နိုင်ငံခြားသုံးငွေ လဲလှယ်နှုန်း မြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုးဖြစ်ပေါ်နေမှုကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရက ထိရောက်စွာကူညီဖြည့်တင်း ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်းများကို ဆွေးနွေး

 

နေပြည်တော်  စက်တင်ဘာ  ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ အစည်းအဝေးကို  ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။


အစည်းအဝေးသို့    ကုန်သွယ်မှုနှင့်   ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊  ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့်   စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာပွင့်ဆန်း၊   အထူးဖိတ်ကြားထား သူများဖြစ်ကြသည့်   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြား စီးပွား  ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး   ဦးအောင်နိုင်ဦး၊    ပြည်ထောင်စုစာရင်း စစ်ချုပ်   ဒေါက်တာ ကံဇော်နှင့်   မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ  ဦးသန်းညိန်းတို့  တက်ရောက်ကြ သည်။


အစည်းအဝေးတွင် ပြည်ပကုန်သွယ်မှုလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ဈေးကွက်အတွင်း နိုင်ငံခြား သုံးငွေ     အဆင်ပြေစွာ     စီးဆင်းလည်ပတ်နိုင်ရေး အတွက်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များသို့ နိုင်ငံခြားသုံးငွေ    ရောင်းချပေးမှုအခြေအနေများ၊ ပြည်ပပို့ကုန်ရငွေများ  အချိန်မီပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ထားရှိမှု ကိစ္စများ၊ ပြည်ပပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်နိုင်မှု အချိန်ကာလသတ်မှတ် ချက်များ၊ ပြည်ပပို့ကုန်မြှင့်တင်ရေး နည်းလမ်းများနှင့် နိုင်ငံခြားသုံးငွေ  ငွေလဲလှယ်နှုန်း  လက်ရှိအချိန်တွင် မြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေမှု ကို ဖြေရှင်းနိုင်ရန်နှင့် ငွေကြေးတည်ငြိမ်မှုရှိစေရေး အတွက်    နိုင်ငံတော်အစိုးရမှ   ထိရောက်စွာ   ကူညီ ဖြည့်တင်းဖြေရှင်းဆောင်ရွက်ပေးမည့် နည်းလမ်းများ ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်