နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲက ခန့်အပ်လွှာ လာရောက်ပေးအပ်

 

နေပြည်တော် စက်တင်ဘာ ၉


နိုင်ငံခြားရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဦးဝဏ္ဏမောင်လွင်အား       ယနေ့နံနက် ၁ဝ နာရီတွင် အပြည်ပြည်ဆိုင်ရာ    ရွှေ့ပြောင်း    သွားလာရေးအဖွဲ့ (International Organization for   Migration- IOM)  ၏ မြန်မာနိုင်ငံဆိုင်ရာ    အကြီးအကဲ (Chief of Mission) အဖြစ် တာဝန် ထမ်းဆောင်မည့်  Mr.  Dragan Aleksoski က  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်  ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

 


အစည်းအဝေးသို့   နိုင်ငံခြားရေးဝန်ကြီးဌာနမှ     အဆင့်မြင့် အရာရှိကြီးများ   တက်ရောက်ခဲ့ကြသည်။    

               

သတင်းစဉ်