နိုင်ငံရေးအမြတ်ထုတ် စားပေါက်ထွင် လုပ်စားနေသူတွေကို ရှုတ်ချကြပါစို့

Type
5

 

ကိုရင်မောင်

မကြာသေးမီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထူးတဲ့သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရပါတယ်။ သတင်းကောင်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ပြည်ပနိုင်ငံမှ အတိုက်အခံပါတီ တစ်ခုက အနောက်နိုင်ငံတွေနဲ့ OIC နိုင်ငံတွေအလိုကျ မျက်နှာလိုမျက်နှာရ လှုံ့ဆော်လိုက်တဲ့ အကွက်ဆန်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အတိုက်အခံပါတီ BNP ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က “Rohingya Crisis and Repatriation Strategy” ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲမှာ BNP အနေနဲ့ ဘင်္ဂါလီတွေရဲ့ အကျပ်အတည်းအတွက် ထိရောက်စွာဖြေရှင်းနိုင်ဖို့ အချက် ၁၆ ချက်ကို အဆိုပြုခဲ့ကြောင်း သတင်းဆောင်းပါးတစ်ပုဒ်မှာ တွေ့လိုက်ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့််ခွာခဲ့ကြတဲ့  ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေက ပြောနေ ကြတာတွေဟာ အထူးအဆန်းမဟုတ် ပေမယ့်လည်း    လုပ်နေကျမဟုတ်တဲ့ နိုင်ငံရေးပါတီတစ်ခုက ပြုလုပ်လာလို့ ဆန်းသလိုလိုဖြစ်နေပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ အတိုက်အခံ နိုင်ငံရေးပါတီ တစ်ခုက  နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အဆန်းထွင်တဲ့အကွက် ဟာ အရင်လမ်းဟောင်းအတိုင်း ဖြစ် နေ တာ တွေ့ရပါတယ်။ ၎င်းတို့ရဲ့ အဆိုပြု ချက်မှာ ဘင်္ဂါလီတွေရဲ့ အကျပ်အတည်း ကို      တုံ့ပြန်ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်း တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို တိုးမြှင့် ဖို့၊ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ     ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ပို့ရေးကို     ကုလသမဂ္ဂက ကြီးကြပ်ဖို့ ဆရာတွေပြောနေကျစကား ကို အာဂုံဆောင်ပြီး ထပ်ပြောလာပြန်ပါ တယ်။  
အမှန်တရားကို မျက်ကွယ်ပြု 
ဒါ့အပြင် ဘင်္ဂါလီတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ် မှုတွေကို အသိအမှတ်ပြုဖို့၊ ရာဇဝတ်မှု ကျူးလွန်သူအားလုံးကို    အပြည်ပြည် ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)နဲ့ အခြား နိုင်ငံတကာခုံရုံးတွေကတစ်ဆင့် တရား စီရင်ဖို့နဲ့ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ် ဖို့နဲ့ တရားမျှတမှုရှိစေဖို့အတွက် ကြိုးပမ်း မှုတွေမှာ ပံ့ပိုးကူညီဖို့၊   ဘင်္ဂါလီတွေကို နှိပ်စက်ညှဉ်းပန်းမှုနဲ့      ပတ်သက်လို့ အာဆီယံနိုင်ငံတွေက ကြိုတင်ကာကွယ် ဖို့အတွက်    မူဝါဒချမှတ်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာအဖြစ်        အသိအမှတ်ပြုဖို့၊ ဒေသတွင်းနဲ့ အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့၊ မြန်မာနိုင်ငံနဲ့ပြည်ပနိုင်ငံတွေမှ ဒုက္ခသည်စခန်း တွေကို ယာယီအဖြစ် ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေကို   အကာအကွယ်ပေးမှု မြှင့်တင်ဖို့  မဟုတ်တရုတ်တွေ စာရင်း သွင်း ထည့်ပြောထားပါတယ်။
