
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
(Inn National League Party) နှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy
Party) တို့အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
တောင်ကြီး ဇွန် ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်များဖြစ် သော ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့် သိန်းတို့နှင့်အတူ ရှမ်းပြည်နယ်(တောင် ပိုင်း)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် မေလတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ (Inn Nati-onal League Party) နှင့် ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (Danu Nati-onal Democracy Party) တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုအခြေအနေ ကို တွေ့ဆုံစစ်ဆေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံ တင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားရှိသော နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် သွားရန်၊ ဥပဒေအရ သတ်မှတ်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုမိန့် ကျပြီးနောက် ရက်ပေါင်း ၉၀ အတွင်း စုစည်းရမည့် ပါတီဝင်အင်အား ပြည့်မီ အောင်စုဆောင်းရေးနှင့် ရက်ပေါင်း ၁၈၀ အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနများမှ ခွင့်ပြုချက် တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြု ပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံး များ ဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံး ဖွဲ့စည်းမှုများကို စနစ်တကျဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိ ပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသား စိစစ်ရေးကတ်ပြားများဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေး ဆောင်ရွက်သွားရန်၊ မြို့နယ်ပါတီရုံး များ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီ များမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းတင်ပြကြသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့တွင် အခြေစိုက်သည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီဌာနချုပ်သည် တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက် အနောက် မြို့ပတ်လမ်း အမှတ် (၁၈) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၅/၂၀၂၃) ဖြင့် လည်းကောင်း၊ အင်းအမျိုးသားအဖွဲ့ချုပ် ပါတီ (Inn National League Party) သည် ညောင်ရွှေမြို့ ကံသာရပ် တိတ်နန်းတံတား အနီး ရုံးကြီးလမ်းတွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၂၀/၂၀၂၃) ဖြင့် လည်းကောင်း၊ ဓနုတိုင်းရင်းသားလူမျိုး များ ဒီမိုကရေစီပါတီ (Danu National Democracy Party) ဌာနချုပ်ကို ကလော မြို့(၁၀) ရပ်ကွက် ချယ်ရီလမ်း အမှတ် (၁၀/ ၆၄)တွင် ဖွင့်လှစ်ထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် အမှတ် (၂၆/၂၀၂၃) ဖြင့် လည်းကောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်