့ အနောက်မြောက်ဘက်စွန်း ရှိ   ကျွန်းတစ်ကျွန်းပေါ်ကို   လှေစီးပြေးဒုက္ခသည် တွေအဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။ အာချေး ပြည်နယ်မှာ ဘင်္ဂါလီတွေကို ကယ်တင်တယ်ဆိုတဲ့ သတင်းကြားလို့ လာခဲ့တာဖြစ်တယ်လို့  လှေစီးပြေး ဒုက္ခသည်တစ်ဦးက   ပြောပါတယ်။  သူတို့ဘဝကို၊ သူတို့အနာဂတ်ကို ကယ်တင်ဖို့အတွက် အင်ဒိုနီးရှား ကို လာခဲ့တာလို့ ပြောပါတယ်။ 
လှေစီးပြေးဘင်္ဂါလီတွေဟာ  လူကုန်ကူးခံရတာ ဖြစ်ပါတယ်။  
အင်ဒိုနီးရှားနိုင်ငံ  ရောက်တဲ့အခါမှာ ဒေသခံတွေရဲ့ မကြည်ဖြူတာကြောင့်          နှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေက   ဘင်္ဂါလီတွေဟာ  အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်ငံတည်းကို   ရောက်ရှိလာကြတာ  မဟုတ် ပါဘူး။    ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေဟာ     သူတို့သဘော၊    သူတို့ဆန္ဒနဲ့ လှေစီးပြေးဒုက္ခသည်တွေအဖြစ်  မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊   မြန်မာနိုင်ငံ၊  သီရိလင်္ကာနိုင်ငံ    စတဲ့ နီးစပ်ရာနိုင်ငံတွေကို တရားမဝင် ဝင်ရောက်လာနေ ကြတာဖြစ်ပါတယ်။   ပင်လယ်ပြင်မှာ    သောင်တင် နေတဲ့  ဘင်္ဂါလီတွေကို အင်ဒိုနီးရှားအစိုးရက လက်ခံ ခဲ့ပြီးဖြစ်သော်လည်း     အင်ဒိုနီးရှားအောက်လွှတ် တော်မှ ပုဂ္ဂိုလ်ကြီးက မြန်မာနိုင်ငံကို  အပြစ်ပုံချ ပြီးတော့    နိုင်ငံတကာက     ထိထိရောက်ရောက် အရေးယူဖို့    ပြောဆိုလိုက်တာဟာ   နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ ဖြစ်ပါတယ်။
ကာယကံရှင်တွေသိ
ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူလ ဇာတိဖြစ်ပါတယ်။   သမိုင်းကြောင်း  ရှည်လျားပြီး ရှုပ်ထွေးနက်နဲတဲ့   ခိုးဝင်ဘင်္ဂါလီပြဿနာတွေကို ခေတ်အဆက်ဆက်အစိုးရတွေက ဖြေရှင်းနေရပါ တယ်။ မြန်မာနိုင်ငံမှာ  မွေးဖွားနေထိုင်ခဲ့တဲ့သူတွေမှန်ရင်၊ မြန်မာနိုင်ငံ  ဥပဒေတွေနဲ့ ကိုက်ညီရင် အချိန် မရွေး  လက်ခံဖို့အသင့်ရှိပါတယ်။   ဥပဒေအချက် အလက်တွေနဲ့မကိုက်ညီလို့       မြန်မာနိုင်ငံကို ပြန်လည်ဝင်မလာကြတာဖြစ်ပါတယ်။    မြန်မာ နိုင်ငံအနေနဲ့      လူသားချင်းစာနာထောက်ထား၊ လူ့အခွင့်အရေးကို   အလေးထားပြီး  နေရပ်စွန့်ခွာ သွားတဲ့    ဘင်္ဂါလီတွေကို    မြန်မာနိုင်ငံရဲ့   ဥပဒေ တွေနဲ့အညီ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘော တူညီချက်နဲ့    စနစ်တကျပြန်လည်လက်ခံနိုင်ဖို့ တစိုက်မတ်မတ်  အဆင်သင့်ပြင်ဆင်   လုပ်ကိုင် ပေးထားပါတယ်။ သူ့အကြောင်းနဲ့သူ၊  သူ့သဘော ဆန္ဒနဲ့သူ  ရောက်မလာတာကတော့ ကာယကံရှင် တွေကိုယ်တိုင်ပဲ သိနိုင်ပါတယ်။