အနှီ  အတိုက်အခံပါတီ ပြောဆိုခဲ့တဲ့ စကားတွေဟာ   အနောက်နိုင်ငံတွေနဲ့ OIC နိုင်ငံတွေရဲ့ ပြောဆိုလုပ်ကိုင်ခဲ့တာတွေဖြစ်လို့ ယခု  ၎င်းတို့သဘောထား ဟန်နဲ့ ထပ်မံထုတ်ဖော်ပြောဆိုလာတော့ အဲဒီနိုင်ငံတွေရဲ့   ထောက်ခံမှုတွေရဖို့ မျှော်လင့်ဟန်တူပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေ နဲ့ပတ်သက်လို့ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံမှာ  အဲဒီအချိန်က   အစိုးရ ဖြစ်တဲ့ အာဏာရပါတီရဲ့ ခေါင်းဆောင် ကိုယ်တိုင်သွားရောက်   ဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့တိုင်လည်း သတ်မှတ် ထားတဲ့အချက်တွေအတိုင်း    နိုင်ငံကို တာဝန်ယူတဲ့အစိုးရက     သွားရောက် ဖြေရှင်းခဲ့တာကို  တွေ့ရမှာဖြစ်ပါတယ်။ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ပြဿနာ ဟာ အမှန်တရားကို        မျက်ကွယ်ပြုပြီး အမှားတွေနဲ့  တောင်းဆိုနေလို့   အဆုံး မသတ်နိုင်တဲ့ပြဿနာလို့      ဆိုနိုင်ပါ တယ်။
ဖြေရှင်းမရတဲ့ပြဿနာ 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့       တံခါးပိတ်/တံခါးဖွင့် အစည်းအဝေးတွေ ခဏခဏလုပ်ရာမှာ နေရပ်စွန့်ခွာ  ဘင်္ဂါလီအရေးဟာ   အမြဲ လိုလို ပါနေကျ ဖြစ်ပါတယ်။ ဆုံးဖြတ်မှု တွေ၊ ကြားနာမှုတွေ အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့ကြပေမယ့်  ထူးမခြားနား ဘာမှ ဖြစ်မလာတာကို ၎င်းတို့နဲ့ပတ်သက်တဲ့ သူတွေကိုယ်တိုင်   ဝန်ခံထားပါတယ်။ အာဆီယံအဖွဲ့အစည်းအတွင်းမှာလည်း အနောက်နိုင်ငံတွေနဲ့ OIC နိုင်ငံတွေနဲ့ မကင်းရာမကင်းကြောင်း နိုင်ငံအချို့က ကန့်ကွက်မှုတွေ၊    ဖိအားပေးမှုတွေ၊ တွန်းအားပေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် လည်း ထူးမခြားနားပါပဲ။ ရခိုင်ပြည်နယ် က ဘင်္ဂါလီပြဿနာဟာ နောက်ခံသမိုင်း ကြောင်းရှည်လျားပြီး ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ တကယ် တော့ ပြဿနာရှိရင် အဖြေရှိရမှာ ဖြစ်ပါ တယ်။ ရိုးရိုးသားသားဆိုရင် ဖြေရှင်းနိုင် တဲ့ ပြဿနာဖြစ်ပါတယ်။ မရိုးသားဘဲ မမှန်ကန်တဲ့     အကြောင်းအရာတွေ ကြောင့် ဖြေရှင်းမရတဲ့ပြဿနာ ဖြစ်နေပါ တယ်။
နောက်တစ်ခုက       အမေရိကန် ပြည်ထောင်စုက ပြဋ္ဌာန်းခဲ့တဲ့ (Burma Act)ကို BNP အနေနဲ့ ကြိုဆိုပြီး အာဆီယံ အတွင်း မြန်မာနိုင်ငံအရေး ပိုမိုတက်ကြွ စွာ ဆောင်ရွက်ရေးကို အားပေးဖို့အတွက် ဥရောပသမဂ္ဂ(EU)ရဲ့    ဩဇာလွှမ်းမိုးမှု ကို အသုံးချဖို့၊   အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က မြန်မာအစိုးရကို   အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ တရားစွဲဆိုခြင်းအပါ အဝင်  ကမ္ဘာလုံးဆိုင်ရာထောက်ခံမှုကို စည်းရုံးရယူဖို့နဲ့ အာဆီယံမှာ အင်ဒိုနီးရှား ရဲ့ ဦးဆောင်မှုနဲ့အတူ အာဆီယံရဲ့ အခန်း ကဏ္ဍ ပိုမိုအားကောင်းလာစေဖို့အတွက် အာဆီယံကို       ထောက်ခံအားပေးဖို့၊ ဘင်္ဂါလီတွေကို ထောက်ပံ့ဖို့ ကုလသမဂ္ဂ အေဂျင်စီတွေထံမှ   လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ  တိုးမြှင့် တောင်းခံဖို့တွေလည်း ပါပါတယ်။
