နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆက်လက်၍လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

 

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံရေးရည်မှန်းချက်ဖြစ်

 

နေပြည်တော်   ဇန်နဝါရီ    ၂၇


ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင်    နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌  ကျင်းပရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စု ဝန်ကြီးများ တက်ရောက်ကြသည်။ 

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်က    အမှာစကားပြောကြားရာတွင်    ၂၀၂၀      ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်    မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့်    နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အကျည်း တန်သော စည်းကမ်းမဲ့မဲပေးမှုနှင့် မဲမသမာမှုများကို အခြေခံ၍ ပေါ်ပေါက်လာသည့်  CRPH ၊  NUG နှင့် PDF   အမည်ခံ  အကြမ်းဖက်သမားများက    အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအပေါ်  အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေမှု၊  နိုင်ငံရေးသဘောထား ကွဲလွဲမှုကြောင့်  ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ် မှုများကို    နိုင်ငံတော်အစိုးရက   ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့်  ဖြေရှင်းဆောင်ရွက်လျက် ရှိမှုနှင့်  နိုင်ငံ၏စီးပွားရေး  ဖြစ်ပေါ်ပြောင်းလဲလာမှု တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 


ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခြင်းကြောင့် နိုင်ငံစီးပွားရေးမှာ ထိုက်သင့်သလောက်တိုးတက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြား ရာတွင်  စီးပွားရေးနှင့်   ပတ်သက်၍  ယခင်အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းခဲ့ခြင်းနှင့်  ကိုဗစ် - ၁၉  ရောဂါ ဖြစ်ပွားခဲ့ခြင်းတို့ကြောင့်  မိမိတို့အစိုးရမှ နိုင်ငံတော် တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ၏ စီးပွားရေးမှာ ကျဆင်းနေသည့် အချိန်ဖြစ်ကြောင်း၊ ၂၀၁၈  ခုနှစ်မှစ၍  နိုင်ငံ၏စီးပွားရေးမှာ  ကျဆင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူ ပြီးနောက်ပိုင်းတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ    တိုးတက် စေရေး   အားပေးဆောင်ရွက်ခဲ့ရာ  ယခုအခါ  နိုင်ငံ၏ စီးပွားရေးမှာ ထိုက်သင့်သလောက် ပြန်လည်တိုးတက် ကောင်းမွန်လာပြီဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေး ကဏ္ဍမှာ         ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် ထုတ်ကုန်များကို အရည် အသွေးပြည့်မီရန်နှင့်  အရေအတွက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ရှိစေရန်အတွက်    ဈေးကွက်တွင်   လိုအပ်သည့် ကုန်ပစ္စည်းများကို ဖြည့်တင်းပေးနိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများ နှင့်  သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိရန်နှင့်        လူသားအရင်းအမြစ်များကိုလည်း လုံလောက်စွာရရှိအောင်      ဆောင်ရွက်ပေးရန်လို ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချ ပေးနိုင်မည်ဆိုပါက  ကုန်ဈေးနှုန်းကျဆင်းလာမည် ဖြစ်ကြောင်း။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသများအလိုက်   စားရေရိက္ခာများလုံလောက် အောင် ဆောင်ရွက်မည်ဆိုပါက ဈေးနှုန်းသက်သာစွာ ဖြင့် ပြည်သူများ   နေထိုင်စားသောက်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်စားရေရိက္ခာများဖူလုံစေရေး ဆောင်ရွက်ကြ ရန်လိုကြောင်း၊  စီးပွားရေးနှင့်  ပတ်သက်၍ ယခင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ သင်ခန်းစာများ ဖော်ထုတ်၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊  စီးပွားရေးမြှင့်တင်ရေး လုပ်ငန်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းသည် အဓိကကျသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ကြရန် လိုကြောင်း။

 


နိုင်ငံတကာဆက်ဆံရေး


မိမိတို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန် တွင်   အချို့သောနိုင်ငံများမှ   မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများနှင့် ဝေဖန်ပြောဆိုမှုများရှိခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးတွင်  အကျပ်အတည်းများ ရှိခဲ့ကြောင်း၊    မိမိတို့နိုင်ငံသည်  ယခင်ကတည်းက ကြားနေနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာနှင့် ဆက်ဆံ ရေးကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအချိန်အထိ လွတ်လပ်၍ တတ်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊  ပြည်ပနိုင်ငံများ၏    မိမိတို့နိုင်ငံအပေါ်  ထားရှိသည့် နိုင်ငံရေးသဘောထားများ ကွဲလွဲမှုနှင့် အချို့နိုင်ငံများ ၏ ကြားဝင်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင်   နိုင်ငံရေးမတည်ငြိမ်မှုများ  ဖြစ်ပေါ် ခြင်းများရှိခဲ့ကြောင်း၊   နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း။

