နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂ / ၂၀၂၃ )
၁၃၈၄ ခုနှစ် ၊ တပို့တွဲလဆန်း  ၁၁ ရက်
( ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ  ၃၁  ရက် )
နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်
၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု  မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို   ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၁၉ အရ  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို  ၂၀၂၃  ခုနှစ်၊  ဇန်နဝါရီလ  ၂၆  ရက်နေ့တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
၃။    နိုင်ငံရေးပါတီ တည်ထောင်လိုသူများသည် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ် (၂၂)၊ နေပြည်တော်သို့ ဤကြေညာချက် ထုတ်ပြန်သည့်နေ့မှစ၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်သည်။

    ( ပုံ ) သိန်းစိုး 
    ဥက္ကဋ္ဌ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်