သခွတ်ပင်ကမီးတကျီကျီ
အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်း ခဲ့တဲ့ (Burma Act) ၂၀၂၂ မှာ အဓိကပါဝင် တဲ့အချက်က  လာမယ့်   ငါးနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူ အညီနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၅၀ တရားဝင်ခွင့်ပြုဖို့ဆိုတဲ့  အချက် ပါဝင်ပါတယ်။ (Burma Act) အတည် ပြုလို့        ယမန်နှစ်ကလည်း အမေရိကန် ဒေါ်လာ ၁၃၆ သန်းနဲ့ စီးပွားဖြစ်ခဲ့ကြတဲ့       အဖွဲ့အစည်းတွေရှိသလို စိတ်ဝင်စားစရာ ကောင်းတဲ့  (Burma Act)ကို ယခု   ၂၀၂၃   ခုနှစ်မှာလည်း    ပြည်တွင်းပြည်ပက ဆန့်ကျင်ဘက်    အဖွဲ့အစည်းတွေက   သူ့ထက်ငါဦးအောင်   ကြိုတင်ပြင်ဆင် မှုတွေ၊ အစီအမံတွေနဲ့ တက်တက်ကြွကြွ  လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ ပြည်တွင်းရေး   အကြောင်းပြုပြီး           သခွတ်ပင်က မီးတကျီကျီလုပ်နေကြတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အကြောင်း ပြုပြီး   နိုင်ငံရေးအမြတ်ထုတ်တာတွေ၊ လုပ်စားနေကြတာတွေ   ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
နောက်တစ်ခါ ဒုက္ခသည်စခန်းတွေ မှာ အရပ်သားဘင်္ဂါလီတွေရဲ့ ခေါင်းဆောင် မှုကို  တည်ဆောက်ပြီး ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့၊ ပြည်ပရောက်ဘင်္ဂါလီတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ အကြမ်းဖက်မှုမပြုလုပ်တဲ့ ပြည်ပရောက် ဘင်္ဂါလီခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ထူထောင်ကာ  နိုင်ငံတကာဖိုရမ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းကိစ္စတွေ ဖြေရှင်းပေးဖို့၊ ကလေးငယ်တိုင်း  ပညာသင်ကြားခွင့် ရရှိစေဖို့၊ ဘာဆန်ဂျာကျွန်းရှိ ဒုက္ခသည် စခန်းသို့  ပို့ဆောင်နေခြင်းကို ပြန်လည် သုံးသပ်ဖို့၊ နေရပ်ပြန်ရေးအစီအစဉ်တွေရေးဆွဲရာမှာ ဒုက္ခသည်တွေရဲ့ သဘော ထားတွေနဲ့လိုလားချက်တွေကို ထည့်သွင်း စဉ်းစားဖို့၊ ဘင်္ဂါလီနဲ့ရခိုင်အသိုက်အဝန်း တွေအကြား ဆွေးနွေးမှုတွေနဲ့ ပြန်လည် သင့်မြတ်ရေးကို    အားပေးမြှင့်တင်ဖို့ အတွက် အစည်းအဝေးတွေ ပြုလုပ်ရေး အကူအညီပေးဖို့ အချက်တွေကို   အရူး ချေးပန်းဆိုတာလို     ဘောက်သောက် ထည့်သွင်းတောင်းဆိုထားတာ တွေ့ရပါ တယ်။
ပြန်လည်လက်ခံရေးပြင်ဆင်ထား
တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းတွေ မှာ ARSA အကြမ်းဖက်သမားတွေ စိမ့်ဝင် ရောနှောနေထိုင်ပြီး အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်မှုတွေ၊  အကြမ်းဖက်မှုတွေ ရှိနေလို့        ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုင်တွယ်ရှင်းလင်းနေရပါတယ်။ ၎င်းတို့ ရဲ့ ဒုက္ခသည်စခန်းမှာ   ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနဲ့ ၎င်းတို့ရဲ့ အတွင်းရေးကိစ္စဖြစ်လို့ ၎င်းတို့ ကိုယ်တိုင်   ဖြေရှင်းရမှာ    