နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ထိန်းသိမ်းထားရှိသည့် မော်ကွန်းမှတ်တမ်းများ လွှဲပြောင်းပေးအပ်

 

နေပြည်တော်   အောက်တိုဘာ   ၂၇


နိုင်ငံခြားရေးဝန်ကြီးဌာန     မော်ကွန်းနှင့်စာကြည့်တိုက်ဌာနစုတွင် ထိန်းသိမ်းထားရှိသည့် မော်ကွန်းမှတ်တမ်းများကို မော်ကွန်းမှတ်တမ်း များဥပဒေနှင့်အညီ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ  မော်ကွန်းမှတ်တမ်းများ   လွှဲပြောင်းပေးအပ်ခြင်းအခမ်း အနားကို ယနေ့ နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလ ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေး နှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မော်ကွန်းစံနှုန်းများ နှင့်ကိုက်ညီသည့် မှတ်တမ်း ၁၉၄၉ စောင်၊ ဓာတ်ပုံ ၆၆၇၂ ပုံနှင့် မြေပုံ ၈၈၄  ချပ်တို့ကို  အမျိုးသားမှတ်တမ်းများ   မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ      စနစ်တကျ    လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။                      
   

သတင်းစဉ်