
နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန် ရေးဗဟိုကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် သည်။
တက်ရောက်
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အထူးဖိတ်ကြားထားသူများ ဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ပကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ အခြေအနေ များ၊ ဈေးကွက်အတွင်း နိုင်ငံခြားသုံးငွေအဆင်ပြေစွာ စီးဆင်းလည်ပတ် နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များသို့ နိုင်ငံခြား သုံးငွေ ရောင်းချပေးမှုအခြေအနေများ၊ ပြည်ပပို့ကုန် ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ထားရှိမှုကိစ္စများ၊ ပြည်ပပို့ကုန်ရငွေ များ လက်ဝယ်ကိုင်ဆောင်နိုင်မှု အချိန်ကာလသတ်မှတ်ချက်များ၊ ပြည်ပပို့ကုန်မြှင့်တင်ရေး နည်းလမ်းများနှင့် နိုင်ငံခြားသုံးငွေ ငွေလဲလှယ် နှုန်း လက်ရှိအချိန်တွင် မြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုးဖြစ်ပေါ် နေမှုကို ဖြေရှင်းနိုင်ရန်နှင့် ငွေကြေးတည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံတော်အစိုးရက ထိရောက်စွာ ကူညီဖြည့်တင်းဖြေရှင်းဆောင်ရွက် ပေးမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်