နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်    ဇွန်     ၂၀
ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ဇွန် ၁၉ ရက်က ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးသို့    တက်ရောက်ခဲ့သည့်     နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အဖွဲ့သည် ယနေ့ ည ၈ နာရီ ၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။


သတင်းစဉ်