
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁ / ၂၀၂၂ )
၁၃၈၄ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း ၄ ရက်
( ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက် )
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို
ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ [UNION BETTERMENT PARTY (UBP)]ကို မှတ်ပုံတင်အမှတ် (၁၁၂)၊ ၂၅-၄-၂၀၁၉ ရက်စွဲပါ ကြေညာချက် အမှတ် (၅၈/၂၀၁၉)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ခဲ့ပါသည်။
၂။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ [UNION BETTERMENT PARTY (UBP)]က ၁၁-၁၀-၂၀၂၂ ရက်စွဲပါစာအမှတ်၊ ၁/ စီမံ-၁ / ပကဆ/(၂) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်း ပေးပါရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ၂၅-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၂)၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ (က) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြုခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ [UNION BETTERMENT PARTY (UBP)]ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။
(သိန်းစိုး)
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်