 


ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များ   ရှိနေသေးသည်ကို   ကိန်းဂဏန်း အချက်အလက်များအရ သိရှိရကြောင်း၊ အသက် ၂၅ နှစ်ကျော်ပြီဖြစ်သည့်   ပြည်သူအများစု၏  ပညာ အရည်အချင်းမှာ အလယ်တန်းပညာအောက်၌ ရှိနေ သည်ကို သိရှိရကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ပညာရေးဖွံ့ဖြိုးစေရေး မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ပြီး   ပညာရေးပြုပြင်ပြောင်းလဲမှုများကို မဖြစ်မနေ   ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   ကျန်းမာရေး၊ ပညာရေးတို့နှင့်    ပတ်သက်၍   ပြောကြားရာတွင် “ဒုတိယက ဘာလဲဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက် တာ၊ ကိုဗစ်ကြောင့်ဖြစ်တာမှာ တော်တော်များများ လည်း ဆုံးရှုံးမှုတွေရှိပါတယ်။ နဂိုကကိုမှ ကျွန်တော် တို့ဆီမှာ life expectancy ကလည်း ကျွန်တော်တို့က ၇၀  လောက်ပဲရှိတယ်။  တော်တော်နည်းပါတယ်။ အိမ်နီးနားချင်းတိုင်းပြည်ထဲမှာ     ကျွန်တော်တို့   အနိမ့်ဆုံးဖြစ်ပါတယ်။ life expectancy အနိမ့်ဆုံး ဖြစ်တယ်၊   လာအို ကျွန်တော်တို့ထက်မြင့်တယ်၊ ဘင်္ဂလားဒေ့ရှ်     ကျွန်တော်တို့ထက်   မြင့်တယ်။ တွက်နည်း၊ ချက်နည်းတွေတော့ အမျိုးမျိုးရှိတာပေါ့၊ ဘယ်လိုပဲ    တွက်နည်း ချက်နည်းတွေ    ရှိ  ရှိပါ၊ လက်တွေ့မှာ ကျွန်တော်တို့ တစ်ကယ်အသက်ရှည် တဲ့သူ ဖြစ်ဖို့လိုတယ်။ ကျန်းမာတဲ့သူဖြစ်ဖို့လိုတယ်။ ကျန်းမာဖို့ဆိုရင် တစ်အချက် စားရေးသောက်ရေး အဆင်ပြေဖို့လိုတယ်။ နှစ်အချက် နေရေးထိုင်ရေး အဆင်ပြေဖို့လိုတယ်။   ဒီလို  စားရေးသောက်ရေး၊ နေရေးထိုင်ရေးအဆင်ပြေဖို့ဆိုရင်    အလုပ်အကိုင် အခွင့်အလမ်းရှိရမယ်။အတန်းပညာရှိရမယ်။ ဒီနှစ်ခု ကျွန်တော်တို့ မဖန်တီးပေးနိုင်လို့ရှိရင် ဒီကျန်းမာရေး မှာလည်း ကျွန်တော်တို့ အားနည်းချက်တွေ အများ ကြီး ရှိမှာဖြစ်တယ်။ ဘယ်လောက်ပဲ ကာကွယ်ဆေး တွေထိုးပေးပါ။ မရပါဘူး။ မဖြစ်နိုင်ဘူး။ ကာကွယ် ဆေးတွေ  ထိုးပေးတဲ့ကြားထဲကပဲ  ကိုဗစ်ဖြစ်ကြ တာပဲ။   ဒါကြောင့်   ကျွန်တော်တို့အနေနဲ့ကတော့ ဒီလူနေမှုစနစ်ကို   မြှင့်တင်နိုင်မှသာ  ကျန်းမာရေး ကလည်း   မြင့်တက်လာမယ်ဆိုတာကို  သွားတွေ့ ပါတယ်။    လူနေမှုစနစ်  မြှင့်တင်နိုင်ဖို့ဆိုလို့ရှိရင် စီးပွားရေးကောင်းအောင်  လုပ်ရမယ်။  စီးပွားရေး ကောင်းဖို့ဆိုရင်လည်း အတန်းပညာ၊ အတတ်ပညာ တွေရှိအောင်   လုပ်ပေးရမယ်။  ဒီလိုသွားရမယ်။ ဒါကြောင့် ကျွန်တော်တို့က အတန်းပညာနဲ့ပတ်သက် ရင် အနည်းဆုံးတော့ KG+9 ကိုသွားဖို့လိုတယ်။ KG+9 ဖြစ်လာပြီဆိုလို့ရှိရင် Vocational Training အနိမ့်ဆုံး သွားလို့ရပြီ၊  ဒါကြောင့်  စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်းလေးတွေ ခရိုင်အလိုက်ဖွင့်ပေးမယ်။ အဲ့ဒီ ကနေပြီးတော့ ပထမဦးဆုံး ကျောင်း ၅၀ ပေါ့၊ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေ ပညာတတ်ဖို့ လိုတာပဲ။   ပညာရေးအတွက်   ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့ ပေးရဲပါတယ်။ ပေးလည်း ပေးနိုင်ပါ တယ်။ ပေးလည်း ပေးရဲပါတယ်။ ကျောင်း ၅၀ ကနေ ပြီးတော့ ခရိုင်အားလုံး၊ ခရိုင်ကနေပြီးတော့ အဓိက ကျတဲ့ မြို့နယ်တွေပါ ကျောင်းတွေတိုးချဲ့ပြီး ဖွင့်လာ ပြီးတော့မှ။   သူ့ရဲ့   အခြေခံလုပ်နိုင်တဲ့ဟာတွေကို ကျွန်တော်တို့ သွားကြရမယ်။”ဟု ‌ပြောကြားသည်။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လျှပ်စစ်ဓာတ်အား
လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်လိုအပ်


