
ဒေါင်
ကိုသံချောင်း - မစာဥ တစ်ခန်းရပ် စကားပြောခန်း (၄)
“မစာဥရေ... ဗျို့ ... မစာဥ”
ကိုသံချောင်း၏ အလောတကြီးအော်သံကြောင့် မစာဥ အတော်စိတ်ဆိုးမိ၏။ တစ်ရပ်ကွက်လုံး စိုးရိမ်မကင်းဖြစ်နေပါတယ်ဆိုမှ အသံပြာကြီးနဲ့ ခေါ်နေတာ..
“အိမ်ထဲမဝင်ဘဲ အိမ်ဝကနေ အော်နေရတာလဲ ကိုသံချောင်းရဲ့။ ရှင့်မှာလည်း ဆန္ဒပြရင်း လူကွဲလာ တာကျနေတာပဲ။ ကဲ..ပြော ဘာကိစ္စရှိလဲ..”
“အပျိုကြီး ဒီကနေ့ လမ်းပေါ်မထွက်ဘူးလားဗျ။ ကျွန်တော်က ခင်ဗျားကိုစိတ်ပူလို့ အပြေးလာခဲ့တာ။ လမ်းပေါ်မှာ ဆန္ဒပြနေသူတွေ လွှတ်များတယ်ဗျာ။ စည်းကမ်းမဲ့တာတွေလည်း မြင်ရတယ်။ ပစ်သံ ခတ်သံတွေလည်း ကြားတယ်”
“မငြိမ်းချမ်းမှုတွေပေါ့ ကိုသံချောင်းရယ်။ ကျွန်မလည်း နားစွင့်နေတာ။ ကျွန်မတို့ ပြည်သူတွေ လည်း အခုလိုကာလ မဖြစ်စေချင်ပါဘူး။ လမ်းပေါ် ထွက်ပြီး စည်းမဲ့ကမ်းမဲ့ ဆန္ဒပြနေတာတော့ မကြိုက်ချင်ဘူးရှင့်။ စည်းကမ်းရှိရှိ ဒီမိုကရေစီ ယဉ်ကျေးမှုရှိရှိလုပ်ကြ ကိုင်ကြစေချင်တာပဲ။ အခု ဟာက ဝရမ်းထုတ်တဲ့သူတွေက အရှောင်အတိမ်း ဂျက်စီဂျိမ်းပဲ။ လူငယ် ဂျန် - ဇက်တွေကိုကျတော့ မြှောက်ပေးနေတာ စိတ်ပျက်မိတယ်။ အွန်လိုင်း ကနေ လက်သီးပုန်းပြပြီး ရေးချင်တာတွေရေး၊ လှုံ့ဆော်ချင်သလို လှုံ့ဆော်နေကြတယ်။ တာဝန်ရှိ သူတွေက သတိပေးတာတွေ အထပ်ထပ်လုပ်တာ တောင် ရပ်ကွက်တွေထဲလည်း မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေ မြင်လာရပြီ”
“အပျိုကြီးကသာပြောနေ ဖေ့စ်ဘွတ်ခ်မှာတော့ သူရဲကောင်းသည် ပြေးသည် ဆိုပြီးတော့တောင် ပြောကြတယ်။ သူရဲကောင်းမှန်ရင် ပြေးသင့်ပြေး ထိုက်တဲ့အချိန် ပြေးတယ်တဲ့ မစာဥရဲ့။ ကျန်စစ်သား က အဖမ်းမခံဘဲပြေးတော့ ခင်ဦးနဲ့ရေစက်ဆုံ သတဲ့လေ။ အဲဒီတော့ ပြေးဖို့မတွန့်ဆုတ်ရဘူး တဲ့လေ”
“ကြံကြီးစည်ရာရှင် ပေါက်တတ်ကရတွေ ပြောတတ်ကြတာ။ ကျန်စစ်သားရဲ့ ရာဇဝင်မှာ ပြေးရင်းတွေ့တာက သမ္ဘုလပါရှင့်။ အခုခေတ် ဖေ့စ်ဘွတ်ခ်သူရဲကောင်းတွေကတော့ မသွားခင်က ပြေးနှင့်နေတာပါ။ လူငယ်တွေကိုသာ အတင်းလမ်း ပေါ် ထွက်ခိုင်းနေကြတာ”
“မစာဥ ပြီးခဲ့တဲ့ရက်က သတင်းထူးတာ သိပြီးပြီမဟုတ်လား။ ကုလမှာ မြန်မာအမျိုးသား တစ်ယောက်ပြောသွားတာလေ။ လက်သုံးချောင်း ထောင်ပြီး သူ့သဘောထားကို ဖော်ပြသွားတာတဲ့”
