နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR System) ဆိုင်ရာအကောင်အထည်ဖော်ရေးဗဟိုကော်မတီ စည်းဝေး

 

 ၂၀၂၂ ခုနှစ်  ဇူလိုင် ၂၀ ရက်အထိ  လျှောက်ထားသူနှင့်  မိသားစုအပါအဝင် စုစုပေါင်း ၇၂၆ ဦးရှိ

 

နေပြည်တော်  ဇူလိုင် ၂၁


မြန်မာနိုင်ငံတွင်    နိုင်ငံခြားသား   အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့်ပတ်သက်၍   နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း    (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော် ရေးဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား  လူတွေ့ မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့ နံနက်  ၁၀ နာရီက နေပြည်တော်ရှိ   လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 


PR နည်းဥပဒေနှင့်အညီဆောင်ရွက်


ရှေးဦးစွာ   ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက  မြန်မာနိုင်ငံတွင်  နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၂ ခုနှစ်  စက်တင်ဘာ ၁၉ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့်  စီးပွားရေးလုပ်ငန်းရှင်၊ အခြား နိုင်ငံသားခံယူထားပြီး  မိမိနိုင်ငံကို အထောက်အကူပြု မည့် မြန်မာနိုင်ငံသားဟောင်းနှင့်  မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူနိုင်ငံခြားသားဟူ၍  အမျိုးအစား လေးမျိုးဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ    ၂၀၂၂ ခုနှစ်  ဇူလိုင် ၂၀ ရက် အထိ     လျှောက်ထားသူနှင့်    မိသားစုအပါအဝင် စုစုပေါင်း ၇၂၆ ဦးရှိပြီး  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ  မိသားစုအပါအဝင်  ၆၄၈ ဦး ရှိပြီဖြစ်ကြောင်း၊   နိုင်ငံခြားသားအမြဲနေထိုင်ခွင့် စနစ်သည်    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊    နိုင်ငံ အတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြု သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ် အား PR နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူများအနက်   PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦး၊ လျှောက်ထားခြင်းကို ပြန်လည် ပယ်ဖျက်သူတစ်ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေအရ လေကြောင်းလိုင်းများ ပိတ်ထားခြင်း ကြောင့် ဗဟိုကော်မတီမှ  လူတွေ့စစ်ဆေးအကဲဖြတ် ရန် ကျန်ရှိသည့်  လျှောက်ထားသူ  ၃၉  ဦးနှင့် မိသားစု ၁၂ ဦး၊    ယခု    ထပ်မံလျှောက်ထားသူ  ၁၁  ဦးနှင့် မိသားစု ခုနစ်ဦး စုစုပေါင်း လျှောက်ထားသူ ၅၀  နှင့် မိသားစုဝင်  ၁၉ ဦး   စုစုပေါင်း ၆၉ ဦးရှိကြောင်း၊ ၎င်းတို့အနက် လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးသူ များနှင့်   ယခင်လူတွေ့စစ်ဆေးရန်    ကျန်ရှိသူများ အနက်မှ  လာရောက်ဖြေဆိုမည့်သူ  မိသားစုဝင်များ အပါအဝင် ၂၁ ဦးအား ယခုအစည်းအဝေးတွင် လူတွေ့ စစ်ဆေးအကဲဖြတ်    ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊   ယင်းသို့   ဆောင်ရွက်ရာတွင်လည်း အဓိကလျှောက်ထားသူ  ၁၂  ဦးကို  လူတွေ့စစ်ဆေး အကဲဖြတ်ဆောင်ရွက်မည်ဖြစ်ရာ   တက်ရောက်လာ ကြသည့် ဗဟိုကော်မတီဝင်များအနေဖြင့် လူတွေ့ မေးမြန်းအကဲဖြတ်ခြင်းကို    လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်စေရေးအတွက် ဝိုင်းဝန်းအကြံပြု သုံးသပ် အကဲဖြတ်    ဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

 


မေးမြန်းဆွေးနွေး


ထို့နောက်     ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက နိုင်ငံခြား သားအမြဲနေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍  လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊  အမြဲနေထိုင်ခွင့်စနစ် ဖြင့် ခွင့်ပြုဆောင်ရွက်ပေးမှုနှင့်  ဆောင်ရွက်ရသည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊ တာဝန်ခံ အရာရှိက  လက်ရှိလူတွေ့စစ်ဆေးအကဲဖြတ်မည့် PR လျှောက်ထားသူ  ၁၂ ဦး၊ မိသားစုဝင် ကိုးဦးတို့၏ ကိုယ်ရေးအချက်အလက်များ၊  လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ  စိစစ်ဆောင်ရွက်ခဲ့မှုနှင့် လူတွေ့ အကဲဖြတ် စိစစ်မည့်  အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီဝင်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြသည်။

 


အကဲဖြတ်အတည်ပြု


ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များက နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထား သူများကို တစ်ဦးချင်းတွေ့ဆုံကာ  ၎င်းတို့၏ကိုယ်ရေး အချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထား သည့် နည်းဥပဒေအပေါ်   သိရှိလိုက်နာဆောင်ရွက်ရေး နှင့်    တည်ဆဲဥပဒေများနှင့်အညီ   နေထိုင်နိုင်ရေး အခြေအနေများကို        မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။

 


ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီးသည်  PR လျှောက်ထားသူ  ၁၂ ဦးကို  ထပ်မံ တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင် ခွင့်စနစ်   (PR System)   ကျင့်သုံးခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်၊     PR    လျှောက်ထားမှုလုပ်ငန်းစဉ် အဆင့်ဆင့်၊    PR နည်းဥပဒေပြဋ္ဌာန်းမှုနှင့်    PR နည်းဥပဒေအပါအဝင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ များနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။

 


လူတွေ့အကဲဖြတ်စစ်ဆေးမည်


ယခုအစည်းအဝေးတွင် PR လျှောက်ထားသူ ၁၂ ဦးကို လူတွေ့အကဲဖြတ်စစ်ဆေးကာ ၎င်းတို့နှင့်အတူ လျှောက်ထားသည့်   မိသားစုဝင် ကိုးဦးအပါအဝင် စုစုပေါင်း ၂၁ ဦးအတွက် စစ်ဆေးအကဲဖြတ်ဆောင် ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့် သို့တင်ပြကာ  အတည်ပြုခွင့်ပြုသူများကို  နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဝန်ကြီး ဌာန၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  
 

သတင်းစဉ်