ဆက်လက်၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြား ရာတွင်  မိမိတို့အတွက်  အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်ကြောင်း၊ ယခင် အစိုးရအဆက်ဆက်ကတည်းက ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ  ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် အချို့စီမံကိန်းများ ရပ်တန့်ခဲ့ရပြီး အချို့စီမံ ကိန်းများ ဖျက်သိမ်းခံခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင် ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိနိုင်ရေး   ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်များကို  အကောင် အထည်ဖော်      ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌     လျှပ်စစ် ဓာတ်အားများကို အသုံးပြုဆောင်ရွက်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို        များစွာလျှော့ချနိုင်မည် ဖြစ်သောကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျ သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အား များ လုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူချိန်ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်    တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။ 

 


နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ် ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး      ဆက်လက်၍လည်း အကောင်အထည်ဖော်        ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊   ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံရေးရည်မှန်းချက်ဖြစ်ကြောင်း၊ အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် သောက်သုံးရေနှင့် စိုက်ပျိုး ရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံ၏   အဓိကလုပ်ငန်းများ ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်၍   စားရေရိက္ခာဖူလုံ အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ လူသား အရင်းအမြစ်များ မွေးထုတ်ရာတွင်လည်း ယခုခေတ် သည်  နည်းပညာခေတ်ဖြစ်သည်နှင့်အညီ  ခေတ်မီ နည်းပညာများကို တတ်ကျွမ်းသည့် ပညာတတ်များ ကို သက်ဆိုင်ရာတက္ကသိုလ်များမှ သင်ကြားမွေးထုတ် ပေးနိုင်ရန်လိုကြောင်း၊   နိုင်ငံအတွင်း  ပညာတတ် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှအားပေးဆောင်ရွက်လျက်ရှိကြောင်း။ 

 


နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်


နေပြည်တော်နှင့်ပတ်သက်၍ နေပြည်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ     ပြဋ္ဌာန်းထားသည့် နိုင်ငံ၏မြို့တော်ဖြစ်ကြောင်း၊   နေပြည်တော်သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ရန်ကုန်မြို့ သည်    စီးပွားရေးမြို့တော်၊   ကုန်သွယ်ရေးမြို့တော် ဖြစ်ကြောင်း၊   ၁၇  နှစ်တာကာလအတွင်း  နေပြည် တော်သည်      များစွာတိုးတက်ပြောင်းလဲလာပြီ ဖြစ်ကြောင်း၊ မြို့တော်တစ်ခု၏ အင်္ဂါရပ်နှင့်ညီအောင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး  မြို့တော်တွင် နေထိုင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကို       ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့တော်ကို   Green  City ၊   Clean   City    နှင့်  Smart  City  ဖြစ်အောင် ပုံဖော်တည်ဆောက်ရမည် ဖြစ်ကြောင်း၊   နေပြည်တော်  ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာ         နေပြည်တော်ကောင်စီမှလည်း နေပြည်တော် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင် ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို မြို့တော် အင်္ဂါရပ်နှင့်    ညီညွတ်ပြည့်စုံမှုရှိစေရေး   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားသည်။

 


ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ တာဝန်ထမ်းဆောင်ချိန် ၂ နှစ်တာ ကာလအတွင်း     နိုင်ငံကောင်းရာ  ကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု များကို   ချီးကျူးမှတ်တမ်းတင်ပါကြောင်း ပြောကြား သည်။   ယင်းနောက်   သတင်းလုံခြုံရေးအတွက် ဝန်ကြီးဌာနများအားလုံး စနစ်တကျဖြင့် ကြပ်မတ် ဆောင်ရွက်ကြရန်     လိုအပ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်