နိုင်ငံခေါင်းဆောင်တာဝန်များ လူကိုယ်တိုင်ထမ်းဆောင်နိုင်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

 

ဝါရှင်တန် ဇူလိုင် ၂၆ 


ယခု           သီတင်းပတ်အဆုံးတွင် လူကိုယ်တိုင်   နိုင်ငံခေါင်းဆောင် တာဝန်များ ပြန်လည်ထမ်းဆောင် နိုင်တော့မည်ဖြစ်ကြောင်း အမေရိ ကန်သမ္မတ          ဂျိုးဘိုင်ဒင်က သတင်းထောက်များကို ဇူလိုင် ၂၅ ရက်က ပြောကြားလိုက်သည်။

 


လွန်ခဲ့သော ကြာသပတေးနေ့ က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့ သော အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်က အုပ်ချုပ်ရေးအရာရှိများနှင့် အွန်လိုင်း       အစည်းအဝေး၌ တွေ့ဆုံပြီးနောက် မိမိအနေဖြင့် အခြေအနေကောင်းမွန်နေပြီဖြစ်ကြောင်း    ပြောကြားခဲ့သည်။ ထို့အပြင်       အိမ်ဖြူတော်၌ သီးသန့်ခွဲခြားနေထိုင်လျက်ရှိစဉ် ကိုဗစ်-၁၉  အခြေအနေမှလည်း တိုးတက်ကောင်းမွန်လာပြီ   ဖြစ် ကြောင်း ၎င်းက ပြောသည်။ 

 


 ကိုဗစ်-၁၉ ကူးစက်ခံထားရ ကြောင်း အိမ်ဖြူတော်က ကြေညာ ချက်ထုတ်ပြန်လိုက်ချိန်ကတည်း က    ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင် သတင်းမီဒီယာနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

 


ဘိုင်ဒင်၏ ကိုဗစ်-၁၉ ရောဂါ လက္ခဏာကို  လုံးဝဖြေရှင်းနိုင် တော့မည်ဖြစ်ကြောင်း   အိမ်ဖြူ တော်သမားတော်        ဒေါက်တာ ကယ်ဗင်အိုကွန်နော်၏ နောက်ဆုံး ထုတ်ပြန်ဖော်ပြချက်အရ   သိရ သည်။        

            
    ဆင်ဟွာ