ဖြစ်ပါတယ်။ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးအစီအစဉ်နဲ့ ပတ်သက်လို့ ပြဿနာစတင်ဖြစ်ပြီးတဲ့ အချိန်ကစလို့           မြန်မာနိုင်ငံအစိုးရ အဆက်ဆက်က အလေးထားဆောင်ရွက် ခဲ့၊ ဆောင်ရွက်နေတာကို     တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း   BNP လို နိုင်ငံရေးပါတီတွေ၊         အဖွဲ့အစည်းတွေက သတင်းမှားတွေကို အခြေခံပြီး မြန်မာ နိုင်ငံက   လူ့အခွင့်အရေးချိုးဖောက်နေ သယောင်    တွင်တွင်ပြောဆိုနေကြတာ ရှိပါတယ်။ 
မကြာသေးမီက   ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ တာဝန် ရှိပုဂ္ဂိုလ်တွေက    နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားမှုတွေကို မြန်မာနိုင်ငံ အခြေစိုက်သံရုံးတွေမှ သံရုံးအကြီးအကဲ တွေနဲ့   သံတမန်တွေကို    ကွင်းဆင်း သွားရောက်  ရှင်းလင်းပြသတဲ့အခါမှာ သံတမန်တွေက နားလည်သဘောပေါက် ပြီးတော့ သူတို့ရဲ့နိုင်ငံတွေကို ပြန်လည် ပြီး အခြေအနေမှန်တွေကို  အစီရင်ခံ သွားမယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံ ရဲ့ ဆောင်ရွက်ချက်တွေကို  အသိအမှတ် ပြု ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ပြန်လည်လက်ခံရေး  လုပ်ငန်းတွေကို အစိုးရအဆက်ဆက်က အလေးထားလုပ် ခဲ့ပေမယ့်  အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်တော့ ပေါ်မလာသေးပါ ဘူး။ ဒါပေမယ့် လာမယ့် ပွင့်လင်းရာသီ မှာ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ အစစအရာရာ လိုလေသေးမရှိ အသင့် ပြင်ဆင်ထားပါတယ်။  
လိုအပ်သမျှဖြည့်ဆည်းထား
နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည် လက်ခံရာမှာ နှစ်နိုင်ငံအစိုးရရဲ့ သဘော တူညီချက်တွေနဲ့   လက်ခံနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ပထမဆုံး ဝင်လာတဲ့နေရာမှာ လက်ခံမယ်၊ လုံခြုံ ရေးအရ လိုအပ်တာကို စိစစ်မယ်၊ လူဝင် မှုကြီးကြပ်ရေးက  စိစစ်မယ်၊    ပြီးရင် နိုင်ငံသားဖြစ်မှုအတွက်    စိစစ်ကတ် ထုတ်ပေးမယ်၊ ပြီးရင်   နိုင်ငံသားဖြစ်ဖို့ အတွက် မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ဆက်လက်လျှောက်ထား နိုင်တယ်။ အမှန်တကယ်တော့ ရှင်းရှင်း လေးပါပဲ။ မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ညီညွတ်ရင် နိုင်ငံသားဖြစ်လာ မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့  မညီညွတ်ရင် ဘယ်နိုင်ငံမှာမှ   နိုင်ငံသားဖြစ်လာမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ဝင်ခွင့်ရ တဲ့သူတွေ ပြန်လည်လက်ခံရေးစခန်းမှာ ခေတ္တထားပြီးနောက်   ကြားစခန်းမှာ လိုအပ်တဲ့ အထောက်အပံ့တွေနဲ့ထားရှိပြီး နေရပ်ပြန်သူတွေရဲ့ဆန္ဒအတိုင်း နှစ်သက် ရာ ရွာတွေမှာ နေထိုင်ကြရမှာဖြစ်ပါတယ်။ ရွာတွေမှာ ဆေးရုံ၊ ဆေးခန်း၊  ကျောင်း တွေလည်း ရှိပြီးသား ဖြစ်ပါတယ်။
ဒီမိုကရေစီကိုဖျက်ဆီး