နှစ်ဖက်အမြင်နဲ့ကြည့်ရတယ်
“သတင်းတွေကြည့်ရင် နှစ်ဖက်အမြင်နဲ့ကြည့် ရတယ် ကိုသံချောင်းရဲ့။ ကျွန်မက နိုင်ငံပိုင်မီဒီယာ တွေလည်း ကြည့်တယ်။ ပြင်ပသတင်းတွေကိုလည်း ယှဉ်ပြီးကြည့်တယ်။ ပြောရရင်တော့ မျှမျှတတ ကြည့်တာပေါ့ရှင်။ နောက်တစ်နေ့ အဲဒီဆရာကြီးကို နိုင်ငံခြားရေးဝန်ကြီးဌာနက စည်းမျည်းတွေနဲ့အညီ ထုတ်ပယ်လိုက်တာတော့ ရှင်လည်း သိမှာပေါ့။ ဒီသတင်းတင်မဟုတ်ဘူး။ နောက်ကွယ်က အချက် အလက်တွေကိုလည်း ကျွန်မက လိုက်ကြည့်တယ် ရှင့်”
“တယ်ဟုတ်တဲ့ မစာဥပါလား။ နောက်ကွယ်မှာ ရှိသေးသတဲ့လားဗျာ”
“ယူအန်မှာ အဲဒီနေ့က အင်ဖော်မယ်ဘရီဖင် (Informal Briefing) လုပ်တယ်လေ။ ရှင်သိအောင် ပြောရရင် အင်ဖော်မယ်ဆိုတာက တရားဝင် မဟုတ်ဘူးပေါ့ရှင်။ အလွတ်သဘောခေါ်မလားပဲ။ အဲဒီလိုအလွတ်သဘောတွေ့ကြရင် အခုကျွန်မတို့ စကားပြောသလိုပဲပေါ့ရှင့်။ ထွေရာလေးပါးပြောလို့ ရတာပေါ့။ ယူအန်မှာ တာဝန်ကျနေတဲ့ ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုကြတာပေါ့ရှင်။ အံ့ဩစရာ ကောင်းတာတစ်ခု အဲဒီပွဲမှာ မြင်ရတယ်ရှင့်”
“အဲဒီလောက်တော့ ကျွန်တော်လည်း သိပါ တယ်ဗျာ။ မြန်မာနိုင်ငံက ကုလဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီးဆိုသူက ပြောသင့် ပြောထိုက်တဲ့ နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ဦးတည်ချက်တွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို မပြောဘဲ CRPH ဆိုတဲ့ တရားမဝင်တဲ့ အဖွဲ့ကော်မတီတစ်ခုရဲ့ သတင်းစကားကို ပြောခဲ့တာမဟုတ်လား”
အားရပါးရဆွေးနွေးနေကြတာ
“အဲဒီလောက်နဲ့တော့ ကျွန်မက တကူးတက ပြောနေပါ့မလားရှင့်။ သတင်းအချက်အလက်ခေတ် ကြီးမှာ အားလုံးက သိပြီးသားတွေပဲ။ အဓိကပြော ချင်တာက အဲဒီမှာ ရခိုင်ဒေသကပြဿနာတွေကို ကိုယ်စားလှယ်အားလုံးက ကျယ်ကျယ်လောင် လောင် ပြောနေကြတာရှင့်။ အစတုန်းကတော့ မြန်မာ့လက်ရှိနိုင်ငံရေးကို အားလုံးက တက်တက် ကြွကြွ ပြောကြမယ် ထင်နေတာ။ အမှန်က မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာထိန်းလိုက် တဲ့အကြောင်း၊ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ဖို့နဲ့ တပ်မတော်က အာဏာထိန်းသိမ်းထားတယ်ဆိုပြီး ပြောတာကနည်းနည်း၊ ဒီမိုကရေစီကို တန်ဖိုးထား ဖို့နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေအကြောင်းကို များများပြောတာရှင့်။ ဒုက္ခသည်လေးတွေ အကြောင်းကိုလည်း အားရပါးရဆွေးနွေးနေကြတာ ရှင့်။ မပြီးသေးဘူး ကိုသံချောင်းရေ...