
ရန်ကုန် မတ် ၁၈
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် (passport) လျှောက်ထားသူများ အနေဖြင့် မတ် ၂၁ ရက်မှ စတင် ပြီး Online Booking စနစ်ဖြင့် ရက်ချိန်းယူပြီးမှသာ ရုံးအတွင်းသို့ လာရောက်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထုတ်ပြန်ထားသည်။
Online Booking ရက်ချိန်း ရယူသူများအနေဖြင့် လျှောက် ထားသူတစ်ဦးချင်း၏ နိုင်ငံကူး လက်မှတ် လျှောက်ထားသူအမည်၊ အဘအမည်၊ မွေးနေ့ ကျား/မ စသည့် အချက်အလက်များအား website တွင် မှန်ကန်စွာ ဖြည့် သွင်း၍ ရက်ချိန်းရယူသူ၏ email သို့ ပေးပို့ထားသည့် Passport Online Appointment Letter အား Print ထုတ်ယူ၍ လည်း ကောင်း၊ Online Booking ပြုလုပ် သူ၏ မိုဘိုင်းဖုန်းတွင် QR ကုဒ် ပါရှိသည့် Screen အား သိမ်းဆည်း ၍သော်လည်းကောင်း ရက်ချိန်း ရယူထားသည့် မှတ်တမ်းကို ယူဆောင်လာပြီးမှသာ မြန်မာ နိုင်ငံကူးလက် မှတ်ထုတ်ပေးရေး ရုံး(ရန်ကုန်)သို့ လာရောက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ် ပေးရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် မြန်မာနိုင်ငံ ကူးလက်မှတ် လျှောက်ထားသူ ၂၅၂၀၀ ခန့်အား နေ့စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံကူးလက်မှတ် လျှောက်ထား သူများအနေဖြင့် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရခြင်း၊ ကိုဗစ်-၁၉ ရောဂါအန္တရာယ် စိုးရိမ်ရခြင်း များ လျော့နည်းလာစေရန်အတွက် Online Appointment စနစ်ဖြင့် Online Booking ရက်ချိန်းရယူ ပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက် လျှောက်ထားနိုင်သည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။
အာကာလင်း