ရှင်းရှင်းလေးကို  ရှုပ်ရှုပ်ထွေးထွေး ဖြစ်အောင် BNP ပါတီက  အချိန်ကိုက် ဝင်လုပ်ခဲ့တာဖြစ်ပါတယ်။ BNP ပါတီ ဆိုတာဟာ  ယခင်ဝန်ကြီးချုပ်ဟောင်း ခါလတ် ဒါဇီယာရဲ့ Bangladesh Natio-nalist Party (BNP) ပါတီဖြစ်ပါတယ်။ လက်ရှိအာဏာရ ဝန်ကြီးချုပ် ရှိတ်ဟာစီ နာ ဦးဆောင်တဲ့ Awami League (AL) ပါတီရဲ့ အတိုက်အခံပါတီတစ်ခု ဖြစ်ပါ တယ်။  AL  ပါတီဟာ ၁၉၉၆-၂၀၀၁ မှာ တစ်ကြိမ်အာဏာရရှိခဲ့ပြီးနောက် ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ   ယနေ့ အချိန်အထိ ငါးနှစ်သက်တမ်း ဆက်တိုက် သုံးကြိမ် အာဏာရရှိခဲ့ပါတယ်။ ခါလတ် ဒါဇီယာရဲ့ BNP ပါတီဟာ နောက်ဆုံး အကြိမ်မှာ လွှတ်တော်နေရာ ငါးနေရာ သာ ရရှိခဲ့တယ်။ BNP ပါတီဟာ ၁၉၇၈ ခုနှစ်ကစလို့  ၎င်းတို့ရဲ့ နိုင်ငံရေးသမိုင်း ကြောင်းမှာ    မညီမျှဆုံး  ရှုံးနိမ့်မှုအဖြစ် ကြုံတွေ့ခဲ့ရပါတယ်။ BNP ပါတီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ  အာဏာရအစိုးရ အဖြစ် ၁၉၉၁-၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၁-၂၀၀၆ ခုနှစ်မှာ တစ်ကြိမ် အာဏာ ရရှိခဲ့ပါတယ်။ BNP ပါတီဟာ ဒီမိုကရေစီ အနှစ်သာရတွေကို ဖျက်ဆီးခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။ 
BNP ပါတီဟာ ကျွန်တော်တို့နိုင်ငံက အစွန်းရောက်နိုင်ငံရေးသမားတွေလိုပါပဲ။   ရွေးကောက်ပွဲမှာ    နိုင်ခြေမရှိရင် လမ်းပေါ်ထွက် အကြမ်းဖက်လှုပ်ရှားတွေ  BNP ပါတီက ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ဝန်းကျင်ခန့်က  AL  ပါတီအစိုးရ ဦးဆောင်ကျင်းပပြုလုပ်တဲ့ ရွေးကောက် ပွဲကို အယုံအကြည်မရှိ ကန့်ကွက်ရှုတ်ချ သပိတ်မှောက်ပြီး မီးရှို့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကုန်ပိုင်းကလည်း BNP ပါတီထောက်ခံ သူ သောင်းနှင့်ချီပြီး အစိုးရကို ကန့်ကွက် ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ 
လက်ရှိအစိုးရက BNP ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့ကို     အကြမ်းဖက် လှုံ့ဆော်မှုနဲ့ အရေးယူဖမ်းဆီးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ယခု ၂၀၂၃ ခုနှစ် ကုန်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ် ထားပြီး ရွေးကောက်ပွဲမတိုင်မီကာလမှာ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရဲ့ ထောက်ခံမှု ပိုမိုရရှိဖို့အတွက် ပြည်တွင်းမှာ  စည်းရုံး လှုံ့ဆော်မှုတွေ    ပြုလုပ်တာသာမက နေရပ်စွန့်ခွာ ဘင်္ဂါလီတွေကို အသုံးချပြီး ပြည်တွင်း/ပြည်ပက အထောက်အပံ့တွေ ရရှိလာစေဖို့အတွက် မြန်မာနိုင်ငံအပေါ် ထိုးနှက်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ကို တွေ့ရမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ခြေမရှိလို့ အဆန်းထွင် တဲ့ အကွက်တွေကို BNP က ပြုလုပ်ခဲ့ ပါတယ်။ သူ့နိုင်ငံမှာ   အကြမ်းဖက်မှု တွေ၊ အကျင့်ပျက်ခြစားမှုတွေပြုလုပ်လို့ လက်ရှိအစိုးရက ဖိအားပေးအရေးယူ ခံနေရချိန်မှာ နိုင်ငံတကာက   စိတ်ဝင် စားမှုမြင့်တက်နေတဲ့    မြန်မာနိုင်ငံမှာ ကာလရှည်ကြာဖြစ်ပေါ်ခဲ့တဲ့    ဘင်္ဂါလီ  တွေရဲ့ အရေးကိစ္စကို အကြောင်းပြုပြီး တော့ နိုင်ငံရေးအမြတ်ထုတ် စားပေါက် ထွင်တဲ့လုပ်ရပ်ကို လက်မခံ၊ ဆန့်ကျင် ရှုတ်ချလိုက်ပါတယ်။        ။

***