ကျွန်မတို့ နိုင်ငံ ကပဲ ဘင်္ဂါလီတွေကို အကြမ်းဖက်နေခဲ့ကြပုံမျိုးလည်း ထည့်ပြောသွားကြတာရှင့်”
“ဒါတော့ကျွန်တော်လည်း မသိဘူးဗျ။ ခင်ဗျား တို့ အမျိုးသမီးတွေက စပ်စုတဲ့နေရာတော့ ရေဆုံး ရေဖျားပဲ။ အဲဒီလို အကြောင်းအရာပြောဆိုမှု တွေကိုတော့ ကန့်ကွက်သူမရှိကြဘူးလားဗျာ။ ဒါနဲ့ အဲဒီအစည်းအဝေးကဘယ်လိုရလဒ်ဖြစ်နိုင်သလဲ”
သတင်းဖြန့်သူတွေ
“မပြောဘူးရှင့်။ သတင်းဖြန့်သူတွေက လိုရာ ဆွဲပြီးသာ ရေးကြတာ၊ အပြည့်အစုံကို ဝေဖန်ပိုင်းခြား သူက အတော်လေးနည်းတယ် ကိုသံချောင်းရေ။ ဒီအစည်းအဝေးရဲ့ ရလဒ်က အင်ဖော်မယ်ဖြစ်လို့ သိပ်ထူးခြားဖို့ မရှိနိုင်ဘူးရှင့်။ မိန့်ခွန်းအစမှာ ကတည်းက အွန်လိုင်းပေါ်မှာ ဖွဲ့ထားတဲ့အဖွဲ့ကို ကိုယ်စားပြုပါတယ်ဆိုမှတော့ မြန်မာနိုင်ငံရဲ့ သဘောထားကို မဟုတ်တော့တာပေါ့ရှင်။ ဖြစ်နိုင် တဲ့ရလဒ်ဆိုရင် အဲဒီနေ့မှာတက်ရောက်တဲ့ ကုလ အထူး သံတမန်ကနေ ကုလအတွင်းရေးမှူးချုပ်ကို ပြောပြမယ်။ အတွင်းရေးမှူးချုပ်က အဖွဲ့ဝင်တွေကို ပြောမယ်။ လုံခြုံရေးကောင်စီမှာ ပြောမယ်။ အထပ်ထပ်ပြောပြီးရင် ထုံးစံအတိုင်း ဝေဖန်သည်၊ ပြစ်တင်သည်၊ ကန့်ကွက်သည်တို့ လာမှာပေါ့ရှင့်”
“အပျိုကြီး ခင်ဗျား အထည်တွေ ဘာတွေရောင်း မနေနဲ့ဗျ။ နိုင်ငံရေးသမား လုပ်ပါလား။ ခင်ဗျား တော်တော်ကို နိုင်ငံရေးအမြင်တွေရှိလာတာ”
“ဖေ့စ်ဘွတ်ခ်ကို ဘဝလို့ထင်တဲ့သူတွေထဲတော့ ကျွန်မ မပါဘူး။ ဒါပေမယ့် ကျွန်မက သတင်းတစ်ခု တက်လာတိုင်း နှစ်ဖက်ချိန်တွေးတယ်။ ရှာဖတ် တယ်။ မရှင်းရင် ကွန်းမန့်မှာ မေးတယ်။ သိပ်ကို ပြောချင်ဆိုချင် ဆွေးနွေးချင်လာရင် ဂရုဖ်တွေထဲမှာ ဆွေးနွေးငြင်းခုံနေတာဆိုတော့ တော်တော်လေး သိလာရတာပါ။ ရှင်က ကျွန်မကို နိုင်ငံရေးသမား လုပ်ခိုင်းတာလား။ ကျွန်မက အခု နိုင်ငံရေးသမ စစ်စစ်တော်ရေ။ ကျွန်မတင်မဟုတ်ဘူး ရှင်လည်း နိုင်ငံရေးသမားပဲ။ ရှင်တင်မဟုတ်ဘူး လူတိုင်းနိုင်ငံ ရေးသမားဖြစ်နိုင်တာရှင့်”
