
နေပြည်တော် ဧပြီ ၁၁
မြင်းခြံဗဟိုအကျဉ်းထောင်တွင် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား နိုင်ဝင်းထွန်း ကို ထောင်ဦးစီးမှူးနှင့် ထောင်ဝန်ထမ်းများ က ဝိုင်းဝန်းရိုက်နှက်ပြီး ၅ ရက်အကြာတွင် သေဆုံးသွားကြောင်း Khit Thit အမည်ခံ Facebook Page တွင် မဟုတ်မမှန် သတင်း များ ဖော်ပြထားသည်ကို တွေ့ရသည်။
မြင်းခြံဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားဟူ၍မရှိဘဲ တည်ဆဲဥပဒေ တစ်ခုခုကို ချိုးဖောက်၍ ပြစ်ဒဏ်ကျခံနေရသူ များသာရှိပြီး အကျဉ်းသား နိုင်ဝင်းထွန်း(ခ) ဖားပြုတ် (ဘ) ဦးစန်းမောင်သည် အများ ပြည်သူ၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ် တို့ကို ပြင်းထန်စွာထိခိုက်စေမှု၊ အများပြည်သူ ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်ခဲ့သဖြင့် အကြမ်းဖက်ပုဒ်မ-၅၀(က) ဖြင့် ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချမှတ်ခံရသူဖြစ်သည်။
ဖြစ်စဉ်အား စိစစ်ရာ မတ် ၁၂ ရက်တွင် မြင်းခြံဗဟိုအကျဉ်းထောင်၌ အကျဉ်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ဝန်ထမ်းများ မှ အကျဉ်းသားများအား ရိုက်နှက်ခြင်းမရှိဘဲ အကျဉ်းသားများ ပြစ်မှုကျူးလွန်ပါက အကျဉ်း ထောင်လက်စွဲ ဥပဒေပါအတိုင်း လျှော့ရက် ဖြတ်တောက်ခြင်း၊ တိုက်ပိတ်ပြစ်ဒဏ်အပါ အဝင် တာဝန်ခံအရာရှိ၏ ခွင့်ပြုမိန့်ဖြင့်သာ အပြစ်ပေးလျက်ရှိကြောင်း သိရသည်။
အကျဉ်းသား နိုင်ဝင်းထွန်း (ခ) ဖားပြုတ် သည် အကျဉ်းထောင်ပြင်ပ၌ကပင် လေးဖက် နာကဲ့သို့ အဆစ်အမျက်များ ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်ဖောခြင်း၊ အဆုတ်ပွခြင်းများ ရှိကြောင်း၊ အကျဉ်းထောင် ဆေးခန်းတွင် ဆရာဝန်များက အနီးကပ်ကြီးကြပ်မှုဖြင့် ကုသပေးခဲ့ပြီး ချောင်းဆိုးစဉ် သွေးပါလာခြင်း၊ အသက်ရှူမဝခြင်း၊ မောကျပ်ခြင်းများရှိသဖြင့် မတ် ၁၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မြင်းခြံ ပြည်သူ့ဆေးရုံကြီးသို့ အကျဉ်းထောင် အစီအစဉ်ဖြင့် ပို့ဆောင်ဆေးဝါးကုသခဲ့သော် လည်း မတ် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မြင်းခြံဗဟိုအကျဉ်းထောင် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့အပြင် သေဆုံးအကျဉ်းသား နိုင်ဝင်း ထွန်း (ခ) ဖားပြုတ်၏ ရုပ်အလောင်းအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ရင်ခွဲစစ်ဆေး ချက် ဆေးမှတ်တမ်းအရ သေဆုံးသည့် ရောဂါ မှာ နှလုံးသွေးအားနည်းခြင်းကြောင့် သွေး လည်ပတ်မှု မမှန်သဖြင့် အဆုတ်သွေးကြော များအတွင်း သွေးအရည်များစုနှောင်ခြင်း ကြောင့် သေဆုံးခြင်းသာဖြစ်ပြီး ပယောဂ တစ်ခုခုကြောင့် သေဆုံးခြင်းမဟုတ်သဖြင့် Khit Thit အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူများထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးရေးသား ဖော်ပြ ထားခြင်းသာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
အေးပြည့်