အခုကိစ္စမှာ     သူတို့နှစ်သက်တဲ့၊    သူတို့ကို ကယ်တင်စောင့်ရှောက်ပေးမယ်ထင်တဲ့၊     သူတို့နဲ့ အမျိုးအနွယ်၊ ဘာသာဆက်စပ်တဲ့  အသိုက်အဝန်း တွေဆီကို    သွားကြတာဖြစ်ပါတယ်။      အဲဒီလို သွားရောက်ကြတာဟာ    မြန်မာနိုင်ငံ   ပယောဂ စိုးစဉ်းမျှမပါဘူးဆိုတာလည်း    အဲဒီဘင်္ဂါလီတွေ အသိဆုံးဖြစ်ပါတယ်။   အခုတော့    အင်ဒိုနီးရှား အောက်လွှတ်တော်    ပါလီမန်များ     ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ      ဒုတိယဥက္ကဋ္ဌကြီး ပြောလိုက်တဲ့စကားဟာ      ဘင်္ဂါလီအရေးကို အကြောင်းပြပြီး      မြန်မာနိုင်ငံပြည်တွင်းရေးကို တမင်သက်သက်      ဝင်ရောက်စွက်ဖက်လိုက်တာ ထင်ရှားပါတယ်။ နေရပ်စွန့်ခွာကြတဲ့ ဘင်္ဂါလီအရေး ဟာ အခုမှဖြစ်နေတာမဟုတ်ပါဘူး။ ခေတ်အဆက် ဆက်   ပေါ်ပေါက်နေတဲ့အရေးသာ  ဖြစ်ပါတယ်။  နေရပ်စွန့်ခွာ  တရားမဝင်   ရွှေ့ပြောင်းခိုလှုံသူတွေ ကိစ္စဟာ    ကမ္ဘာပေါ်က   နိုင်ငံအတော်များများမှာ ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ယုတ်ညံ့တဲ့လုပ်ရပ်
ဒါပေမယ့် ဘင်္ဂါလီအရေးနဲ့  ပတ်သက်လာရင် မြန်မာနိုင်ငံအပေါ် ပုံကြီးချဲ့ကား အကြိမ်ကြိမ်ဖိအား ပေးနေကြတာကို ကုလသမဂ္ဂကအစ  အိုအိုင်စီနိုင်ငံ တွေရဲ့ အလုပ် တစ်ခုဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ကတော့     ဇာတ်တူသား အချင်းချင်းဖြစ်တယ်ဆိုပေမယ့် သူတို့ရဲ့  နိုင်ငံရေး သမိုင်းမှာ မြန်မာနိုင်ငံက ကူညီဆောင်ရွက်ပေးခဲ့ တာကို မထောက်ထားဘဲ   အပြစ်ပုံချ   ဖိအားပေး စွက်ဖက်နှောင့်ယှက်လာတာဟာ        နိုင်ငံက ဘယ်လိုပဲ    အဆင့်အတန်းမြင့်မြင့်  စိတ်ဓာတ်က အောက်တန်းကျနေတာ      ပေါ်လွင်နေပါတယ်။ အင်ဒိုနီးရှား  ခေတ်ဆိုးကာလတုန်းက မြန်မာနိုင်ငံက စေတနာရှေ့ထား     ကူညီခဲ့ပေမယ့်       မြန်မာနိုင်ငံ အခက်အခဲဖြစ်နေချိန်မှာ      ပြန်လည်မကူညီဘဲ အနှောင့်အယှက်ပေးတာဟာ ယုတ်ညံ့တဲ့လုပ်ရပ်လို့  ဆိုလိုချင်ပါတယ်။ 
နေရပ်စွန့်ခွာသွားတဲ့    ဘင်္ဂါလီတွေ  ပြန်လည် လက်ခံရေးနဲ့ ပြန်လည်ထူထောင်ရေး  လုပ်ငန်းတွေ ကို    မြန်မာနိုင်ငံက  လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ အခါမှာလည်း ဇာတ်တူသားအချင်းချင်းဖြစ်လျက်နဲ့ ထဲထဲဝင်ဝင် ထိထိရောက်ရောက်  ဘာမှကူညီခဲ့တာ လည်းမရှိခဲ့ပါဘူး။ ဇာတ်တူသားတွေကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေ ကိုပဲ    တွေ့မြင်နေရပါတယ်။   မြန်မာနိုင်ငံအနေနဲ့ ခေတ်ဆိုးကာလကို   ယနေ့မှာ    ကျော်ဖြတ်နေဆဲ အချိန်ဖြစ်ပါတယ်။          အင်ဒိုနီးရှားနိုင်ငံကတော့ ခေတ်ဆိုးကာလကို ကျော်လွန်ပြီး စင်ပေါ်ရောက်နေ တဲ့ကာလ  ဖြစ်ပါတယ်။ ခေတ်ဆိုးကာလမှာ မြန်မာ နိုင်ငံက    ကူညီခဲ့တာတွေကို     မသိကျိုးကျွန်ပြုပြီး သူတို့      စင်ပေါ်ရောက်လာတဲ့အခါမှာ    မြန်မာနိုင်ငံရဲ့ ကျေးဇူးတရားတွေကို     ချေဖျက်ပစ်မယ်ဆိုရင် နောင်တစ်ချိန်မှာ သမိုင်းတစ်ပတ်လည်လိမ့်မယ်လို့ သတိပေးချင်ပါတယ်။ 
နိုင်ငံရေး၊ လူမျိုးရေးရည်ရွယ်ချက်ကို ရှေ့တန်း တင်ပြီး မိမိနိုင်ငံအပေါ်  ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကျေးဇူးတရားကို  ချေဖျက်တတ်တဲ့ အင်အားကြီး နိုင်ငံကြီးရဲ့ဩဇာခံ   စင်ပေါ်ရောက်နေတဲ့ နိုင်ငံဟာ အမြင်အရလှပေမယ့်       အတွင်းသရုပ်ပုပ်နေတဲ့ ရွံရှာဖွယ်နိုင်ငံမျိုးဖြစ်တယ်လို့          ပြောလိုက် ချင်ပါတယ်။      ။