နိုင်ငံအတွက် ထမ်းဆောင်
“ဟိုးပါ အပျိုကြီးရယ်။ အဲဒီလိုဆိုရင် ခင်ဗျား ဆက်ပြောမှာ ကျွန်တော်ကသိပြီးသား။ နိုင်ငံ့ ဝန်ထမ်းတွေလည်း ကျရာတာဝန်ကို နိုင်ငံအတွက် ထမ်းဆောင်တယ်။ အဲဒါ နိုင်ငံရေးလုပ်တာ၊ အိမ်ရှင်မတွေ ဟင်းချက်တာကလည်း နိုင်ငံရေး ပဲလေ၊ စားဖိုချောင်နိုင်ငံရေးပေါ့ဗျာ။ ဆရာဝန်၊ သူနာပြုတွေ ပြည်သူတွေကို ဆေးကုပေးတာလည်း နိုင်ငံရေးပဲ၊ ပရဟိတသမားတွေ စေတနာနဲ့ လုပ် တာလည်း နိုင်ငံရေးပဲပေါ့။ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးရှိအောင်လုပ်သူ အားလုံးဟာ နိုင်ငံအရေးကို ကျေပွန်အောင် ထမ်းဆောင်နေတဲ့ နိုင်ငံရေးသမားတွေပေါ့လို့ ပြောမှာမဟုတ်လား”
လမ်းပေါ် တွန်းတင်ပေးကြတာ
“အဲသလောက်တော့ သိဦးမှပေါ့ ကိုသံချောင်း ရယ်။ ထပ်ပြောလိုက်ဦးမယ်။ သွေးထိုးလိုက်၊ လှုံ့ဆော်လိုက်နဲ့ နိုင်ငံပျက်စီးအောင် ကြံစည် အားထုတ်ပြီး လူထုကို လမ်းပေါ်အတင်း ထွက်ခိုင်း လိုခိုင်း၊ ဝန်ထမ်းတွေကို အလုပ်အတင်းအကျပ် မဆင်းခိုင်းတာနဲ့ အရှက်တကွဲအကျိုးနည်းဖြစ် အောင် စော်ကားလှောင်ပြောင်နေတာ၊ တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်နေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေကို ဝတ္တရားနှောင့်ယှက်နေတာ တွေကတော့ နိုင်ငံရေး မဟုတ်ဘူးရှင့်။ နိုင်ငံပျက်စီး ရေးသမားတွေပေါ့။ သူတို့က နိုင်ငံရေးသမား ဆိုပြီး ပြောနေပေမယ့် လမ်းပေါ်မှာအသေမခံဘူး။ သေပေးနိုင်မယ့်သူကိုပဲ လမ်းပေါ် တွန်းတင်ပေး ကြတာ”
“ဟုတ်ပါပြီဗျာ။ မစာဥကတော့ တကယ့်ကို နိုင်ငံရေးသမား မစာဥပါပဲ...”
စကားပင်မဆုံးသေးမီ သူတို့လမ်းအတွင်းသို့ လူတစ်စုပြေးလွှားဝင်ရောက်လာသည်။ အနောက် မှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ ရိုက်ကူးသူတွေလည်း ပါလာ၏။ သပိတ်လမ်းကြောင်းများ ပြိုကွဲလာပုံ ရသည်။ လမ်းမပေါ်တွင် ပြေးလွှားနေသော လူအုပ် ကြီးကိုကြည့်ကာ တိုင်းပြည်မတည်ငြိမ်သေးသရွေ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ အရေး အလှမ်းဝေးမည်ကို စိုးရိမ်မိသူနှစ်ဦးကား တစ်ဦးနှင့်တစ်ဦး ယခင်လိုပင် မကျီစယ်နိုင်တော့ ပြီဟုသာ….။ ။
- Log in to post comments