နိုင်ငံရေးအရ ရေးသားထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏  ကလေးသူငယ်နှင့်  လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ   ၂၀၂၁  ခုနှစ်   အစီရင်ခံစာကို ၁၁-၇-၂၀၂၂  ရက်တွင်  ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာဆိုင်ရာ   ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တံခါးဖွင့်အစည်းအဝေးကို ၁၉-၇-၂၀၂၂ ရက်၌ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

 


မြန်မာနိုင်ငံကို  ယင်းအစီရင်ခံစာ၏  နောက်ဆက်တွဲစာရင်းမှ   ၂၀၂၀ ပြည့်နှစ်တွင် ပယ်ဖျက်ခဲ့ပြီး ဖြစ်သော်လည်း ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်မှုများကိုအခြေခံ၍ တပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲ တွင်  ၂၀၂၁  ခုနှစ်မှစတင်၍ ပြန်လည်စာရင်းသွင်းခဲ့သည်ကို  စိတ်ပျက်ရသည်။ ယခုနှစ် အစီရင်ခံစာတွင်  မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကို ထည့်သွင်းဖော်ပြထားပြီး   သံသယဖြစ်ဖွယ်   ကိန်းဂဏန်းအမြောက် အမြား  ပါဝင်သည်။  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏   ကလေးသူငယ်နှင့်  လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်  ကုသလမဂ္ဂစောင့်ကြည့်လေ့လာအစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) တို့သည် ၎င်းတို့၏တာဝန်များကို ပွင့်လင်းမြင်သာစွာနှင့် ဘက်လိုက်မှုမရှိဘဲ ထမ်းဆောင်ရမည်ဖြစ်သော် လည်း ယင်းအစီရင်ခံစာပါ  ကိန်းဂဏန်းများနှင့် စွပ်စွဲချက်များကို  မြန်မာနိုင်ငံနှင့်စိစစ်ရန် ပျက်ကွက်ခဲ့ သည်။  

 


အဆိုပါအစီရင်ခံစာတွင် မည်သည့်ဖြစ်စဉ်ကိုမျှ ဖော်ပြထားခြင်းမရှိဘဲ ကိန်းဂဏန်းများသက်သက်သာ ပါဝင်ပြီး NUG နှင့် PDFs အမည်ခံအဖွဲ့များက ကျူးလွန်သည့်  လူသတ်မှုအမြောက်အမြားကို လျှော့ပေါ့ ဖော်ပြကာ တာဝန်ရှိသည့်အကြမ်းဖက်သမားများကို “အမည်မဖော်နိုင်သော ကျူးလွန်သူများ”ဟု သုံးနှုန်း ထားသည်။  NUG  နှင့် PDFs  အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတစ်ဝန်းတွင် ကလေးသူငယ်  ၇၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဆေးရုံနှင့် ဆေးခန်း  ၂၇ ခု၊  ကျောင်းနှင့်   ပညာရေးအဆောက်အဦ ၅၀၄ ခု ဖျက်ဆီးခံ ခဲ့ရသည်။              

 


မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးသူငယ်များ  အခွင့်အရေးဆိုင်ရာစာချုပ်၏  အဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ  အစိုးရအနေဖြင့်  ကလေးသူငယ်များအပေါ်  ကြီးလေးသောကျူးလွန်မှုများမှ တားဆီးရေးကို သန္နိဋ္ဌာန်ချမှတ်ထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လက်နက်ကိုင်ပဋိပက္ခများ တွင်  ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ  တားဆီးကာကွယ်ရေးကော်မတီ၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ  ၂၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရ စေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဒုတိယအမျိုးသား အဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို အပြီးသတ်ရေးဆွဲလျက်ရှိပြီး ပထမလုပ်ငန်းစီမံချက်ကို (၁၀. ၈.၂၀၂၀) ရက်နေ့မှ (၁၀.၈.၂၀၂၁) ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ 

 


ထို့အပြင်မြန်မာနိုင်ငံသည် ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းနှင့် အသုံးပြုခြင်းမှ တားဆီး ရေးရည်ရွယ်လျက် UNCTFMR နှင့် ပူးတွဲလုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အရွယ်မရောက်သူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၂၀၁၁ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး  ကုလသမဂ္ဂစောင့်ကြည့်လေ့လာ  အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့်  နီးကပ်စွာပူးပေါင်း ဆောင်ရွက်လေ့ရှိခဲ့သည်။ ကော်မတီသည် UNCTFMR နှင့် ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အလာမပြတ် ထိန်းသိမ်းခဲ့သော်လည်း လုပ်ငန်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သည်ကိုတွေ့ရှိရသည်။ သို့ရာ တွင် ကော်မတီသည် ၃-၅-၂၀၂၂ ရက်တွင် UNCTFMR နှင့် အစည်းအဝေးတစ်ရပ်ကျင်းပရေးကို ဖြစ်မြောက် ရန် ဆောင်ရွက်နိုင်ခဲ့သည်။

 


မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏အထောက်အကူပြုမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အသက်စိစစ်ရန် စာရွက်စာတမ်း မပြည့်စုံခြင်းကြောင့် တပ်မတော်တွင်း  မှားယွင်းစုဆောင်းခဲ့သည့် အရွယ်မရောက်သေးသူ ၂၈ ဦးအား ၁၃-၅-၂၀၂၂ ရက်တွင် မိဘ/အုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံခဲ့သည်။

 

၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ မေလအတွင်း အရွယ်မရောက်သေးသူ ၁၀၅၇ ဦးကို တပ်မတော်မှ  နုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦး (အရာရှိ ၁၀၉ ဦးနှင့် အခြားအဆင့် ၃၆၆ ဦး)  ကို  အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။ အစီရင်ခံစာသည် ယင်းဖြစ်စဉ်အမှန်များကို ဖော်ပြရန်ပျက်ကွက်သည်။

 


ထို့အပြင်ရာထူးမှထုတ်ပယ်ခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခြင်းခံထား ရသူ ကျော်မိုးထွန်းသည် အထက်ပါအစည်းအဝေးသို့ တက်ရောက်၍ အထင်အမြင်မှားစေသော မိန့်ခွန်း ပြောကြားခဲ့ကြောင်း တွေ့ရှိရသည်။

 

 ၎င်း၏ပါဝင်ဆွေးနွေးမှုအပေါ်ကန့်ကွက်ကြောင်း  ကုလသမဂ္ဂဘက် သို့ အကြောင်းကြားပြီးဖြစ်ကာ နိုင်ငံကိုကိုယ်စားမပြုသော ၎င်း၏မိန့်ခွန်းကို ပယ်ချသည်။ 

 


ကုလသမဂ္ဂ၏  ယင်းသို့ဆောင်ရွက်ချက်များသည် အပြုသဘောရလဒ်မဖြစ်ပေါ်စေဘဲ ကုလသမဂ္ဂ၏ မူဝါဒများနှင့်ဆန့်ကျင်သော နိုင်ငံရေးသွတ်သွင်းမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံက အစီရင်ခံစာတွင်ပါဝင်သော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် နိုင်ငံအချို့ တစ်ဖက်သတ်ပြောကြား ချက်များကို ပြတ်သားစွာပယ်ချသည်။


လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ်
ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ   ၂၂    ရက်