နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အတည်ပြုလက်မှတ်ရေးထိုး

 

နေပြည်တော်    ဇန်နဝါရီ    ၃၁


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေး ကော်မတီအစည်း အဝေးကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး     အစည်းအဝေးခန်းမ၌    ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးသိန်းစိုးနှင့် ကော်မရှင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

 


ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က အဖွင့်အမှာစကားပြောကြားပြီး  ရေးဆွဲညှိနှိုင်းစိစစ်ပြီးဖြစ်သည့်     “နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်းနည်းဥပဒေများ”  ကို  ကော်မရှင် အဖွဲ့ဝင်များက အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန်  တင်ပြကြသည်။     ယင်းနောက်      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်      ဥက္ကဋ္ဌက အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပြန်သည်။

 


ထို့နောက် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော အထွေထွေကိစ္စရပ် များကို  အဖွဲ့ဝင်များက  ဆွေးနွေးတင်ပြကြပြီး ကော်မရှင်ဥက္ကဋ္ဌက  ဆွေးနွေးချက်များအပေါ်   ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရ သည်။                                     

သတင်းစဉ်