
နေပြည်တော် ဒီဇင်ဘာ ၈
မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွား ရောက် တာဝန်ထမ်းဆောင်ကြ မည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီးများမှ တွေ့ ဆုံ အမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန ဧရာဝတီခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင် ကြမည့် ဝန်ထမ်းများ တက် ရောက်ကြသည်။
အခမ်းအနားတွင် သံရုံး၊ အဖွဲ့ ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ တွင် သွားရောက်တာဝန် ထမ်း ဆောင်ကြမည့် အရာထမ်း၊ အမှု ထမ်းများက တစ်ဦးချင်းစီအနေ ဖြင့် ၎င်းတို့သွားရောက် တာဝန် ထမ်းဆောင်ရမည့် နိုင်ငံများကို မိတ်ဆက်တင်ပြကြသည်။
ထို့နောက် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ် ဝန်ချုပ်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာ ထမ်း၊ အမှုထမ်းများအားလုံးကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြု စကားပြောကြားလိုကြောင်း၊ နိုင်ငံ ၏ အချုပ်အခြာအာဏာ မဆုံးရှုံး စေရေးနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင် ရေးအတွက် နိုင်ငံခြားရေးဝန်ထမ်း များသည် Diplomacy is the first line of Defence ဆိုသည့် စကား ရပ်နှင့်အညီ သံခင်းတမန်ခင်း နည်းလမ်းတွေဖြင့် နိုင်ငံ၏ အချုပ် အခြာအာဏာကို ရှေ့တန်းမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ကြရသူများဖြစ်ကြောင်း၊ မိမိ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားပြီး ပေးအပ်သည့် တာဝန်များကို သစ္စာရှိရှိ တာဝန် ကျေပွန်စွာ ထမ်းရွက်ကြသည့် ဝန်ထမ်းများကို ဝန်ကြီးဌာနအနေ ဖြင့် လေးလေးနက်နက် စိစစ် သုံးသပ်ပြီးမှ ယခုကဲ့သို့ ရွေးချယ် တာဝန်ပေး စေလွှတ်ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် သွားရောက် တာဝန် ထမ်းဆောင်ကြမည့် သံတမန် ဝန်ထမ်းများအနေဖြင့် သံတမန်များ လိုက်နာဆောင်ရွက် ရမည့် အဓိကလုပ်ငန်းတာဝန် (၅) ရပ်ကို လိုက်နာတာဝန်ကျေ ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ အဓိက လုပ်ငန်းတာဝန် (၅) ရပ်အနေဖြင့် Representation (နိုင်ငံကို ကိုယ်စားပြုခြင်း) ၊ Protection (ကာကွယ် စောင့်ရှောက်ခြင်း)၊ Negotiation (စေ့စပ်ညှိနှိုင်းခြင်း)၊ Reporting (သတင်းအချက် အလက်များစုဆောင်း၍ ပြန်လည် တင်ပြအစီရင်ခံခြင်း) နှင့် Pro-motion (နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခြင်း) တို့ဖြစ်ကြောင်း၊ နိုင်ငံကို ကိုယ်စားပြုပြီး တာဝန် ထမ်းဆောင်ကြရမည် ဖြစ်သော ကြောင့် ဝန်ထမ်းသည် အမျိုးသား နိုင်ငံရေးကို သစ္စာရှိရန်၊ နိုင်ငံတော် ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု အပေါ် သစ္စာရှိရန်နှင့် မိမိဝန်ကြီး ဌာနအပေါ် သစ္စာရှိရန် အထူး မှာကြားလိုကြောင်း၊ နောက်ဆုံး အနေဖြင့် ဝန်ထမ်းများ အားလုံး ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်နှင့် ရောက်ရှိသည့်နေရာမှ ရရှိသည့် ဗဟုသုတများကို အကျိုးရှိစွာ အသုံးချနိုင်ရေး လေ့လာဆည်းပူး ကြပါရန် ပြောကြားသည်။
ထို့နောက် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ယနေ့အခမ်း အနားတွင် အချက် (၃) ချက် မှာကြားလိုကြောင်း၊ Be all with the Diplomat ကြံ့ကြံ့ခိုင်ခိုင်နှင့် အရာအားလုံးကို ရင်ဆိုင်နိုင်သည့် သံတမန်တစ်ယောက်ဖြစ်အောင် ကြိုးစားကြရန်ဖြစ်ကြောင်း၊ Be a good Diplomat သံတမန်ကောင်း တစ်ယောက်ဖြစ်အောင် နေထိုင် ကြရန်ဖြစ်ကြောင်းနှင့် Keep yourself fit for Duty ပေးအပ် သည့် တာဝန်များကို ကျေကျေ ပွန်ပွန် ထမ်းဆောင်နိုင်ရန် အမြဲတမ်းအသင့်ရှိနေရန် မှာကြား လိုကြောင်း၊ ယခုသွားရောက် တာဝန် ထမ်းဆောင်မည့်သူများ တွင် သံရုံးစာရေးမှစ၍ သံမှူးအထိ ပါဝင်ကြောင်း၊ မိမိအဆင့်အလိုက် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ရန် အမြဲတမ်းပြင်ဆင် လေ့ကျင့် ဖြည့်ဆည်းနေရန် လိုကြောင်း၊ နှစ်လိုဖွယ်ရှိပြီး ပုံရိပ်ကောင်းသည့် သံတမန်ကောင်းဖြစ်ရန်၊ Per-sonalilty ကောင်းသည့် ဝန်ထမ်း များဖြစ်ရန်နှင့် ကျန်းမာရေး ဂရုစိုက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်