နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်

နေပြည်တော် ဩဂုတ် ၁၂ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်း သား/သမီးများ ပညာ သင်ထောက်ပံ့ကြေး ပေးအပ်ခြင်း နှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက် အမှာစကားပြောကြားပြီး အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဝန်ထမ်း များ၊ ဆုရရှိသည့် ဝန်ထမ်းသား သမီးများ စုံညီစွာ တက်ရောက် ကြသည်။ အခမ်းအနားတွင် ပြည်ထောင် စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဝန်ထမ်းများ ၏ သားသမီးများအနက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံ ပညာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ထိ တက်ရောက် ပညာ သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၁၈၀ အတွက် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်