
နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာနများမှ အရာထမ်းများအတွက် အင်္ဂလိပ်စာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြား သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ Nay-pyitaw State Academy (NSA)မှ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
ယင်းသင်တန်းများကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ မေ ၃၀ရက်မှ ဇူလိုင် ၂၁ ရက်အထိ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် မွန်းလွဲ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ ရက်သတ္တ ရှစ်ပတ်ကြာတစ်ပြိုင်တည်း သီးခြားစီ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အရာထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills ဖြစ်သည့် Reading၊ Writing၊ Listening ၊ Speaking Skills များမွမ်းမံလေ့ကျင့်ပေးခြင်း၊ ရုံးစာ ရေးသားမှုများဖြစ်သည့် Note Verbal ရေးသားနည်းများ၊ Speech ရေးသားနည်း များ၊ သဝဏ်လွှာရေးသားနည်းများ၊ Con-ference Meeting များ ပြင်ဆင်ဆောင်ရွက် ခြင်း စသည်တို့ကို လေ့ကျင့်သင်ကြားပေးခြင်းများနှင့် Intercultural comm- unication ဆိုင်ရာများ သင်ကြားပို့ချပေး ခြင်း၊ Group Presentation များဖြင့် လက်တွေ့လေ့ကျင့်ပေးခြင်း စသည်တို့ကို သင်ကြားပို့ချခဲ့ပြီး အမှုထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills စွမ်းရည်များ မြှင့်တင်ပေးခြင်းနှင့် Grammar များ မှန်ကန်စွာအသုံးပြုတတ် စေခြင်း၊ Communication Skills နှင့် Presentation Skills များ မြှင့်တင်ပေးခြင်း၊ ကိုယ်ရေးရာဇဝင်အကျဉ်း ဖြည့်စွက် ရေးသားခြင်း၊ Email ရေးသားခြင်း၊ Visa Form ဖြည့်စွက်ခြင်း၊ ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ Intercultu- ral Communication ဆိုင်ရာများ စသည် တို့ကိုလည်း သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနများမှ အရာထမ်းများနှင့် အမှုထမ်းများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ရေးသားပြောဆိုဆက်သွယ် ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ထိရောက်စွာအသုံးချနိုင်ရန် အတွက် လေ့ကျင့်သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်