
တိုကျို ဖေဖော်ဝါရီ ၂၈
ဂျပန်နိုင်ငံတွင် မတ် ၁ ရက်၌ နိုင်ငံခြားသားများ အတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ ဖြေလျှော့မပေးမီ ကျောင်းများနှင့် ကုမ္ပဏီများတွင် နိုင်ငံခြားသား များကို လက်ခံနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရ သည်။
ဝင်ရောက်ခွင့်ပြုရန် စီစဉ်ထား
အိုမီခရွန် ကူးစက်ပျံ့နှံ့မှုကိုတားဆီးရန်အတွက် နိုင်ငံခြားသား များ ပြည်ဝင်ခွင့်ကို ပိတ်ပင်ထားခဲ့ သည်။ ဂျပန်အစိုးရသည် နေ့စဉ် နိုင်ငံခြားသား ၅၀၀၀ နီးပါး နိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် အတွက် စီစဉ်ထားသည်။ လက်ရှိ တွင် တစ်နေ့လျှင် နိုင်ငံခြားသား ဝင်ရောက်ခွင့်ကို ၃၅၀၀သာ ခွင့်ပြု ပေးထားသည်။
လျှောက်လွှာလက်ခံလျက်ရှိ
ဂျပန် အာဏာပိုင်များသည် ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်၍ ကောလိပ်များနှင့် ကုမ္ပဏီများမှ လက်ခံလိုသည့် နိုင်ငံခြားသား များအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာ လက်ခံလျက်ရှိ သည်။
တိုကျိုမြို့ရှိ ဂျပန်စာသင် ကျောင်းတွင်မူ နိုင်ငံခြားသား ကျောင်းသား ၇၃၁ ဦးမှာ ဂျပန် နိုင်ငံသို့ ဝင်ရောက်ရန် အခက် ကြုံနေရကြောင်း၊ ၎င်းတို့မှာ ဂျပန် နိုင်ငံသို့ လာရောက်ရန် နှစ်နှစ် ကျော်ကြာ စောင့်ဆိုင်းနေရသည် ဟု အဆိုပါကျောင်းမှ ဝန်ထမ်းက ပြောသည်။
အင်န်အိတ်ချ်ကေ