
နေပြည်တော် ဖေဖော်ဝါရီ ၁၅
မန္တလေးမြို့ အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင်အတွင်း ဆေးကုသ မှု လုံလောက်စွာမရရှိခဲ့ဘဲ ကျောက်ကပ်ရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ သေဆုံးသွားကြောင်း၊ ထောင်တွင်းဆေးရုံ၌ မည်သည့် ရောဂါမှန်း မသိဘဲ ကုသမှုခံယူနေရင်း နေမကောင်းလိုက်၊ ပြင်ပ ဆေးရုံပို့လိုက်၊ လုံခြုံရေး မပေးနိုင်ဘူးဆို၍ အကျဉ်းထောင်သို့ ပြန်ပို့လိုက်နှင့် ဖေဖော်ဝါရီ ၄ ရက်တွင် သေဆုံးသွားကြောင်း၊ အကျဉ်းထောင် တွင် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိကြောင်း Mizzima-News in Burmese Facebook Page မှ ဖေဖော်ဝါရီ ၇ ရက်က မဟုတ်မမှန် လုပ်ကြံ ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ အကျဉ်းသူ မယဉ်မိုးအား မြင်းခြံထောင်တွင် နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါနှင့် အမောဖောက်ရောဂါတို့ကြောင့် ထောင်ဆေးရုံ၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၁၀ ရက်အထိ ကုသပေး ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ သို့ ဇူလိုင် ၁၀ ရက်တွင် လွှဲပြောင်းကုသပေးခဲ့ ကြောင်း၊ မြင်းခြံပြည်သူ့ဆေးရုံမှ သမားတော်ကြီး များက မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး ကို ပြောင်းရွှေ့ကုသရန် မှတ်ချက်ပြုခဲ့ပြီး ဆေးရုံမှ ဇူလိုင် ၂၁ ရက်တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆေးဝါးကုသနိုင်ရန် မြင်းခြံ ထောင်မှ မန္တလေးထောင်သို့ ဩဂုတ် ၈ ရက်တွင် ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီး၌ ငါးကြိမ်အထိ တက်ရောက်ကုသပြီး သမားတော် ကြီးများ၏ ညွှန်ကြားချက်အတိုင်း ကုသဆောင် ရွက်ပေးခဲ့ကြောင်း၊ ဆေးရုံတင်ပို့ ကုသနေစဉ် ဖေဖော်ဝါရီ ၄ ရက်၌ ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးမသွားနိုင်ခြင်း ရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း မန္တလေးမြို့ အိုးဘိုထောင်မှ တာဝန်ရှိသူ က ပြောကြားခဲ့သည်။
မန္တလေးမြို့ အိုးဘိုထောင်မှ အကျဉ်းသူ မယဉ်မိုးသည် အများသူငါသွားလာသည့် လမ်းပေါ် ၌ တာယာကွင်းများအား ဓာတ်ဆီလောင်း၍ မီးရှို့ ခြင်း၊ ဆူပူအော်ဟစ်ခြင်း၊ အားပေးကူညီခြင်း ပြစ်မှု များဖြင့် ထောင်ဒဏ်ကျခံနေရသူ တစ်ဦးဖြစ်ပြီး အကျဉ်းထောင် ဥပဒေအရ ကျန်းမာရေး စောင့် ရှောက်မှုခံယူရန် လိုအပ်နေသည့် အကျဉ်းသားကို သက်ဆိုင်ရာ အကျဉ်းထောင်ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးကာ လိုအပ်ပါက ပြင်ပပြည်သူ့ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးလျက်ရှိသည့် အတွက် Mizzima-News in Burmese Facebook Page တွင် ဖော်ပြမှုသည် ပြည်သူလူထု ထင်ယောင် ထင်မှားဖြစ်စေရန် အဖျက်အမှောင့် ရည်ရွယ်ချက် ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ကြောင်း သိရသည်။
မိဟန်နီ